Contact us :

09 780 008 080

အက်တမ်၏ “ကံထူးရင်းကံမြူး၊သိန်းသောင်းချီဆွတ်ခူး”

နှစ်သစ်မှာ စုစုပေါင်းငွေသားကျပ်သိန်း (၁၂,၀၀၀) ပိုင်ဆိုင်နိုင်ပြီး စိတ်ကူးအိမ်မက်တွေ အကောင်အထည်ဖော်ဖို့ အက်တမ်ရဲ့ ကံထူးရင်းကံမြူး အစီအစဥ်ကြီး ယူဆောင်လာပါပြီ!

ATOM ရဲ့ အကြီးမားဆုံး “ကံထူးရင်းကံမြူး၊ သိန်းသောင်းချီဆွတ်ခူး” အစီအစဉ်ကြီးမှာ တစ်နှစ်ပတ်လုံး ပါဝင်ပြီး စုစုပေါင်းငွေသားကျပ်သိန်း (၁၂,၀၀၀) ဆုကြီးတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆုလက်ဆောင်တွေကို ဆွတ်ခူးရယူဖို့ ... အက်တမ်းဖုန်းနံပါတ်ဖြင့် စာရင်းပေးသွင်းထားသော ATOM Power Broadband အသုံးပြုသူများသည် ကြိုက်နှစ်သက်ရာ channel ကနေ ၉၉၉ ကျပ်နှင့်အထက် ပက်ကေ့ချ်တစ်ခုခု ဝယ်ယူလိုက်ရုံပါပဲ။ ဒါ့အပြင် 'Angel Hours' အတွင်း ပက်ကေ့ချ်၀ယ်ယူသူတိုင်းအတွက်  ကံထူးခွင့်လက်မှတ် (၂) ဆ တောင် ရရှိဦးမှာဖြစ်လို့ အခုပဲ ပါဝင်လိုက်ရအောင်!

“အထူးဆုကြီး”

(၃) လတစ်ကြိမ် ကံထူးရှင်(၃) ဦးရွေးချယ်ပြီး

သိန်း ၁၀၀၀ ကျပ် - (၃) ဆု

အက်တမ်ဖုန်းဘေလ် (၁) သိန်း – (၃၀၀) ဆု

(ကံထူးခွင့်လက်မှတ် အများဆုံးရရှိသူ အယောက် ၃၀၀ တိတိ)

“ထပ်ဆောင်း အကျိုးခံစားခွင့်များ”

🎁 အပတ်စဉ် ကံထူးရှင် ၅ ဦးအတွက် - ဖုန်းဘေလ် ၁ သိန်းကျပ်စီ

🎫 Angel Hours တွေမှာ ကံထူးခွင့် (၂) ဆ - သတ်မှတ်ချိန်များဖြစ်သော (⏰၁၁:၁၁၊ ၁:၁၁၊ ၂:၂၂၊ ၃:၃၃၊ ၄:၄၄၊ ၅:၅၅ စသဖြင့်) အချိန်များတွင် ဝယ်ယူပါက ကံစမ်းမဲလက်မှတ် (၂) ဆ ရရှိပါမည်။

⭐ ဝယ်ယူမှုတိုင်းတွင် အပိုထပ်ဆောင်း ATOM Star ၅ ပွိုင့် လဲရရှိပါမည်။

"များများဝယ်လေလေ၊ လက်မှတ်တွေ ပိုရလေလေ ... ကံထူးဖို့ အခွင့်အရေး ပိုများလေလေပဲနော်"

အခုပဲဝယ်ယူရန် (powerbroadband.atom.com.mm)

လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ

  • (၁) ဤအက်တမ်၏  အထူးပရိုမိုးရှင်း အစီအစဉ်တွင် အက်တမ်  စီးပွားရေးသုံး ကြိုတင်ငွေပေး ဆင်းကဒ် (Prepaid SIM ကဒ်) (သို့မဟုတ်) အက်တမ်မိုဘိုင်း ကြိုတင်ငွေပေး သုံးစွဲသူများ နှင့် အက်တမ် ပါဝါ ဘရော့ဘန် (ATOM Power Broadband) သုံးစွဲသူများ သာ ပါဝင် ကံစမ်းနိုင်ပါသည်။
  • (၂) ATOM မိုဘိုင်းနံပါတ်ဖြင့်မှတ်ပုံတင်ထားသော ATOM Broadband သုံးစွဲသူများသည်  အက်တမ် ၏ အထူးပရိုမိုးရှင်း အစီအစဉ်တွင် ပါဝင်ခွင့်ရှိပါသည် (“သုံးစွဲသူများ”)။ အခြား မိုဘိုင်းအော်ပရေတာများ၏ နံပါတ်များဖြင့် မှတ်ပုံတင်ထားသော သုံးစွဲသူများ သည် ယခု ပရိုမိုးရှင်းတွင် ပါဝင်ခွင့်မရှိပါ။ မှတ်ပုံတင်ထားသော  အက်တမ် ဖုန်းနံပါတ်ဖြင့် ဝယ်ယူမှုအတွက် အတည်ပြုနိုင်သည့် ဝန်ဆောင်မှု များ တွင် Fiber, Wireless နှင့် Flexi Net ကဲ့သို့သော ဘရော့ဘန် (Broadband) ဝန်ဆောင်မှု များ  ပါဝင်သည်။ ယခုဝယ်ယူရန် - powerbroadband.atom.com.mm
  • (၃) တရားဝင်  အက်တမ် ဝက်ဘ်ဆိုဒ် သို့မဟုတ် အက်တမ် Store app မှတဆင့် မှတ်ပုံတင်ထားသော အက်တမ် မိုဘိုင်းနံပါတ်ကိုသာ Broadband ဝန်ဆောင်မှုများ၏ တရားဝင်ပိုင်ရှင်အဖြစ် အသိ အမှတ်ပြုပါမည်။ အသုံးပြုသူအမှန်ဖြစ်ခြင်း မဖြစ်ခြင်းနှင့်ပတ်သက်သည့် အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပွားပါက ဝန်ဆောင်မှုရယူရန် မှတ်ပုံတင်ထားသော အက်တမ် နံပါတ်ကိုသာ ပိုင်ရှင်ဖြစ်ကြောင်းအတည်ပြုပါမည်။
  • (၄) ယင်း အက်တမ်ဆင်းကဒ်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ရပ် အရ တရားဝင်မှတ်ပုံတင်ထားပြီး ဖြစ်ရပါမည်။ (သို့မဟုတ်)  ATOM မှ ကံထူးရှင်များ၏ အက်တမ်ဆင်းကဒ်အား အမှန်တကယ်ပိုင်ဆိုင်မှု၊  လက်ရောက်ပိုင်ဆိုင်မှု နှင့် အခြားမဖြစ်မနေ မေးမြန်းရမည့် မေးခွန်းတို့အား  စစ်ဆေး၊ မေးမြန်းနိုင်သည့် လုပ်ငန်းစဉ်အား ပြုလုပ်ဆောင်ရွက်နိုင်သည့် အခွင့်အာဏာ ရှိပါသည်။ ထိုသို့  အမှန်တကယ်ပိုင်ဆိုင်မှု နှင့် လက်ရောက်ပိုင်ဆိုင်မှု တို့အား အက်တမ်၏  ကျေနပ်မှု ရှိမှသာလျှင် ကံထူးရှင်များအား အထူးဆုကြီးများ နှင့် အပတ်စဉ်ကံထူးဆုများ (သို့မဟုတ်) ဤအထူးပရိုမိုးရှင်း အစီအစဉ်မှ ပေးအပ်သောဆုများအား ပေးအပ်ရန် ကမ်းလှမ်းနိုင်သည်။ ယင်းသို့ စစ်ဆေး၊ မေးမြန်းခြင်းအား အက်တမ်၏  အကျိုးအကြောင်းဆီလျော်သော ကျေနပ်မှု မရှိပါက အက်တမ်မှ ကံထူးရှင်များအား အထူးဆုကြီးများ နှင့် အပါတ်စဉ်ကံထူးဆုများ (သို့မဟုတ်) ဤအထူးပရိုမိုးရှင်း အစီအစဉ်မှ ပေးအပ်သောဆုများအား ပေးအပ်ခြင်းအား ငြင်းပယ်နိုင်သည်။
  • (၅) ဤအထူးပရိုမိုးရှင်း အစီအစဉ်အား အက်တမ်မှ ဝန်ထမ်းများ၊ မိတ်ဖက်များနှင့် မိသားစုဝင်များ၊ အက်တမ် အက်ပလီကေးရှင်းအား အသုံးပြုနေသော အရောင်းကိုယ်စားလှယ်များ ကို ပါဝင်ကံစမ်းခွင့်မပြုပါ။ အစီအစဉ်ကျင်းပနေသည့် မည်သည့်အချိန်တွင်မဆို ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိသူများအား အက်တမ်မှ တစ်ဦးတည်း ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိသည်။
  • (၆) ဤအထူးပရိုမိုးရှင်း အစီအစဉ်တွင် ပါဝင်ရန် ကြိုက်နှစ်သက်ရာ channels မှ ၉၉၉ ကျပ်နှင့်အထက် မည့်သည့် အက်တမ် ပက်ကေ့ချ်ကို မဆို နှစ်သက်ရာ နည်းလမ်း (သို့) POS, Banking, e-Wallets channels များမှတစ်ဆင့် (သို့) ဖုန်းဘေလ်လက်ကျန် (သို့) အက်တမ်ကြိုသုံး လက်ကျန်ကို အသုံးပြုပြီး ဝယ်ယူရန်လိုအပ်ပါသည်။
  • (၇) ယခု အထူးပရိုမိုးရှင်း အစီအစဉ် ကျင်းပနေသည့်ကာလအတွင်း ATOM Prepaid သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာ channels (ATOM Store App, USSD, Eload & POS Store, Kwat Ti Po Ya *1#, IVR, SMS, ATOM  Website, iPCN, iBCN) မှ ကြိုက်နှစ်သက်ရာ ၉၉၉ ကျပ်နှင့်အထက် ပက်ကေ့ချ်များအား ဝယ်ယူရန် လိုအပ်ပြီး၊ ထိုသို့ ဝယ်ယူသူတိုင်း အတွက်သာ ကံစမ်းမဲအစီအစဉ်ဖြစ်သည့် အက်တမ်၏ “ကံထူးရင်းကံမြူး၊ သိန်းသောင်းချီဆွတ်ခူး” အထူးပရိုမိုးရှင်း အစီအစဉ်တွင် ကံစမ်းခွင့်ကို အထူးဆုများနှင့် အပတ်စဉ် ချီးမြှင့်သည့် ဆုများ (သို့မဟုတ်) ဤ အထူးပရိုမိုးရှင်း အစီအစဉ်မှ ပေးအပ်သောဆုများ အဖြစ် ရယူနိုင်ပါသည်။ ဤ အထူးပရိုမိုးရှင်း  အစီအစဉ်အတွက် ကျင်းပသောကာလမှာ - (၁၅ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၆ ခုနှစ်) မှ (၃၁ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၆ ခုနှစ်) နေ့အထိ  ဖြစ်ပါသည်။  အက်တမ်မှ ယင်း အထူးပရိုမိုးရှင်း အစီစဉ်အတွက် ကျင်းပသောကာလအား မည်သည့်အချိန်တွင်မဆို သက်တမ်းတိုးနိုင်၊ လျှော့နိုင် ပါသည်။
  • (၈) ဤအထူးပရိုမိုးရှင်း အစီအစဉ်တွင် ဘရော့ဘန် (Broadband) သုံးစွဲသူများသည်  မည်သည့် နည်းလမ်း channels မှ မဆိုငွေပေးချေမှုအားပြီး မြှောက်အောင် ဆောင်ရွက်ရပါမည်။ ATOM Power Fiber သုံးစွဲသူအသစ်များ ပါဝင်နိုင်ရန်အတွက် မည်သည့် ဘရော့ဘန် (Broadband) ပက်ကေ့ချ်ထုတ်ကုန်အား ဝယ်ယူမှုတွင် ပြီးမြှောက်အောင် တပ်ဆင်၊ အတည်ပြုပြီးမှသာ ပါဝင်နိုင်ပါမည်။
  • (၉) အလားတူပင် ၉၉၉ ကျပ်တန် နှင့်အထက် ကြိုက်နှစ်သက်ရာ အက်တမ်ပက်ကေ့ချ် ဝယ်ယူမှု တိုင်းအတွက် ကံစမ်းခွင့် တစ်စောင်ကို ရရှိထားမည်ဖြစ်သည်။ ရရှိနိုင်သော လက်မှတ် အရေအတွက် အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

