ATOM အိမ်သုံးကြိုးမဲ့ အင်တာနက် ၀န်ဆောင်မှု၏ စည်းကမ်းသတ်မှတ်ချက်များ ဤစည်းကမ်းသတ်မှတ်ချက်များသည် လူကြီးမင်း (သို့မဟုတ် သုံးစွဲသူ)နှုင့် မြန်မာ့နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ မှတ်ပုံတင်အမှတ် ၁၈၄၆၇၆၉၆၆ ဖြင့် မှတ်ပုံတင်၍ အမှတ် ၂၂၁၊ ဆူးလေဘုရားလမ်း၊ Level ၁၇၊၂၂၊၂၃၊ ကျောက်တံတား မြို့နယ် ရန်ကုန်မြို့လိပ်စာဖြင့် ဖွဲ့စည်းတည်ထောင်ထားရှိသော ATOM Myanmar Ltd.(သို့မဟုတ် ATOM )တို့ကြားတွင် တရားဝင်အတည်ဖြစ်၍ လိုက်နာရန်လိုအပ်သည့် သဘောတူညီချက်ဖြစ်သည်။ ATOM ၏ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုအား သုံးစွဲခြင်းဖြင့် သို့မဟုတ် ပေးချေခြင်းဖြင့် လူကြီးမင်းသည် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ကြောင်း နှင့် ဤစည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုနားလည် သဘောတူပြီးဖြစ်ကြောင်းကို ကိုယ်စားပြုရာရောက်ပါသည်။
သဘောတူညီချက်ကာလ
(၁) ဤစည်းကမ်းနှင့်အခြေအနေများ (“T&Cs”) သည် ATOM Power FlexiNet ဝန်ဆောင်မှု (“Services”) ကို ဝယ်ယူသည်နှင့် (သို့မဟုတ်) အသုံးပြုခြင်းစတင်သောအချိန်မှ အကျုံးဝင်မည်ဖြစ်ပြီး၊ ဤစည်းကမ်းနှင့်အခြေအနေများအတိုင်း ပယ်ဖျက်ခြင်း (terminated) ဖြစ်သည့်အချိန်အထိ တည်ရှိနေမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုကို “အသုံးပြုမှုစတင်နေ့ (Activation Date)” သည် မူရင်းစာရင်းသွင်းသည့်နေ့ (Registration Date) နှင့် တူညီသည်ဟု သတ်မှတ်ပါသည်။ ဤအချက်အပေါ်အခြေခံ၍ သုံးစွဲသူသည် ဝန်ဆောင်မှု ပယ်ဖျက်ခြင်းကို တောင်းဆိုလိုပါက ATOM Business Call Center (ဖုန်းနံပါတ် – 09780008080) သို့ ဆက်သွယ်၍ တောင်းဆိုနိုင်ပါသည်။
ဝန်ဆောင်မှု စတင်ခြင်း
(၁) ဝန်ဆောင်မှုနှင့်ပတ်သက်သည့် အသစ်ပြောင်းလဲသည့် သတင်းအချက်အလက်များကို ATOM Power Broadband ၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် လက်ခံရရှိမည်ဖြစ်ပါသည်။
(၂) ဤဝန်ဆောင်မှုသည် LTE/4G network ကွန်ယက် လွှမ်းခြုံထားသည့် သတ်မှတ်ထားသည့် နေရာများတွင်သာ အသုံးပြုနိုင်ပါသည်။
(၃) 4G network အသုံးပြုနိုင်သော စက်ပစ္စည်း (Device) ဖြင့်သာ ဝန်ဆောင်မှုကို သုံးနိုင်မည်ဖြစ်ပါသည်။
(၄) ဝယ်ယူခြင်းမပြုမီတွင် အသုံးပြုလိုသော နေရာကို စစ်ဆေးပြီးဖြစ်ကြောင်း သဘောတူကြောင်း ပြုလုပ်ရပါသည်။ ထို့နောက် powerbroadband.atom.com.mm ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝယ်ယူခြင်း (စာရင်းသွင်းခြင်း) ပြုလုပ်ရမည်ဖြစ်ပါသည်။
(၅) စာရင်းသွင်းရန်အတွက် သင်သည် ပုဂ္ဂိုလ်ရေးအချက်အလက်များ ဖြစ်သော ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာနှင့် ဝန်ဆောင်မှုအသုံးပြုရာလိပ်စာ တို့ ကို ပေးပို့ရန်လိုအပ်ပါသည်။ ATOM သည် သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို အသုံးပြုပြီး အသုံးပြုမှုအရည်အသွေး မြှင့်တင်ရန်၊ သို့မဟုတ် အခြား ဆက်သွယ်ရေးဝန်ဆောင်မှုများ တိုးတက်အောင် ပြုလုပ်ရန် အခွင့်အရေးရှိပါသည်။ ဤစည်းကမ်းနှင့်အခြေအနေများ (T&Cs) ကို သဘောတူခြင်းဖြင့် ပုဂ္ဂိုလ်ရေးအချက်အလက်များကို သက်ဆိုင်ရာ ဥပဒေအရ ဆက်လက် အကောင်အထည်ဖော်နိုင်ရန် သဘောတူလက်ခံကြောင်း အတည်ပြုသည်ဟု သတ်မှတ်ပါသည်။ ATOM သည် သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းချက်များအတိုင်း သင်၏ အချက်အလက်များကို သိမ်းဆည်း ထိန်းသိမ်းမည်ဖြစ်ပါသည်။
