Contact us :

09 780 008 080
MiniPro

Terms & Conditions for ATOM Power MiniPro

၁။ အခြေခံအချက်အလက်များနှင့် စျေးနှုန်း (Basic Product Specifications & Pricing)

  • (၁) စက်ပစ္စည်းအမည် (Device Name): MiniPro Pocket Wi-Fi (4G Portable Router)

  • (၂) စျေးနှုန်း : ၁၅၅,၀၀၀ ကျပ် (155,000 MMK) အခွန်ပါပြီး

  • (၃) ဘက်ထရီသက်တမ်း (Battery Life): ပုံမှန်အသုံးပြုမှုအခြေအနေအောက်တွင် ပျမ်းမျှ (၆) နာရီအထိ အသုံးခံသည်။ အသုံးပြုသည့် သုံးစွဲသူအရေအတွက်နှင့် ကွန်ရက်ဆွဲအားအပေါ် မူတည်၍ ဘက်ထရီသက်တမ်း ကွာခြားနိုင်သည်။

၂။ ဆင်းမ် ကတ်အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက် (SIM Compatibility)

  • (၁) ဤ ATOM Power MiniPro စက်ပစ္စည်းသည် အက်တမ် ဆင်းမ်ကတ်ဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားပြည်တွင်း မိုဘိုင်းအော်ပရေတာများ၏ ဆင်းမ် ကတ်များနှင့် အသုံးပြုနိုင်မည်မဟုတ်ပါ။

  • (၂) ATOM Power MiniPro စက်ဝယ်ယူရာတွင် ပရိုမိုးရှင်းအစီအစဉ်အရ အက်တမ် ဆင်းမ်ဖြင့်သာ အသုံးပြုနိုင်သော 30GB ဒေတာ ကို တစ်ကြိမ်သာ ပေးအပ်မည်ဖြစ်သည်။ အဆိုပါဒေတာအား Activation ပြုလုပ်သည့်နေ့မှစ၍ (၆၀) ရက်အတွင်းသာ အသုံးပြုနိုင်ပြီး သက်တမ်းကုန်ဆုံးပါက လက်ကျန်ဒေတာများကို ဆက်လက်အသုံးပြုနိုင်မည်မဟုတ်ပါ။

  • (၃) စက်ပစ္စည်းဝယ်ယူခြင်းအပေါ် မူတည်၍ ဒေတာပက်ကေ့ချ် ပါဝင်ခြင်း ရှိ/မရှိသည် ပရိုမိုးရှင်းအစီအစဉ်အပေါ်တွင်သာ မူတည်ပါသည်။

၃။ အာမခံချက်နှင့် ကန့်သတ်ချက်များ (6-Month Limited Warranty & Exclusions)

  • (၁) အာမခံသက်တမ်း (Warranty Period)

    • ဝယ်ယူသည့်ရက်စွဲမှစတင်၍ (၆) လတိတိ စက်ပစ္စည်းအာမခံ (Device Warranty) ပေးအပ်သည်။

  • (၂) အာမခံအကျုံးဝင်မှု (What is Covered)

    • စက်ရုံထုတ်လုပ်မှုပိုင်းဆိုင်ရာ ချို့ယွင်းချက်များ (Manufacturing Defects) နှင့် Hardware ပိုင်းဆိုင်ရာ ပြဿနာများအတွက်သာ အကျုံးဝင်သည်။

  • (၃) အာမခံအကျုံးမဝင်သည့်အချက်များ (Warranty Exclusions): အောက်ပါအခြေအနေများကြောင့် ပျက်စီးခြင်းများအတွက် အာမခံပေးအပ်မည်မဟုတ်ပါ-

    • ရေဝင်ခြင်း သို့မဟုတ် စိုထိုင်းဆကြောင့် ပျက်စီးခြင်း (Liquid Damage)။

    • ပြုတ်ကျခြင်း၊ ဖိမိခြင်း သို့မဟုတ် သုံးစွဲသူ၏ ပေါ့ဆမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးခြင်း (Physical/Cosmetic Damage)။