    အကျုံးဝင်သည့် ပက်ကေ့ချ်ဝယ်ယူမှုနှုန်းထားများ (ကျပ်) | ရရှိနိုင်မည့် လက်မှတ်အရေအတွက်

    • ၉၉၉ ကျပ် - ၁,၉၉၈ ကျပ် ၁ စောင်
    • ၁,၉၉၈ ကျပ် - ၂,၉၉၇ ကျပ် ၂ စောင်
    • ၂,၉၉၇ ကျပ် - ၃,၉၉၆ ကျပ် ၃ စောင်
    • ၃,၉၉၆ ကျပ် - ၄,၉၉၅ ကျပ် ၄ စောင်
    • ၄,၉၉၅ ကျပ် - ၅,၉၉၄ ကျပ် ၅ စောင်
    • ၅,၉၉၄ ကျပ် - ၆,၉၉၃ ကျပ် ၆ စောင်
    • ၆,၉၉၃ ကျပ် - ၇,၉၉၂ ကျပ် ၇ စောင်
    • ၇,၉၉၂ ကျပ် - ၈,၉၉၁ ကျပ် ၈ စောင်
    • ၈,၉၉၁ ကျပ် - ၉,၉၉၀ ကျပ် ၉ စောင်
    • ၉,၉၉၀ ကျပ် - ၁၀,၉၈၉ ကျပ် ၁၀ စောင်
    • ၁၀,၉၈၉ ကျပ် - ၁၁,၉၈၈ ကျပ် ၁၁ စောင်
    • ၁၁,၉၈၈ ကျပ် - ၁၂,၉၈၇ ကျပ် ၁၂ စောင်
    • ၁၂,၉၈၇ ကျပ် - ၁၃,၉၈၆ ကျပ် ၁၃ စောင်
    • ၁၃,၉၈၆ ကျပ် - ၁၄,၉၈၅ ကျပ် ၁၄ စောင်
    • ၁၄,၉၈၅ ကျပ် - ၁၅,၉၈၄ ကျပ် ၁၅ စောင်
    • ၁၅,၉၈၄ ကျပ် - ၁၆,၉၈၃ ကျပ် ၁၆ စောင်
    • ၁၆,၉၈၃ ကျပ် - ၁၇,၉၈၂ ကျပ် ၁၇ စောင်
    • ၁၇,၉၈၂ ကျပ် - ၁၈,၉၈၁ ကျပ် ၁၈ စောင်
    • ၁၈,၉၈၁ ကျပ် - ၁၉,၉၈၀ ကျပ် ၁၉ စောင်
    • ၁၉,၉၈၀ ကျပ် - ၂၀,၉၇၉ ကျပ် ၂၀ စောင်
    • ၂၀,၉၇၉ ကျပ် - ၂၁,၉၈၇ ကျပ် ၂၁ စောင်
    • ၂၁,၉၈၇ ကျပ် - ၂၂,၉၉၇ ကျပ် ၂၂ စောင်
    • ၂၂,၉၉၇ ကျပ် - ၂၃,၉၇၆ ကျပ် ၂၃ စောင်
    • ၂၃,၉၇၆ ကျပ် - ၂၄,၉၉၉ ကျပ် ၂၄ စောင်
    • ၂၄,၉၉၉ ကျပ် +++ ၂၅ စောင်
  • (၁၀) ယခု အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်အတွက် ကံထူးရှင်များအားပေးအပ်မည့်ဆုများမှာ

    ( ၁ ) အထူးဆုကြီး - :