(၆) ဝက်ဘ်ဆိုက်တွင် ဖြည့်သွင်းသည့် ဝန်ဆောင်မှုအသုံးပြုရာလိပ်စာသည် ဝန်ဆောင်မှု အမှန်တကယ်အသုံးပြုသော လိပ်စာနှင့်တူညီရပါမည်။ သုံးစွဲသူသည် ဝန်ဆောင်မှု အသုံးပြုရာနေရာသည် “service location locked” ဖြစ်ကြောင်းသိရှိပြီး၊ လိုအပ်ပါက ဝန်ဆောင်မှုသက်တမ်းအတွင်း မည်သည့်အချိန်မဆို ATOM Business Call Center သို့ ဆက်သွယ်ကာ နေရာပြောင်းခြင်း (Relocation) တောင်းဆိုနိုင်ပါသည်။
(၇) ဝန်ဆောင်မှု စာရင်းသွင်းခြင်းအောင်မြင်ပြီးပါက သင်သည် အောက်ပါအရာများကို လက်ခံရရှိပါမည် –
4G Data SIM card တစ်ကဒ်
စတင်အသုံးပြုသူအတွက် သတ်မှတ်ထားသော Data plan package တစ်ခု
ငွေပေးချေမှုုစလစ် (အီးမေးလ် / SMS ဖြင့်)
(၈) သင်သည် လိုအပ်ပါက အောက်ပါအတိုင်း တောင်းဆိုနိုင်ပါသည် –
broadband.atom.com.mm ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝန်ဆောင်မှုအသုံးပြုရာနေရာပြောင်းခြင်း (Relocation Request) ပြုလုပ်နိုင်ပါသည်။ သို့သော် အဆိုပါ နေရာပြောင်းခြင်းတောင်းဆိုချက်သည် ATOM ၏ (Out of Coverage Area) ဖြစ်ပါက ATOM သည် နေရာပြောင်းခြင်း ပြုလုပ်ပေးရန် တာဝန်မရှိပါ။
သုံးစွဲသူပြုလုပ်ရန်အချက်အလက်များ
(၁) ATOM Power FlexiNet သို့မဟုတ် ATOM ဝန်ဆောင်မှု ကို အောက်ပါရည်ရွယ်ချက်များအတွက်သာ အသုံးပြုရမည်ဖြစ်ပြီး၊ အောက်ပါအချက်များကို လိုက်နာရန် တာဝန်ရှိပါသည်။
တရားဥပဒေနှင့်အညီခွင့်ပြုထားသော အသုံးပြုမှုများသာ ပြုလုပ်ရန်၊ (ဥပဒေချိုးဖောက်မှု မဖြစ်စေရန်)
ATOM ၏ စည်းမျဉ်းစည်းကမ်း (T&C) ပြောင်းလဲမှု သို့မဟုတ် အထူးညွှန်ကြားချက် မရှိပါက သင်၏ စာရင်းသွင်းသည့် အချက်အလက်များကို မပြင်ဆင်ရန်
ဝန်ဆောင်မှု အချက်အလက်များ (ဥပမာ – IMEI, Serial Number, Line Number စသည်) ကို ခွင့်မပြုထားသော ပုဂ္ဂိုလ်များထံ မမျှဝေပါနှင့်။ အချက်အလက်များ (ဥပမာ – IMEI, Serial Number, Line Number စသည်) ကို သုံးစွဲသူအကောင့် ပိုင်ဆိုင်မှုအထောက်အထားအဖြစ် အသုံးပြုမည်ဖြစ်ပါသည်။
Line နံပါတ်ကို နည်းပညာသုံး၍ မပြောင်းလဲပါနှင့်။
သင်၏ စာရင်းသွင်းထားသော SIM ကို ပြန်လည် ရောင်းချခြင်း၊ လွှဲပြောင်းခြင်း မပြုပါနှင့်။ ဤ SIM ကို သုံး၍ ဥပဒေပြင်ပ ဖောက်ဖျက်မှုများကို ပြုလုပ်ပါက သင်၏ တာဝန်သာဖြစ်င်ပါသည်။ SIM နှင့် ဝန်ဆောင်မှုကို စာရင်းသွင်းပြီး ၆လအတွင်း အသုံးပြုရမည်ဖြစ်ပါသည်။ ဤကာလအတွင်း အသုံးမပြုပါက ဝန်ဆောင်မှုကို ပယ်ဖျက်ပြီး၊ ဝန်ဆောင်မှုအသစ် အသုံးပြုရန် SIM အသစ် ထပ်မံ ဝယ်ယူရန် လိုအပ်ပါမည်။ ထို့အပြင် ဝန်ဆောင်မှု အသုံးပြုရာနေရာ (Service Location) နှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများအပေါ်လည်း တာဝန်ရှိပါသည်။
(၂) သင်သည် ဖုန်းနံပါတ်၊ ဝန်ဆောင်မှုလိပ်စာ စသည့် အကောင့်အချက်အလက်များ ပြောင်းလဲလိုပါက (ဥပမာ – SIM ဝယ်ယူပြီးနောက်) နေရာပြောင်းခြင်း (Relocation) နှင့် အကောင့်အချက်အလက် ပြန်လည်မွမ်းမံခြင်း — ကို ATOM ၏ ညွှန်ကြားချက်များ (ဥပမာ – ဝက်ဘ်ဆိုက် တစ်ဆင့်) အတိုင်း ပြုလုပ်ရန် တာဝန်ရှိပါသည်။