    • စက်ပစ္စည်းအား တရားဝင်မဟုတ်သော နည်းလမ်းဖြင့် ပြုပြင်မွမ်းမံခြင်း သို့မဟုတ် Firmware အား ဆော့ဖ်ဝဲလ်အမှားများ ထည့်သွင်းခြင်း (Software Rooting/Modifications)။

    • ATOM Shop မှတပါး တရားဝင်ခွင့်ပြုထားခြင်းမရှိသော ပြင်ပဆိုင်များတွင် စက်ပစ္စည်းအား ဖြုတ်ခြင်း၊ ပြုပြင်မှု ပြုလုပ်ထားခြင်း (Unauthorized Repair)။

၄။ စက်ပစ္စည်းလဲလှယ်ခြင်းနှင့် ပြန်အမ်းခြင်းဆိုင်ရာ မူဝါဒ (Replacement and Refund Policy)

  • (၁) စက်ပစ္စည်းဝယ်ယူပြီးပါက ငွေသားပြန်အမ်းပေးခြင်း (Cash Refund) လုံးဝပြုလုပ်ပေးမည်မဟုတ်ပါ။

  • (၂) ဝယ်ယူပြီးနောက် အာမခံသက်တမ်းကာလ အတွင်း စက်ရုံထုတ်လုပ်မှု ချို့ယွင်းချက်ကြောင့် စက် သို့မဟုတ် ဘက်ထရီများ အသုံးပြု၍မရပါက ATOM Shop များတွင် သက်ဆိုင်ရာစက်ပစ္စည်းအပိုများအား အခမဲ့ လဲလှယ်ခွင့်ရှိသည်။

၅။ ကွန်ရက်ဝန်ဆောင်မှုနှင့် မြန်နှုန်းဆိုင်ရာ ငြင်းချက် (Network Performance & Speed Disclaimer)

  • (၁) ဤစက်ပစ္စည်း၏ အင်တာနက်မြန်နှုန်း (Internet Speed) နှင့် လိုင်းဆွဲအား (Signal Strength) သည် အသုံးပြုသည့် ဒေသတွင်းရှိ 4G တာဝါတိုင်များ၏ အခြေအနေ၊ လျှပ်စစ်မီးရရှိမှု အကျပ်အတည်း (Power Outages)၊ ရာသီဥတုနှင့် တစ်ပြိုင်နက်တည်း သုံးစွဲသူအရေအတွက်တို့အပေါ် မူတည်၍ ကွာခြားနိုင်သည်။

  • (၂) လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မိုဘိုင်းတာဝါတိုင်များ လိုင်းဆွဲအား ကျဆင်းခြင်း သို့မဟုတ် ပြတ်တောက်ခြင်းများအတွက် ATOM Power Broadband မှ တာဝန်ယူမည်မဟုတ်ပါ။

၆။ သုံးစွဲသူမှတ်ပုံတင်ခြင်း မူဝါဒ (User Registration Policy)

  • (၁) ပြည်တွင်းဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဥပဒေအရ ဤစက်ပစ္စည်းတွင် အသုံးပြုမည့် ဆင်းမ် ကတ်အားလုံးသည် သုံးစွဲသူ၏ တရားဝင် မှတ်ပုံတင် (NRC) ဖြင့် စနစ်တကျ မှတ်ပုံတင်ထားပြီးဖြစ်ရမည်။

၇။ ဝန်ဆောင်မှုအကူအညီ ရယူခြင်း (Customer Support and Inquiries)

  • (၁) ဝန်ဆောင်မှုနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို မေးမြန်းလိုပါက ATOM Power Broadband Call Center ဖုန်းနံပါတ် 09780008080 (အခြား အော်ပရေတာ ဖုန်းဖြင့်) သို့မဟုတ် 8080 (ATOM ဖုန်းဖြင့်) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Power Fiber

Mini Pro

Notes for ATOM User

  • All internet services will be subject to commercial tax of 15%. 3000 On-net SMS fair usage policy applied for SMS benefit usage beyond daily fair usage policy will charge with standard rate.

© 2026 All rights reserved by ATOM Business.

Contact Us : + 959780008080 , 8080 ( ATOM User )