    ပထမအကြိမ်ဆုကြီးရွေးချယ်ပွဲ ဇန်နဝါရီ ၁၅ ရက် မှ မတ် ၃၁ရက် အထိ အကျုံးဝင်သော ကံထူးရှင်များ
    • သိန်း ၁,၀၀၀ ကျပ် - ကံထူးရှင်(၃) ဦး
    • အက်တမ်ဖုန်းဘေလ် ၁၀၀,၀၀၀ကျပ် (၃၀၀) ဆု (ကံစမ်းခွင့်လက်မှတ် အများဆုံး ပိုင်ဆိုင်ထားသူ ၃၀၀ ဦး အတွက်)
    ဒုတိယအကြိမ်ဆုကြီးရွေးချယ်ပွဲ ဧပြီ ၁ ရက် မှ ဇွန် ၃၀ ရက်အထိ အကျုံးဝင်သော ကံထူးရှင်များ
    • သိန်း ၁,၀၀၀ ကျပ် - ကံထူးရှင်(၃) ဦး
    • အက်တမ်ဖုန်းဘေလ် ၁၀၀,၀၀၀ကျပ် (၃၀၀) ဆု (ကံစမ်းခွင့်လက်မှတ် အများဆုံး ပိုင်ဆိုင်ထားသူ ၃၀၀ ဦး အတွက်)
    တတိယအကြိမ်ဆုကြီးရွေးချယ်ပွဲ ဇူလိုင် ၁ ရက် မှ စက်တင်ဘာ၃၀ ရက် အထိ အကျုံးဝင်သော ကံထူးရှင်များ
    • သိန်း ၁,၀၀၀ ကျပ် - ကံထူးရှင်(၃) ဦး
    • အက်တမ်ဖုန်းဘေလ် ၁၀၀,၀၀၀ကျပ် (၃၀၀) ဆု (ကံစမ်းခွင့်လက်မှတ် အများဆုံး ပိုင်ဆိုင်ထားသူ ၃၀၀ ဦး အတွက်)
    စတုတ္ထအကြိမ််ဆုကြီးရွေးချယ်ပွဲ အောက်တိုဘာ ၁ ရက် မှ ဒီဇင်ဘာ ၃၁ ရက် အထိ အကျုံးဝင်သော ကံထူးရှင်များ
    • သိန်း ၁,၀၀၀ ကျပ် - ကံထူးရှင်(၃) ဦး
    • အက်တမ်ဖုန်းဘေလ် ၁၀၀,၀၀၀ကျပ် (၃၀၀) ဆု (ကံစမ်းခွင့်လက်မှတ် အများဆုံး ပိုင်ဆိုင်ထားသူ ၃၀၀ ဦး အတွက်)

    သိန်း ၁,၀၀၀ ကျပ် ကံထူးရှင်များကို အထက်ပါ အစီအစဉ်အတိုင်း (၃)လ တစ်ကြိမ် Lucky Draw အစီအစဉ်ကျင်းပပြီး ကျပန်းစနစ်ဖြင့် ရွေးချယ် ပေးသွားမည် ဖြစ်သည်။ အထူးဆုကြီးရွေးချယ်ပွဲ မတိုင်မီတွင် ကံစမ်းခွင့်လက်မှတ် အများဆုံး ပိုင်ဆိုင်ထားသူ ၃၀၀ ဦး ကို "ATOM_Promo" အမည်ရှိ ပေးပို့သူ ခေါင်းစဉ်ဖြင့် SMS အကြောင်းကြားစာ တစ်စောင်စီ ပေးပို့ အကြောင်းကြားသွားမည် ဖြစ်ပါသည်။ အက်တမ်ဖုန်းဘေလ် ၁၀၀,၀၀၀ ကျပ်ကို SMS အကြောင်းကြားစာ လက်ခံရရှိသည့် အချိန်မှစ၍ ၂၄ နာရီအတွင်း ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။

    (၂) အပတ်စဉ်ဆုများ

    • အက်တမ် ဖုန်းဘေလ် ၁၀၀,၀၀၀ ကျပ် (၅) ဆု
      ပရိုမိုးရှင်းကာလအတွင်း အပတ်စဉ် ကံထူးရှင် (၅) ဦးကို ကျပန်းစနစ်ဖြင့် ရွေးချယ်ပေးသွားမည် ဖြစ်ပြီး အက်တမ် Call Center ဖုန်းနံပါတ် 09-750097500 မှ ကံထူးရှင်များအား အပတ်စဉ် ဆက်သွယ်ပေးသွားမည်ဖြစ်သည်။

    (၃) အခြားဆုများ

    • အက်တမ်စတားပွိုင့် - ပရိုမိုးရှင်းကာလအတွင်း ကြိုက်နှစ်သက်ရာ ၉၉၉ ကျပ်နှင့် အထက် ပက်ကေ့ချ်၊ ဝန်ဆောင်မှုများကို ဝယ်ယူပြီးတိုင်း  ထပ်ဆောင်းလက်ဆောင် အက်တမ်စတားပွိုင့် ၅ ပွိုင့် ကို ချက်ချင်းပေးအပ်သွားပါမည်။
    • ကံစမ်းခွင့် လက်မှတ် ၂ဆ - ပရိုမိုးရှင်းကာလအတွင်း Angel Hour များဖြစ်သည့် ၁၁:၁၁, ၁:၁၁, ၂:၂၂, ၃:၃၃, ၄:၄၄, ၅:၅၅ အချိန်များတွင် ၉၉၉ ကျပ်နှင့် အထက် ပက်ကေ့ချ်များ ဝယ်ယူလိုက်တိုင်း ဝယ်ယူလိုက်သည့် ပက်ကေ့ချ်အလိုက် ကံစမ်းခွင့် လက်မှတ် ၂ဆ ကိုရရှိမည် ဖြစ်သည်။

    အက်တမ်မှ အထူးဆု ကျပ်ငွေ သိန်း (၁,၀၀၀) ဆုမှအပ ငွေကြေးမဟုတ်သည့် အခြားမည်သည့် ဆုအမျိုးအစား ကိုမဆို ငွေကြေးအပါအဝင် မည်သည့် ပစ္စည်းများ/ ငွေသားများဖြင့် အစားထိုး ပြောင်းလဲ ပေးအပ်မည် မဟုတ်ပါ)။ အက်တမ်မှ ငွေဖြည့်သွင်းခြင်းများ နှင့် ရရှိသော ဆုမဲများအတွက် ဆုမဲကံထူးသူများမှာ ကုန်သွယ်လုပ်ငန်းခွန် (သို့မဟုတ်) သက်ဆိုင်ရာဥပဒေအရ လိုအပ်သော အခွန်အခများ ကျခံရမည်။ ဤ အထူးပရိုမိုးရှင်း အစီအစဉ်အတွက် အက်တမ်မှ ကံထူးရှင်များကိုယ်စား မည်သည့် အခွန်အခမှ ကိုယ်စားထမ်းဆောင်ရန် တာဝန်မရှိပါ။