(၃) SIM ကို တတိယပုဂ္ဂိုလ်ထံ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်း ပြုလုပ်ပါက – သင်သည် ဝန်ဆောင်မှုအသေးစိတ်နှင့် SIM ၏ လုပ်ဆောင်နိုင်စွမ်းများကို တိကျစွာ ရှင်းပြရန် တာဝန်ရှိပါသည်။ အကယ်၍ ဝယ်သူ သို့မဟုတ် လက်ခံသူက ဝန်ဆောင်မှုအကြောင်းကို မသိရှိခြင်းကြောင့် ထိခိုက်မှုများ သို့မဟုတ် တောင်းဆိုမှုများ ဖြစ်ပေါ်ပါက သင်၏ တာဝန်သာရှိမည် ဖြစ်ပါသည်။
(၄) ATOM တွင် အောက်ပါအခြေအနေများဖြစ်ပေါ်ပါက ဝန်ဆောင်မှု သို့မဟုတ် SIM ၏ လုပ်ဆောင်ချက်များအား ရပ်ဆိုင်းခွင့်ရှိကြောင်း သဘောတူလက်ခံပါသည်။
ATOM ၏ ရပ်ဆိုင်းခြင်းအကြောင်းအရင်းများမှာ –
(၁) ဥပဒေအရ ရပ်ဆိုင်းရန် လိုအပ်သည့်အခါ ရပ်ဆိုင်းခြင်း
(၂) သင်က ဝန်ဆောင်မှုကို အသုံးပြုပြီး တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းများကို ထိခိုက်အန္တရာယ်ဖြစ်အောင် ပြုလုပ်နေသည့်အခါ ရပ်ဆိုင်းခြင်း
(၃) နိုင်ငံတွင်းရှိ တည်ဆဲ ဥပဒေများကို ချိုးဖောက်သည့်အခါ ရပ်ဆိုင်းခြင်း
(၄) ATOM သည် System Upgrade ပြုလုပ်ရန် လိုအပ်ပြီး၊ သက်ဆိုင်ရာ အသိပေးချက်ကို သင် သို့မဟုတ် လူအများထံ အသိပေးထားပြီး ရပ်ဆိုင်းခြင်း
(၅) ဤအခြေအနေများတွင် ATOM သည် ဝန်ဆောင်မှု သို့မဟုတ် SIM ၏ လုပ်ဆောင်ချက်များအား အချိန်အနည်းငယ် သို့မဟုတ် အပြီးအပိုင် ရပ်ဆိုင်းနိုင်ပါသည်။
မျှတစွာ သုံးစွဲခြင်း မူဝါဒ
(၁) ဤကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုအတွက် FUP ကိုအသုံးမပြုနိုင်ပါ။ သင်ဝယ်ယူထားသည့် အစီအစဉ် သို့မဟုတ်ပက်ကေ့ချ်၏ သက်တမ်းကုန်ဆုံးသည့်အခါ ဝန်ဆောင်မှုမှာ လုံးဝရပ်တန့်သွားမည်ဖြစ်သည်။ ထို့ကြောင့် ဝန်ဆောင်မှုကို ပြန်လည်အသုံးပြုရန် သို့မဟုတ် ထပ်မံတိုးရန်အတွက် ထပ်မံဝယ်ယူခြင်း ပြုလုပ်ရန်လိုအပ်ပါသည်။ ၎င်းသည် သင့် pre-paid မိုဘိုင်း SIM ကတ်ဝန်ဆောင်မှုနှင့်ဆင်တူသည်။
ဥပဒေနှင့် ATOM မူဝါဒ
(၁) တရားဥပဒေနှင့်ဆန့်ကျင်သော သို့တည်းမဟုတ် တရားမဝင်သော ရည်ရွယ်ချက်များအတွက် ဝန်ဆောင်မှုကို သုံးစွဲခြင်းမပြုဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်။ မြန်မာ့ဥပဒေများကို တစ်စုံတစ်ရာ ချိုးဖောက်သည့်ကိစ္စရပ်များအပြင် အောက်ပါ ကိစ္စရပ်များ အတွက်လည်း ဝန်ဆောင်မှုကို သုံးစွဲခြင်းမပြုရန် လူကြီးမင်းသဘောတူညီပါသည်။
ပေးပို့ခြင်း၊ လက်ခံခြင်း၊ ထုတ်ဝေခြင်း၊ ဖြန့်ဝေခြင်း၊ ပြန့်နှံ့စေခြင်း၊ ယင်းကို လက်ခံရန် အားပေးအားမြှောက်ပြုခြင်း၊ uploadတင်ခြင်း၊ downloadဆွဲခြင်း၊ သို့မဟုတ် ပုတ်ခတ်စော်ကားသော၊ ရုန့်ရင်းကြမ်းတမ်းသော၊ အသရေပျက်စေသော၊ ရိုင်းပျသော၊ မယဉ်ကျေးသည့် ပစ္စည်းတစ်စုံတစ်ရာကို အသုံးပြုခြင်း၊ တရားဥပဒေနှင့် ဆန့်ကျင်သော၊ အနှောက်အယှက်ပြုသော သို့မဟုတ် ခြောက်လှန့်ခြင်း၊ သို့မဟုတ် မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်ပိုင်ဆိုင်ခွင့်၊ ဉာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့်များ၊ လျှို့ဝှက် ချက်များ၊ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် သို့မဟုတ် တစ်စုံတစ်ဦး၏ အခြားမည့်သည့် အခွင့်အရေးများကိုမဆို ချိုးဖောက်ခြင်း