    အထူးဆု သို့မဟုတ် လစဉ်/အပတ်စဉ်ဆု ကံထူးရှင်ရွေးချယ်ရာတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ ပရိုမိုးရှင်းကာလအလိုက် အကျုံးဝင်သည့် ပက်ကေ့ချ် ဝယ်ယူမှု နှင့် ထိုဝယ်ယူမှုတွင် အခြေခံ၍  အကျုံးဝင်သည့် ကံစမ်းမဲလက်မှတ် အပေါ်တွင် မူတည်ပါသည်။(ဉပမာ - ၁၅ ရက် ဇန်နဝါရီလ မှ ၃၁ ရက် မတ်လအတွင်း ရရှိထားသော အကျုံးဝင်သည့် ကံစမ်းမဲလက်မှတ်များ သည် ကံထူးရှင်ရွေးချယ်မည့် သက်ဆိုင်ရာကာလ အတွက်သာ အကျုံး ဝင်ပါသည်။)

  • (၁၁) ကံထူးရှင်များသို့ ပေးအပ်မည့် ငွေကျပ် (၁၀၀,၀၀၀) သိန်းတန်ဖိုးနှင့် ညီမျှသော အက်တမ်ငွေဖြည့်ပမာဏ သည် စတင် ငွေဖြည့်သွင်းသည့် နေ့ ရက်မှ (၃၆၅) နေ့ရက်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
  • (၁၂) ယခု အထူးပရိုမိုးရှင်း အစီအစဉ်တွင် အက်တမ်ဖုန်း ကြိုတင်ငွေပေး ဆင်းကဒ် (Prepaid SIM ကဒ်) သို့မဟုတ် ATOM Power Broadband Customerသုံးစွဲသူများ ဖုန်းငွေဖြည့်သွင်းခြင်းများ သို့မဟုတ် ငွေပေးဆောင်ခြင်းများကို ၉၉၉ ကျပ်နှင့် အထက် မဟုတ်သော ပက်ကေ့ချ်များအား ဝယ်ယူခြင်းသည် ဆုမဲရွေးချယ်ခြင်းအစီအစဉ်များအတွက် အကျုံးဝင်မည် မဟုတ်ပါ။ အခြားခံစားခွင့်များ သို့မဟုတ် အပိုဆုများနှင့် ဝယ်ယူမှုများ အားလုံး ဤအထူးပရိုမိုးရှင်း အစီအစဉ်တွင် အကျုံးမဝင်ပါ။ အက်တမ်စတားနှင့် ပတ်သက်သည့် အထူးပရိုမိုးရှင်းများဖြစ်သော (Lucky Monday, Winning Wednesday, Flexi Firday နှင့် Lucky9s Topup ပရိုမိုးရှင်းအစီအစဉ်များ) သည် သီးသန့် အက်တမ်စတား အပိုပွိုင့်ပေးခြင်းများဖြစ်၍ ယခုအထူးပရိုမိုးရှင်း အစီအစဉ်မှ ပေးအပ်မည့် အပို စတားပွိုင့် (၅)ပွိုင့် တွင် အကျုံးဝင်မည်မဟုတ်ပါ။
  • (၁၃) ယခု အထူးပရိုမိုးရှင်းကာလ အတွင်း အက်တမ်မှ အပတ်စဉ် ကံထူးရှင်များ၊ အထူးဆုကြီး ကံထူးရှင်များအား ကျပန်းစနစ်ဖြင့် အပတ်စဉ် (၅) ယောက်နှင့် (၃)လ တစ်ကြိမ် ကံထူးရှင် (၃) ယောက် ရွေးချယ်ပေးမည်ဖြစ်ပြီး၊ အက်တမ် Call Center ဖုန်းနံပါတ် 09-750097500 မှ ဆုရရှိသော ကံထူးရှင်များအား ယခုပရိုမိုးရှင်းကာလ အတွင်း (သို့မဟုတ်) အထူးပရိုမိုးရှင်းကာလ အပြီးဆက်သွယ် ပေးသွား မည်ဖြစ်သည်။ “ကံထူးရင်း ကံမြူး၊ သိန်းသောင်းချီ ဆွတ်ခူး” အထူးပရိုမိုးရှင်း အစီအစဉ်မှ (၃)လ တစ်ကြိမ် ကျပ်သိန်း ၁,၀၀၀ ကံထူးရှင်များကို သတ်မှတ်ထားသော သက်ဆိုင်ရာကာလအလိုက် ကံထူးရှင် (၃) ဦးနှုန်းဖြင့် ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ ယင်းသို့ (၃) လတစ်ကြိမ် ကံထူးရှင်များ ရွေးချယ်ရာတွင် သက်ဆိုင်ရာ သတ်မှတ်ကာလ တစ်ခုချင်းစီ၌ ရရှိထားသော အကျုံးဝင်သည့် ကံစမ်းမဲလက်မှတ်အရေ အတွက် ပေါ်မူတည်ပြီး ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ (ဉပမာ - ဇန်နဝါရီလ မှ မတ်လအတွင်း ရရှိထားသော အကျုံးဝင်သည့် ကံစမ်းမဲလက်မှတ်များသည် ပထမအကြိမ်ကံထူးရှင်ရွေး ချယ်မည့် အစီအစဉ်အတွက်သာ အကျုံးဝင်ပြီး၊ ကျန်ရှိနေသည့် လများ၏ ကံထူးရှင်ရွေးချယ်မှုများ အတွက် (လုံးဝ) အကျုံးဝင်မည် မဟုတ်ပါ။) ဤအပိုဒ်တွင်ဖော်ပြထားသော အကျုံးဝင်သည့်ကံထူးလက်မှတ်များအား ကန့်သတ်ခြင်းသည် လစဉ် ကံထူးရှင်များ သာမက အပါတ်စဉ် ကံထူးရှင်များ ပါအကျူံးဝင်မည်ဖြစ်ပါသည်။
  • (၁၄) အက်တမ်သည် အပတ်စဉ် ကံထူးရှင်များ (သို့မဟုတ်) အထူးကံထူးရှင်များ (သို့မဟုတ်) ဤအထူးပရိုမိုးရှင်းအစီအစဉ်၏ ကံထူးသူများအားလုံးကို ဖုန်းခေါ်ဆိုမှု (၃) ကြိမ်အထိ ကြိုးပမ်း ခေါ်ဆိုမည်ဖြစ်ပြီး သက်ဆိုင်ရာဖုန်းခေါ်ဆိုမှုများအား  ပြန်လည်ဖြေဆိုမှုမရှိခြင်း၊ ဖုန်းမကိုင်ခြင်း (သို့မဟုတ်) ဖုန်းလက်ခံဖြေကြားသော်လည်း ကံထူးရှင်မှ ကံထူးဆုနှင့် ပတ်သက်၍ အခြားမဖြစ်မနေ မေးမြန်း၊ ဖြေဆိုရမည့် မေးခွန်းများ (ဉပမာ - ဆင်းကဒ်ပိုင်ဆိုင်မှု၊ ဆင်းကဒ်အမည်စာရင်းသွင်းထားခြင်း နှင့် အခြားသော ဝန်ဆောင်မှုအသုံးပြုထားခြင်းဆိုင်ရာ အထောက်အထား၊ အကြောင်းအရာ၊ အစရှိသည်) တို့အား မဖြေကြားနိုင်ခြင်း၊ မေးမြန်းမှုအား ငြင်းဆန်ပါက အက်တမ်မှ ယင်းကံထူးရှင်အား ပယ်ဖျက်ပြီး၊ အခြားကံထူးရှင်များကို ပြန်လည်ရွေးချယ်ပိုင်ခွင့်ရှိသည်။
  • (၁၅) အက်တမ်မှ အထူးဆုကံထူးရှင်ရွေးချယ်ပွဲအခမ်းအနားအစီအစဉ်များအား အထက်ဖော်ပြပါ ဇယားအတိုင်း (၄)ကြိမ်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပါသည်။  ကံထူးရှင်ရွေးချယ်ပွဲ တစ်ခုခြင်းစီ၏ အစီအစဉ်၊ အချိန် နှင့် နေ့ရက် အတိအကျအား အက်တမ်၏ တရားဝင်ဆက်သွယ်ရေး channels များမှ အချိန်နှင့် တပြေးညီ သီခြား အကြောင်းကြားသွားမည် ဖြစ်ပါသည်။
  • (၁၆) အက်တမ်မှ  ကံထူးရှင်များ ရွေးချယ်မည့် အထက်ပါ အစီအစဉ်  ရက်စွဲအား မိမိဘာသာ ပြောင်းလဲပြင်ဆင်နိုင်သည်။ အထူးဆုကံထူးရှင်များ ရွေးချယ်ပွဲ အစီအစဉ် အတွက် အက်တမ်မှ ကံစမ်းမဲကာလအတွင်း အကျုံးဝင်သောကံထူးရှင်များကို ကျပန်းရွေးချယ်ပေး မည်ဖြစ်ပြီး၊ ယင်းကံထူးရှင် ကျပန်းရွေးချယ်ပွဲအား အက်တမ် မြန်မာ၏ Facebook Page တွင် Live session ပြုလုပ်ကာ ပွင့်လင်းမြင်သာစွာ ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ အက်တမ် Call Center မှ ဆုရရှိသော ကံထူးရှင်များ အတွက် ဖုန်းခေါ်ဆိုမှုအား 09-750097500 ဖြင့် ကံစမ်းမဲ Live ရွေးချယ်သည့် အစီအစဉ်အတွင်း (သို့မဟုတ်) အပြီးတွင် ဆက်သွယ်ပါမည်။
  • (၁၇) ဤ  အစီအစဉ်၏ ကံထူးရှင်များသည် ကံထူးခဲ့သော ဆုအားလက်ခံရန်အတွက် လိုအပ်သော စာရွက်၊ စာတမ်းများ နှင့် သတင်းအချက်အလက်များ ဥပမာအားဖြင့် မိမိ၏အမည်၊ နိုင်ငံသား မှတ်ပုံတင်၊ နေရပ် လိပ်စာ နှင့် ဘဏ်အကောင့်ဆိုင်ရာများကို အက်တမ်သို့ ပေးပို့ရန်သဘောတူရပါမည်။ ကံထူးရှင်များသည် အသက်(၁၈)နှစ်‌အောက် ဖြစ်ပါက ယင်းတို့၏ တရားဝင်အုပ်ထိန်းသူ (သို့မဟုတ်) အိမ်ထောင်စုဇယားတွင် ပါဝင်သော ယင်းတို့၏ အုပ်ထိန်းသူနှင့်အတူ ဆုအား လာရောက် ထုတ်ယူရမည်။ အက်တမ်ဖုန်းဘေလ် (၁၀၀,၀၀၀) ကျပ်ဆုမှအပ အထူးဆု ကံထူးသူများ အနေဖြင့် အက်တမ်၏ ရုံးချုပ်သို့ကိုယ်တိုင် လာရောက် ထုတ်ယူရပါမည်။ အထူးဆုကံထူးသူများသည် လိုအပ်သော စာရွက်စာတမ်းများ၊ သတင်းအချက် အလက်များအား အက်တမ်မှတောင်းခံသည့် အချိန်မှ (၅) ရက်အတွင်း ပေးမပို့နိုင်ခြင်း (သို့မဟုတ်) အကြောင်းမပြန်ခြင်း၊ (သို့မဟုတ်) အက်တမ်မှ အဆိုပြုထားသည့် ရက်မှ (၁၅) ရက်အတွင်း လူကိုယ်တိုင် အက်တမ်ရုံးချုပ်သို့ လာရောက်မထုတ်ယူခဲ့ပါက အက်တမ် မှ ယင်းဆုများအား ပေးအပ်ရန် ပါယ်ဖျက်နိုင်သည့် အခွင့်အရေး ရှိစေရမည်။ ကံထူးရှင်အစစ်အမှန်ကိုယ်စား ၎င်းခန့်အပ်သည့် အခြားသူမှ အထူးဆုအား လာရောက်ထုတ်ယူခြင်း ကိစ္စရပ်တွင် အက်တမ်မှ တောင်းခံသည့် သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများအား သက်ဆိုင်ရာ ကံထူးရှင်မှ (၅)ရက်အတွင်း ပေးပို့ရပါမည်။ ယင်းကဲ့သို့ သတ်မှတ်ကာလအတွင်း တောင်းဆိုထားသော အချက်အလက်များ မပေးပို့ခြင်း (သို့မဟုတ်) အကြောင်းမပြန်ကြားခြင်းတို့ ဖြစ်ပေါ်လာပါက အက်တမ်မှ ယင်းအထူးဆုအား ပေးအပ်ရန် ပါယ်ဖျက်နိုင်သည့် အခွင့်အရေး ရှိစေရမည်။ ဤအထူးပရိုမိုးရှင်း အစီအစဉ်တွင် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း ဆုများအား ပေးအပ်ရန် ငြင်းဆန်သည့် ကိစ္စရပ်အတွက် ကံထူးသူတွင် နစ်နာမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အက်တမ်မှ အလုံးစုံ တာဝန်ယူမည် မဟုတ်ပါ။ မည်သည့် ဆုကိုမဆို လာရောက်ထုတ်ယူသည့်အခါတွင်ဖြစ်စေ ကံထူးရှင်မှ ခန့်အပ်ထားသည့် ကိုယ်စားလှယ် မဟုတ်ပါက အက်တမ်မှ ယင်းအထူးဆုအား ပေးအပ်ရန် ပါယ်ဖျက်နိုင်သည့် အခွင့်အရေး ရှိစေရမည်။
  • (၁၈) အက်တမ်မှ တောင်းခံသည့် မဖြစ်မနေပေးအပ်ရမည့် စာရွက်စာတမ်းများ၊ အချက်အလက်များအား ကံထူးရှင်များမှ အချိန်မီ ပေးအပ်ခြင်းမရှိပါက ယင်းကံထူးရှင်များအား အက်တမ်မှ ဆုပေးအပ်ရန်ငြင်းပယ်နိုင်သည့် အခွင့်ရှိစေရမည်