သင့်အနေဖြင့် ရုံး/corporate packages အစီအစဉ်အောက်တွင် ဝယ်ယူထားခြင်း မရှိဘဲ လုပ်ငန်းအတွက် ရည်ရွယ်ခြင်း
corporate package အောက်တွင်စီစဉ်ဝယ်ယူထားရှိမှုကို ပုံမှန် မဟုတ်သော လုပ်ငန်းအတွက် ရည်ရွယ်သုံးစွဲခြင်း
သဘောဆန္ဒတောင်းခံထားခြင်းမရှိသော အီးမေးလ်များ(unsolicited emails/ spam emails)၊ သို့မဟုတ် စာတိုသတင်းများ၊ ကြော်ငြာ သို့မဟုတ် အရောင်း မြှင့်တင်ရေးဆိုင်ရာကိစ္စများ၊ မည်သည့် ကုန်စည်များ သို့မဟုတ် ဝန်ဆောင်မှုများ ကိုမဆို ရောင်းချရန်ကမ်းလှမ်းခြင်း၊ သို့မဟုတ် စစ်တမ်းကောက်ယူမှုဆောင်ရွက်ခြင်း သို့မဟုတ် ယင်းတို့ကိုပေးပို့ခြင်း၊ ပြိုင်ပွဲများ သို့မဟုတ် အဆက်မပြတ်တရပ်စပ် စာပေးပို့ခြင်း သို့မဟုတ် uploadတင်ခြင်း
(ဗိုင်းရပ်များပါသော ဖိုင်များ၊ သို့မဟုတ် အခြားသောအလားတူ ဆော့ဖ်ဝဲ သို့မဟုတ် ပရိုဂရမ်များ အကန့်အသတ်မဲ့ အပါအဝင်)များကို ယင်းတို့သည် ATOM သို့မဟုတ် အခြားမည်သည့် အင်တာနက်သုံးစွဲသူ သို့မဟုတ် လူပုဂ္ဂိုလ်တို့မဆို ပိုင်ဆိုင်သော မည်သည့် ကွန်ပြူတာ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ(hard ware)တို့၏ စွမ်းဆောင်မှု၊ လုပ်ဆောင်မှုတွင်မဆို အနှောက်အယှက်ပြုခြင်း၊ ပျက်ပြားစေခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ကန့်သတ်ဟန့်တားမှုတို့ကို ဖြစ်ပွါးစေမည် သို့မဟုတ် ဖြစ်တန်စွမ်းရှိမည်ဟု သိရှိထားသော မည်သည့် အီလက်ထရွန်းနစ် အရာဝတ္ထု(electronic material) သို့မဟုတ် SMS /စာတိုသတင်းတို့ကိုမဆို တမင်ရည်ရွယ်၍ဖြစ်စေ သို့မဟုတ် ပေါ့လျော့ပျက်ကွက်သော အားဖြင့်ဖြစ်စေ ထုတ်လွှင့်ခြင်း သို့မဟုတ် uploadတင်ခြင်း
တစ်ပါးသူ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်များကို ကျူးကျော်သည့် လုပ်ရပ်များကို ဆောင်ရွက်စေခြင်း၊ ငြိုငြင်မှုကိုဖြစ်စေခြင်း၊ အနှောင့်အယှက်ပြုခြင်း သို့မဟုတ် မည်သူ့ကိုမဆို မလိုလားအပ်သော စိုးရိမ်မှုများ ဖြစ်စေခြင်း
Download ဆွဲခြင်း၊ တပ်ဆင်အသုံးပြုခြင်း သို့မဟုတ် ခိုးယူကူးချထားသော ဆော့ဖ်ဝဲများ သို့မဟုတ် သင့်လျော်မှန်ကန်သည့်နည်းဖြင့် ခွင့်ပြုထားခြင်းမရှိသည့် ဆော့ဖ်ဝဲများကို ဖြန့်ချီခြင်း၊
မူလပိုင်ရှင်/ဖန်တီးရှင်ဆိုင်ရာ ဖေါ်ပြချက်များ၊ တရားဥပဒေရေးရာ သတိပေး ချက်များ သို့မဟုတ် မူပိုင်ဖြစ်ကြောင်း ရေးသားဖေါ်ပြချက်များ သို့မဟုတ် upload တင်ထားသော မည်သည့် ဖိုင်များတွင်မဆို ခပ်နှိပ်ရေးထိုးထားသော တံဆိပ်များကို ဖျောက်ဖျက်ခြင်း သို့မဟုတ် ဆော့ဖ်ဝဲ သို့မဟုတ် အခြားအရာဝတ္ထုပစ္စည်းများ၏ မူလ သို့မဟုတ် အရင်းအမြစ်ကို အတုအပ ပြုလုပ်ခြင်းတို့ အပါအဝင် တရားမဝင် အခြားသော မည့်သည့် တတိယပုဂ္ဂိုလ်/အဖွဲ့အစည်း တို့၏ အခွင့်အရေးများကိုမဆို ချိုးဖောက်ရာရောက်သည့် ဆောင်ရွက်ချက်များကို ခွင့်ပြုပေးခြင်း
ကွန်ရက်အား ချွတ်ယွင်းပျက်ပြားစေခြင်း သို့မဟုတ် သတင်းအချက်အလက်၊ ဆော့ဖ်ဝဲနှင့် အချက်အလက်များကို ကွန်ရက်ပေါ်တွင် ထုတ်လွှတ်စေခြင်း၊ ပေးအပ်စေခြင်းငှာ ကြီးကြပ်ဆောင်ရွက်ခြင်း သို့မဟုတ် ATOM ၏ ကွန်ရက် သို့မဟုတ် ဝန်ဆောင်မှုတို့ကို အဟန့်အတား သို့မဟုတ် ဝင်ရောက်အ နှောင့် အယှက်ဖြစ်စေခြင်းငှာ မည်သည့်အရာကိုမဆို ခွင့်ပြုပေးခြင်း၊ ဖြစ်စေခြင်း