  • (၁၉) ယခု အထူးပရိုမိုးရှင်း အစီအစဉ်အတွင်း ကံထူးသွားသူများသည် တစ်ကြိမ်သာကံထူးခွင့်ရှိပြီး၊ ယခု အထူးပရိုမိုးရှင်း အစီအစဉ်အတွင်း ရွေးချယ်ခံရသည့် ကံထူးရှင်များသည် ဤ အစီအစဉ်အရ နောက်တစ်ကြိမ် ကံထူးရှင် ရွေးချယ်ပွဲတွင် ချန်လှပ်ခံရမည်။
  • (၂၀) ငွေကျပ် (၁၀၀,၀၀၀) သိန်း နှင့် ညီမျှသော အက်တမ်ဖုန်းဘေလ် ကံထူးရှင်များသည် ၎င်းတို့ ကံစမ်းမဲဆွတ်ခူးထားသည့် အက်တမ်နံပါတ်မှအပ ၎င်းတို့ ရည်ညွှန်းသည့် အခြားမည့်သည့် အက်တမ်ဖုန်းနံပါတ်ကိုမဆို ယင်း ဆုမဲများကို အက်တမ်မှ လွှဲပြောင်း ထည့်သွင်းပေးမည် မဟုတ်ပါ။
  • (၂၁) ယခု အထူးပရိုမိုးရှင်း အစီအစဉ်တွင်ပါဝင်ခြင်းဆိုသည်မှာ ဆုရရှိသူသည် အက်တမ်မှ ဆုရရှိသူများ၏ အသံဖမ်းယူမှု တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခု၊ ဆုရရှိသူ၏ မိုဘိုင်းနံပါတ်၏ နောက်ဆုံးဂဏန်း (၃) လုံးနှင့် ဓာတ်ပုံကို ဆိုရှယ် မီဒီယာနှင့်(သို့မဟုတ်) အခြားသော မီဒီယာများတွင် လွှင့်တင်ရန်၊ ထုတ်လွှင့်ခွင့်ကို အက်တမ်သို့ ခွင့်ပြုပေးရမည်။ ဆုရရှိသူများသည် ယင်းတို့ရရှိသည့် သက်ဆိုင်ရာဆုများမှလွဲ၍ ဤစာပိုဒ်၏ရည်ရွယ်ချက်အတွက် အခြားထပ်ဆောင်း အကျိုးခံစားခွင့်များ ရရှိမည် မဟုတ်ပါ။
  • (၂၂) ဤစည်းမျဉ်းစည်းကမ်းများသည် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာရှိရာ ၎င်းတို့နှစ်ခုကြား ကွဲလွဲမှုရှိပါက အင်္ဂလိပ်ဘာသာသည်သာ အတည်ဖြစ်စေရမည်။
  • (၂၃) နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အချိန်ကြန့်ကြာခြင်းများ၊ ပျက်ကွက်ခြင်းများ၊  မှားယွင်းတွက်ချက်မှုများ၊ နည်းပညာဆိုင်ရာ ဆော့ဝဲလ်၊ ဟက်ဝဲလ် ချို့ယွင်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်ကွက်မှုများ၊ နှောင့်နှေးမှုများ၊ မှားယွင်းသောလုပ်ဆောင်ချက်များ၊ အင်တာနက် နက်ဝက် ဆက်သွယ်ချက် ပြသာနာများ (သို့မဟုတ်) မည်သည့်အကြောင်းကြားစာ မရရှိခြင်း (သို့မဟုတ်) လွဲမှားစွာပေးပို့ခြင်း နှင့် အက်တမ်မှ ထိန်းချုပ်ရန် မစွမ်းသာသော အခြေအနေများ အစရှိသည်တို့ကြောင့် ဤအစီအစဉ်တွင်ပါဝင်သော ကံထူးရှင်များအပေါ် သက်ရောက်မှု/ ဆုံးရှုံးမှု ကုန်ကျမှု တစုံတရာရှိခဲ့ပါက အဆိုပါ ဆုံးရှုံးမှုများအား အက်တမ်မှ တာဝန်ရှိသည်ဟု မှတ်ယူခြင်းမရှိစေရ။
  • (၂၄) ကံထူးရှင်များသည် အက်တမ်၏ အမှတ်တံဆိပ်၊ အမှတ်အသား၊ ကုန်အမှတ်တံဆိပ်၊ ဂုဏ်သတင်းအား ယုတ်လျော့စေသော အပြောအဆို (သို့မဟုတ်) အရေးအသားများ ပြုလုပ်ခြင်းအား ခွင့်မပြုပါ။
  • (၂၅) ဤအထူးပရိုမိုးရှင်း အစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာတစ်စုံတစ်ရာ (သို့မဟုတ်) ဤအထူးပရိုမိုးရှင်း အစီအစဉ် ၏လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ တွင် ဖော်ပြထားခြင်း မရှိသော ကိစ္စတစ်စုံတစ်ရာဖြစ်ပါက အက်တမ်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။ အက်တမ်မှ ဤအစီအစဉ်ကာလအတွင်းမည်သည့်အချိန်မဆို ဤစည်းမျဉ်း၊ စည်းကမ်းများ နှင့် မညီသည့် မည်သည့်သုံးစွဲသူကိုမဆို ပါဝင်ရန် ငြင်းပယ်ခွင့် (သို့မဟုတ်) ရပ်စဲပိုင်ခွင့် ရှိသည်။ အက်တမ်၏ ဆုံးဖြတ်ချက်သည် ဤအစီအစဉ်၏ ကဏ္ဍတိုင်းတွင် အပြီးအပြတ်ဖြစ်ပြီး စည်းနှောင်မှု ရှိရမည်ဖြစ်ပြီး၊ ယခုအထူးပရိုမိုးရှင်း အစီအစဉ်တွင် ပါဝင်သူများသည် ကန့်ကွက်ခြင်း တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိဘဲ ယင်းဆုံးဖြစ်ချက်များအား လိုက်နာရပါမည်။
  • (၂၆) အက်တမ်မှ ဤအထူးပရိုမိုးရှင်းအစီအစဉ်တွင် ကံထူးသူများအား သက်ဆိုင်ရာဆုများ ပေးအပ်ပြီး နောက်တွင် ယင်းသက်ဆိုင်ရာဆုများနှင့် ပတ်သက်၍ အငြင်းပွားဖွယ် (သို့မဟုတ်) ပြသာနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အက်တမ်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။
  • (၂၇) အက်တမ်မှ မည်သည့် အချိန်တွင်မဆို ဤ အထူးပရိုမိုးရှင်း အစီအစဉ်၏ စည်းမျဉ်း၊ စည်းကမ်းများအား ပြင်ဆင်ခြင်း၊ ပေါင်းထည့်ခြင်း၊ ပယ်ဖျက်ခြင်း (သို့မဟုတ်) အစားထိုးခြင်းတို့အား လိုအပ်သလိုပြုလုပ်နိုင်သည်။