"ဝန်ဆောင်မှုကို ငြင်းပယ်စေခြင်း" ဖြင့်တိုက်ခိုက်ခြင်း၊ "စာပို့-ဗုန်းကြဲခြင်း"ဖြင့်တိုက်ခိုက်ခြင်း၊ "spam စာပို့ခြင်း" သို့မဟုတ် Mail bombing”၊ “Spamming” သို့မဟုတ် “Flooding” တိုက်ခိုက်မှုများ သို့မဟုတ် မူလပင်မ host ကိုတိုက်ခိုက်ခြင်း မပြုရပါ။
အလွန်အကျွံ သုံးစွဲမှုပြုခြင်း၊ သို့မဟုတ် ကွန်ရက်ပေါ်တွင် ပုံမှန်မဟုတ်သည့် ဝန်ထုတ်ဝန်ပိုး ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ဥပမာ။ ။ အလွန်ကြီးမားများပြားသော အီးမေးလ် သို့မဟုတ် စာတိုသတင်းများ သို့မဟုတ် မေးလ်တွင် အထူးကြီးမားလှသည့် နောက်ဆက်တွဲများထည့်၍ ပေးပို့ခြင်း
ကွန်ရက်တစ်ခု သို့မဟုတ် မူလပင်မ host ၏ သုံးစွဲသူအစစ်အမှန် ခွဲခြားစစ်ဆေးအတည်ပြုရေး သို့မဟုတ် လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လှည့်ဖျားရှောင်လွှဲခြင်း၊ သို့မဟုတ် လွဲမှားစေသော အချက်အလက် သို့မဟုတ် လွဲမှားစေသော အစီအစဉ်များ၊ ထရိုဂျန်(Trojan)၊ မည်သည့် ဗိုင်းရပ်စ်များကိုမဆို ဖန်တီး ပြုလုပ်ခြင်း၊ ထုတ်လွှင့်ခြင်း၊ သိုလှောင်ထားခြင်း သို့မဟုတ် ထုတ်ဝေပေးခြင်း
(၂) ယင်းတို့အပြင်၊ လူကြီးမင်းသည် -
port scanning ဆော့ဖ်ဝဲကို ATOM ၏ မည်သည့် ကွန်ရက်ပေါ်တွင်မှ လည်ပတ်လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ
မည်သည့် ကွန်ပြူတာစနစ်ကိုမဆို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ရန် ကြိုးပမ်းအားထုတ်ခြင်းမပြုရ
ATOM အပေါ်တွင် ဆိုးကျိုးသက်ရောက်စေသည့် လုပ်ကိုင်ဆောက်ရွက်မှု တစ်စုံတစ်ရာကိုမျှ တာဝန်ယူဆောင်ရွက်ခြင်း မပြုလုပ်ရ
(၃) ATOM သည် မြန်မာနိုင်ငံ ဆက်သွယ်ရေးဥပဒေ၊ စည်းမျဉ်းများနှင့် လိုင်စင်လိုအပ်ချက်များကို လိုက်နာမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ဝန်ကြီးဌာန (Regulator) မှ သတ်မှတ်ထားသော ဝန်ဆောင်မှုအရည်အသွေးစံနှုန်းများအပါအဝင် ဥပဒေများနှင့် စည်းမျဉ်းများအတိုင်း လုပ်ဆောင်မည်ဖြစ်ပါသည်။
ဝန်ဆောင်မှုမြန်နှုန်း နှင့် ရရှိနိုင်မှု
(၁) ဝန်ဆောင်မှုမြန်နှုန်း နှင့် လှိုင်းအကျယ်အဝန်း အတိုင်းအတာ(bandwidth)တို့ သင်ရွေးချယ်သုံးစွဲသော ဝန်ဆောင်မှု အစီအစဉ်အပေါ် တွင်မူတည်ပါမည်။ လူကြီးမင်းရရှိနိုင်မည့် အမြင့်ဆုံးမြန်နှုန်းမှာ ၄င်းနှင့်ကွန်ရက်ကြားတွင် ကေဘယ်ကြိုး သို့မဟုတ် ၀ိုင်ဖိုင်(Wifi)ဖြင့် ချိတ်ဆက်ခြင်း၊ လူကြီးမင်းအဆောက်အအုံရှိ နံရံကို ပြုလုပ်ထားသည့် ပစ္စည်းအမျိုးအစား၊ နှင့် လူကြီးမင်းအတွက် ဤသီးသန့်ချိတ်ဆက်မှုတွင် ပါဝင်နေသည့် သုံးစွဲသူအရေအတွက်တို့ အပါအဝင် သို့သော် ယင်းတို့မျှသာဟု ကန့်သတ်ထားခြင်းမရှိစေဘဲ၊ များစွာသော အချက်တို့အပေါ်တွင် မူတည်လျက်ရှိပါသည်။ ယင်းတို့အပြင် လူကြီးမင်း ဝင်ရောက်ရယူနေသော ဖိုင်များ သို့မဟုတ် သတင်းအချက်အလက်တို့၏ ပေါင်းစပ်ဖွဲ့စည်းပြုလုပ်ထားမှု၊ သုံးစွဲမှု၊ နှင့် အင်တာနက်တပြိုင်နက်သုံးစွဲနေမှုပမာဏ၊ လူကြီးမင်းနှင့်ဆက်သွယ်နေသော ဆာဗာ(server) နှင့် လူကြီးမင်းနှင့်အခြားသူများ ဆက်သွယ်ရန်သုံးစွဲနေသော ကွန်ရက်တို့ အပေါ်တွင်မူတည်၍ ရည်ညွန်းကာလ တစ်ခုတွင်လူကြီးမင်းရရှိနေသော မြန်နှုန်းသည် ပြောင်းလဲသွားနိုင်ပြီး လူကြီးမင်းရယူထားသောအမြင့်ဆုံးမြန်နှုန်းအောက်လည်း နည်းပါးသွားနိုင်ပါသည်။
(၂) အထက်ပါ အခြေအနေများအပေါ် အခြေခံ၍ လူကြီးမင်းသည် မည်သည့် သီးသန့် သတ်မှတ်မြန်နှုန်းတစ်ခုတွင် uploadတင်ပေးခြင်းသို့မဟုတ် download ဆွဲခြင်းကို ဆောင်ရွက်နိုင်လိမ့်မည်ဟု အတိအလင်းသော်လည်းကောင်း သို့တည်းမဟုတ် ယင်းကဲ့သို့ အဓိပ္ပါယ်သက်ရောက်စေ၍သော်လည်းကောင်း ATOM အနေဖြင့် အာမခံ သို့မဟုတ် ကတိ ပေးနိုင်ခြင်းမရှိပါ။ အကယ်၍ လူကြီးမင်းအနေဖြင့် ဝန်ဆောင်မှု၏ မြန်နှုန်းနှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက ATOM ၏ သုံးစွဲသူများဝန်ဆောင်မှုဌာန(customer service) ဖုန်း-၀၉၇၈၀၀၀၈၀၈၀ သို့ ကျေးဇူးပြု၍ ဆက်သွယ်စေလိုပါသည်။
ခေတ္တ ဆိုင်းငံ့ထားခြင်း၊ ဖြတ်တောက်ခြင်း သို့မဟုတ် ရပ်စဲခြင်း
(၁) အောက်ပါ အခြေအနေတို့တွင် ဝန်ဆောင်မှုကို အမြဲတမ်း သို့မဟုတ် ခေတ္တယာယီအားဖြင့် ဆိုင်းငံ့ထားခြင်း သို့မဟုတ် ဖြတ်တောက်ခြင်း သို့မဟုတ် ရပ်စဲခြင်းတို့ ပြုလုပ်ပိုင်ခွင့် ATOM ကရရှိထားသည်။
လူကြီးမင်းသည် ကွန်ပြူတာ သို့မဟုတ် မိုဘိုင်းဖုန်း သို့မဟုတ် ဝန်ဆောင်မှုများကို ဤစည်းကမ်းသတ်မှတ်ချက်များအောက်တွင် ခွင့်ပြုထားသည့်နည်းလမ်းများဖြင့် သုံးစွဲခြင်းမရှိဟု ATOM ကယင်း၏ တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်ဖြင့် ထင်မြင်ယူဆသည့်အခါတွင်
ဝန်ဆောင်မှုများကို ဝင်ရောက်ရယူသုံးစွဲရန် အသုံးပြုရသော သုံးစွဲသူဆိုင်ရာ သက်သေခံ အထောက်အထား သို့မဟုတ် စကားဝှက်ကို ခွင့်ပြုချက်မရှိဘဲ၊ တရားမဝင်၊ မမှန်မကန် သို့မဟုတ် လိမ်လည်လှည့်ဖျား သည့်နည်းလမ်းများဖြင့် ရရှိထားသည်ဟု ATOM ကယင်း၏ တစ်ဦးတည်း ဆုံးဖြတ်ပိုင်ခွင့်ဖြင့် ထင်မြင်ယူဆသည့်အခါတွင် လူကြီးမင်းသည် ဤစည်းကမ်းသတ်မှတ်ချက်များကို ကြီးလေးစွာချိုးဖောက်သည့်အခါ သို့မဟုတ် မလိုက်နာသည့်အခါ
ဝန်ဆောင်မှုအတွက် ကျသင့်သည့်ငွေအား လူကြီးမင်းတို့ ပေးချေမှုသည် ခိုးယူမှု ပုံစံအားဖြင့် သို့မဟုတ် အခြားနည်းအားဖြင့် တားမြစ်ထားသော သို့မဟုတ် မမှန်ကန် သော debitကဒ် သို့မဟုတ် credit ကဒ် ဖြင့် ပေးချေသည့်နည်းလမ်းကို သုံးစွဲ၍ လူကြီးမင်းမှ ပေးချေသည်ဟု ATOM ကယင်း၏ တစ်ဦးတည်း ဆုံးဖြတ်ပိုင်ခွင့်ဖြင့် ထင်မြင်ယူဆသည့်အခါတွင် သို့မဟုတ် အကယ်၍ credit ကဒ် သို့မဟုတ် debit ကဒ်ဖြင့် ပေးချေမှုကို နောင်ကာလတွင် ATOMထံမှ ပြန်လည် ကောက်ခံခြင်း ခံရသည့်အခါ
လူကြီးမင်း၏ router ပျက်စီးခြင်း၊ သို့မဟုတ် ပျောက်ဆုံးခြင်း သို့မဟုတ် ခိုးယူခံရသည်ဟု ATOM အား အကြောင်းကြားသည့်အခါ
လူကြီးမင်းက မည်သည့်ကိစ္စကိုမဆို ထိုသို့ပြုလုပ်ခြင်း သို့မဟုတ် ပြုလုပ်ရန် ခွင့်ပြု၍ ထိုသို့ပြုလုပ်ခြင်းသည် ဝန်ဆောင်မှု၏ လုံခြုံရေး သို့မဟုတ် လည်ပတ် ဆောင်ရွက်မှုကို ပျက်စီးစေမည် သို့မဟုတ် သက်ရောက်မှုရှိစေမည်ဟု ATOM ကယုံကြည်သောအခါ
လူကြီးမင်း ဒေဝါလီ ခံသောအခါ သို့မဟုတ် လူကြီးမင်း၏ ကြွေးရှင်များထံအပ်နှံရန် စီစဉ်ခံရသောအခါ သို့မဟုတ် လူကြီးမင်း၏ လုပ်ငန်းများ ဖျက်သိမ်းခံရသောအခါ သို့မဟုတ် စီမံအုပ်ချုပ်ခွင့်နှင့်စပ်လျဉ်းသည့် အမိန့်ချမှတ်ခံရသောအခါ သို့မဟုတ် လူကြီးမင်း၏ မည်သည့် ပိုင်ဆိုင်မှုများအပေါ်တွင်မဆို လွှဲပြောင်းလက်ခံရရှိမည့်သူ ခန့်အပ်ခြင်းခံရသောအခါ
ATOM က ဝန်ဆောင်မှုများကို လူကြီးမင်းထံသို့ အမြဲထာဝရ ပေးအပ်နိုင်ခြင်း မရှိတော့သောအခါ၊ သို့မဟုတ်