မကြာခဏမေးသောမေးခွန်းများ

ထပ်ဆောင်းအပိုသုံး ပရိုမိုးရှင်းအစီအစဉ်ဆိုတာဘာလဲ?

+

ဘယ်သူတွေပါဝင်နိုင်မလဲ?

+

ပရိုမိုးရှင်းကာလဘယ်တော့စမလဲ?

+

ကံထူးရှင် ရွေးချယ်မှုအစီအစဉ် ဘယ်လိုပါဝင်နိုင်မလဲ?

+

ဘယ်နှကြိမ် ကံစမ်းခွင့်ရှိမလဲ?

+

ဘာဆုတွေရနိုင်မလဲ?

+

ကံထူးရှင် ကို ဘယ်လိုရွေးချယ်သွားမလဲ ?

+

ကံထူးရှင်ဖြစ်ကြောင်းဘယ်လိုသိနိုင်မလဲ?

+

ပေါက်မဲနံပတ်များကို ဘယ်လိုစစ်နိုင်မလဲ?

+

ယခုပရိုမိုးရှင်းအစီအစဉ် အကြောင်းသိရှိလိုပါက ဘယ်လိုဆက်သွယ်နိုင်မလဲ?

+

အထူးဆုကို ဘယ်သူတွေပါဝင်နိုင်မလဲ?

-

သက်တမ်းတိုး အစီအစဉ်ကာလအတွင်း (2026 ခုနှစ်၊ ဇန်နဝါရီ 1 ရက်မှ မတ် 31 ရက်) ဝယ်ယူမှုများအတွက် ရရှိထားသည့် ကံစမ်းခွင့် လက်မှတ် များသာ အထူးဆု အတွက် အကျုံးဝင်မည် ဖြစ်သည်။ 2025 ခုနှစ်၊ နိုဝင်ဘာ 1 ရက်မှ ဒီဇင်ဘာ 31 ရက်အတွင်း ရရှိထားသည့် ကံစမ်းခွင့် လက်မှတ်များမှာ အထူးဆု အတွက် အကျုံးမဝင်ပါ။

Power Fiber

Mini Pro

Notes for ATOM User

  • All internet services will be subject to commercial tax of 15%. 3000 On-net SMS fair usage policy applied for SMS benefit usage beyond daily fair usage policy will charge with standard rate.

© 2026 All rights reserved by ATOM Business.

Contact Us : + 959780008080 , 8080 ( ATOM User )