ဥပဒေ သို့မဟုတ် အာဏာပိုင်များ သို့မဟုတ် အရေးပေါ်အခြေအနေများက လူကြီးမင်းထံသို့ ဝန်ဆောင်မှု ပေးအပ်ရန် ATOMအား ခွင့်မပြုသည့်အခါ
(၂) လူကြီးမင်း၏ပြစ်ချက်ကြောင့်ဟု ATOMက ဆုံးဖြတ်ယူဆပြီး ဝန်ဆောင်မှု ခေတ္တဆိုင်းငံ့ထားရမည့် သို့မဟုတ် ရပ်စဲရမည့် ကိစ္စရပ်များတွင် လူကြီးမင်း အကောင့်တွင်ရှိသည့် မည်သည့် လက်ကျန်ပမာဏကိုမဆို လူကြီးင်းဆုံးရှုံးရမည်ဖြစ်သည်။ သို့သော်လည်း ခေတ္တဆိုင်းငံ့ထားရမည့် သို့မဟုတ် ရပ်စဲရမည့် ကိစ္စရပ်များသည် လူကြီးမင်း၏ပြစ်ချက်ကြောင့် မဟုတ်ခဲ့သည့်ကိစ္စရပ်တွင် ATOM သည် ဝန်ဆောင်မှုကို လူကြီးမင်းထံသို့ ပြန်လည် ချိတ်ဆက်ပေးရန် သင့်တော်သည့် ကြိုးပမ်းအားထုတ်မှုများကို ပြုလုပ်သွားပါမည်။ ထို့အပြင် ခေတ္တဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်းမတိုင်မီက လူကြီးမင်း၏အကောင့်ထဲတွင် ယ္ခင်ရှိသည့် လက်ကျန်ပမာဏအတိုင်း ပြန်လည်ရရှိအောင်လည်းပြုလုပ်ပေးသွားပါမည်။
ဆုံးရှုံးနစ်နာမှုများမှ ကာကွယ်ခြင်း
(၁) သက်ဆိုင်ရာ တောင်းခံမှုသည် အကျိုးအကြောင်းညီညွှတ်သည့်ဖြစ်စေ မညီညွှတ်ဖြစ်စေ၊ ATOM ၏ ပေါ့လျော့မှုကြောင့်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ နှင့် တတိယပုဂ္ဂိုလ်/အဖွဲ့ထံမှ တောင်းခံမှုပါရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဤစည်းကမ်းသတ်မှတ်ချုက်များအောက်တွင် လူကြီးမင်း၏ မည်သည့် ချိုးဖောက်မှု သို့မဟုတ် မည်သည့်တည်ဆဲ ဥပဒေများ အောက်တွင်မဆို ပေါ်ပေါက်၍ ဆန့်ကျင်တောင်းခံသော မည်သည့်သဘောသဘာဝရှိသော ရထိုက်ခွင့်များဖြင့် အခိုင်အမာတောင်းခံခြင်းအားလုံး၊ အရေးယူမှုများ၊ တရားစွဲဆိုမှုများ၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ၊ ပေးရန်တာဝန်များ၊ ဆုံးရှုံးမှုများ၊ ပေးချေဖြေရှင်းရခြင်းများ၊ တရားစရိတ်များ နှင့် ကုန်ကျမှုများ(သင့်တင့်မျှတသော ရှေ့နေကြေး နှင့် စရိတ်များ အပါအဝင် သို့သော် ကန့်သတ်ထားခြင်းမရှိ) ("တောင်းခံမှုများ") မှမဆို ATOM ၏ဝန်ထမ်းများ၊ အရာရှိများ၊ ဒါရိုက်တာများ၊ တဆင့်ခံစာချုပ်ချုပ်ဆိုထားသူများ(subcontractors)၊ ကိုယ်စားလှယ်များ၊ ရှယ်ယာရှင်များ(stockholders)၊ လက်အောက်ခံအဖွဲ့များ အပါအဝင် ATOM အား မည်သည့် အချိန်တွင်မဆို ထိခိုက်နစ်နာခြင်းမရှိစေရန် နှင့်ဆုံးရှုံးနစ်နာမှုမှ ကာကွယ်ကင်းလွတ်စေရန် ကတိကဝတ် ပြုတာဝန်ယူပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ
(၁) သုံးစွဲသူ၏သဘောတူညီမှုပုံစံ (CAF) ပေါ်တွင်ဖြည့်ထားသော သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို စနစ်တကျသိမ်းဆည်းထားပါသည်။ ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်များကို နိုင်ငံတကာစံနှုန်းနှင့်အညီ လုပ်ကိုင်ရာတွင်၊ သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ပိုမိုလုံခြုံစိတ်ချစွာ ထိန်းသိမ်းထားပြီးဖြစ်ကြောင်း သင့်လျော်သောအဆင့်များဖြင့် အတည်ပြုခဲ့ပါသည်။ ပုံမှန်အားဖြင့် မည်သည့်ဝန်ဆောင်မှုကိုမဆို သတင်းအချက်အလက်လုံခြု မှုများကို ပြန်လည်စစ်ဆေးကြည့်ရှုခြင်း၊ မိတ်ဖွဲ့အဖွဲ့ဝင်များနှင့် သဘောတူစာချုပ်များထားရှိခြင်းစသော အဆင့်များစွာပါ၀င်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များအားလုံးကို မြန်မာနိုင်ငံ၏ တည်ဆဲတရားဥပဒေများနှင့်အညီ၊ နိုင်ငံတကာ မှ လက်ခံနိုင်သောအတွေ.အကြုံကောင်းများနှင့်အတူ စီမံဆောင်ရွက်ထားပါသည်။
(၂) လူကြီးမင်းမှ ATOM သို့ပေးပို့ထားသော သတင်းအချက်အလက်တို့ကို အောက်ပါတို့အတွက်ရည်ရွယ်၍ ATOM နှင့် ၄င်းတို့၏ မည်သည့် လက်အောက်ခံအဖွဲ့အစည်းတို့ကမဆို သုံးစွဲခွင့်ရှိသည်ဟု လူကြီးမင်းကိုယ်တိုင် သိရှိပြီးသည့်အလျောက် ရှင်းလင်းပြတ်သားစွာ သဘောတူညီပါသည်။
သင့်အကောင့်ကို စီမံခန့်ခွဲရန်၊ သုံးစွဲသူများအတွက် ရှင်းလင်း ပြန်ကြားပေးရေး လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်ရန်၊ ကျွန်ုပ်တို့၏ ၀န်ထမ်းများအား သင်ကြား ပို့ချရန် (ဖုန်းခေါ်ဆိုခြင်းနှင့် သင်တို့ပေးပို့လိုက်သော အီးမေးလ်(သို့မဟုတ်) မက်ဆေ့ချ် များကို ကြီးကြပ်ခြင်းဆိုင်ရာများ ပါ၀င်သော သင်တန်းများတွင်)
ကွန်ရက်၏ အရည်အသွေးနှင့် လုံခြုံစိတ်ချရမှုအား စောင့်ကြည့်ရန်၊ အိုင်တီ နည်းစနစ်များကို စမ်းသပ်စစ်ဆေးရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန်။
ကျွန်ု ပ်တို့၏ ၀က်ဘ်ဆိုက်ကို သင်အသုံးပြုမှုနှင့် သင့်အသုံးပြုမှုဆိုင်ရာ အချက်အလက်များ အပါအဝင်၊ သုံးစွဲမှုများအပါ၀င် သို့ရာတွင် ယင်းတို့ကသာဟုကန့်သတ်ထားခြင်း မရှိဘဲ စျေးကွက်ဖော်ဆောင်ရေး ရည်ရွယ်ချက်များအတွက် သင်တို့၏ ၀န်ဆောင်မှုသုံးစွဲခြင်းများကို လေ့လာဆန်းစစ်ရာတွင်
ATOM Global Privacy Notice တွင် ထုတ်ပြန်ထားသော ATOM ၏ ပုဂ္ဂိုလ်ရေး အချက် အလက်ဆိုင်ရာ ကြေညာစာတွင် ဆက်လက် ဖေါ်ပြထားသကဲ့သို့သော အခြားသော သုံးစွဲခြင်းများ
စည်းကမ်းသတ်မှတ်ချက်များကို ပြင်ဆင်ချက်များ
(၁) ဤစည်းကမ်းသတ်မှတ်ချက်များကို မည်သည့်အချိန်တွင်မဆို ATOM ကပြင်ဆင်နိုင်ပါသည်။ ပြင်ဆင်ချက်များအား သင့်တော်သည့်နည်းလမ်းများဖြင့် ATOM မှ လူကြီးမင်းအား အကြောင်း ကြားပါမည်။ အကယ်၍ ပြောင်းလဲပြင်ဆင်ချက်များကို သဘောမတူညီပါက ATOM ထံသို့ အကြောင်းကြား၍ ဝန်ဆောင်မှုသုံးစွဲခြင်းကို လူကြီးမင်းရပ်စဲနိုင်ပါသည်။ အကြောင်း ကြားပြီးနောက် ဆက်လက်သုံးစွဲခြင်းသည် အဆိုပါပြောင်းလဲပြင်ဆင်ချက်များကို လူကြီးမင်းက သဘောတူညီပြီးဖြစ်သည်ဟု နားလည်မှတ်ယူပါမည်။
အထွေထွေကိစ္စရပ်များ
(၁) ATOM သည် မည်သည့်အချိန် မည်သည့် တတိယပုဂ္ဂိုလ်/အဖွဲ့ ထံသို့မဆို ဤသဘော တူညီချက်ကို လွှဲပြောင်းပေးပိုင်ခွင့်ရှိသည်။ ATOM၏ စာဖြင့်ရေးသားခွင့်ပြုချက်ဖြင့် လူကြီးမင်းတွင်လည်း ဤသဘောတူညီချက်ကို လွှဲပြောင်းပေးပိုင်ခွင့်ရှိသည်။
တိုင်တန်းချက်များ/အငြင်းပွါးမှုများကို ဖြေရှင်းခြင်း
(၁) လူကြီးမင်းတွင် မကျေနပ်ချက်တစ်စုံတစ်ရာရှိပါက၊ ATOM Business Call Center နံပါတ်- +959780008080 သို့ ကျေးဇူးပြု၍ ဆက်သွယ်အကြောင်းကြားစေလိုပါသည်။
(၂) ATOM နှင့် လူကြီးမင်းကြားတွင် တစ်စုံတစ်ရာ အငြင်းပွါးဖွယ်ရာကိစ္စရပ်ရှိပါက ပြေလည်စွာဖြင့်အတူဖြေရှင်းနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ အကယ်၍ အငြင်းပွါးမှုကို ပြေလည်စွာမဖြေရှင်းနိုင်ခဲ့ပါက ယင်းကိစ္စကို တရားရုံးတော်တွင် အဆုံးအဖြတ်ခံယူရပါမည်။
© 2026 All rights reserved by ATOM Business.
Contact Us : + 959780008080 , 8080 ( ATOM User )