Contact us :

09 780 008 080

ဆုငွေ ကျပ်သိန်း (၁၀၀) အထိ ရရှိမယ့် "ထပ်ဆောင်းအပိုသုံး" အစီအစဉ်

“ထပ်ဆောင်းအပိုသုံး” ပရိုမိုးရှင်း၏ ဧပြီလ အထူးအစီအစဉ် — “၆ လဝယ်၊ ၁ နှစ်လုံးသုံး” အခွင့်အရေးကြီး ရရှိနိုင်နေပါပြီနော်။ ဧပြီလ (၁) ရက်နေ့မှ (၃၀) ရက်နေ့အတွင်း မြန်နှုန်းမြင့် အင်တာနက် ATOM Power Fiber ရဲ့ ၆ လစာ ပက်ကေ့ချ်ကို ဝယ်ယူပြီး ၆ လစာ အပိုထပ်ဆောင်း အသုံးပြုနိုင်မည့်အပြင် အထူးဆုအနေဖြင့် ကျပ်သိန်း (၁၀၀) ကံထူးရှင် ဖြစ်နိုင်မည့် အခွင့်အရေးမှာလည်း ပါဝင်ကံစမ်းခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

ပရိုမိုးရှင်းအကြောင်းအရာအသေးစိတ်

ATOM Power Fiber အသုံးပြုသူတိုင်း ပရိုမိုးရှင်းကာလအတွင်း (၄) လပက်ကေ့ချ် (ရက် ၁၂၀) ဝယ်ယူပါက ထပ်ဆောင်းအပို ရက် (၆၀) အခမဲ့ ရရှိမှာဖြစ်ပြီး (၆) လပက်ကေ့ချ် (ရက် ၁၈၀) ဝယ်ယူပါက ထပ်ဆောင်းအပို ရက် (၉၀) အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ကံစမ်းမဲအစီအစဉ်မှာ ဘယ်လိုပါဝင်နိုင်မလဲ?

ATOM Power Fiber ၏ ရက် (၁၂၀) နှင့် ရက် (၁၈၀) ပရိုမိုးရှင်းပက်ကေ့ချ်များထဲမှ နှစ်သက်ရာတစ်ခုကို ဝယ်ယူသူတိုင်းသည် ကံစမ်းမဲအစီအစဉ်တွင် အလိုအလျောက် ပါဝင်ပြီးသားဖြစ်ပါသည်။

ကံထူးနိုင်မည့် ဆုလက်ဆောင်များ

အထူးဆု

ကျပ် သိန်း (၁၀၀)

အပတ်စဉ်ဆု

ကျပ် (၁၀) သိန်း

တစ်ပတ်လျှင် ကံထူးရှင် (၂) ဦး

ဤနှစ်သစ်ကူးကာလတွင် ATOM Power Fiber နှင့်အတူ ရရှိနိုင်မည့် ပိုမိုကောင်းမွန်သော အင်တာနက်၊ ပိုမိုများပြားသော ဆုလက်ဆောင်များနှင့် ပျော်ရွှင်နိုင်မည့် အခွင့်အရေးကို လက်မလွှတ်တမ်းပါဝင်နိုင်ပါပြီ။

လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ

  • 1. ATOM Broadband သုံးစွဲသူများသည် အက်တမ် ၏ အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်တွင် ပါဝင်ခွင့်ရှိပါသည်။ ဤအစီအစဉ်တွင် ပါဝင်သော ATOM Power Fiber ၏ 120 days + 60 days and 180 days + 90 days ဝန်ဆောင်မှုများပါဝင်သည်။ ယခုဝယ်ယူရန် - broadband.atom.com.mm.
  • 2. တရားဝင် အက်တမ်ဝက်ဘ်ဆိုဒ် သို့မဟုတ် အက်တမ် Power app မှတဆင့် မှတ်ပုံတင်ထားသော မိုဘိုင်းနံပါတ်နှင့် အက်တမ် Broadband ဝန်ဆောင်မှုကို လက်ဝယ်ရှိကြောင်း သက်သေပြသနိုင်သူကိုသာ Broadband ဝန်ဆောင်မှုများ၏ တရားဝင်ပိုင်ရှင်အဖြစ် အသိအမှတ်ပြုပါမည်။ အသုံးပြုသူအမှန်ဖြစ်ခြင်း မဖြစ်ခြင်းနှင့်ပတ်သက်သည့် အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပွားပါက ဝန်ဆောင်မှုလက်ဝယ်ရှိသူသာ ပိုင်ရှင်ဖြစ်ကြောင်းအတည်ပြုပါမည်ဖြစ်ပြီး ATOM ၏ အဆုံးအဖြတ်သည် နောက်ဆုံးအပြီးအစီးနှင့် အတည်ဖြစ်စေရမည်။
  • 3. ATOM မှ ကံထူးရှင်များ၏ ဝန်ဆောင်မှုအား အမှန်တကယ်ပိုင်ဆိုင်မှု နှင့် လက်ရောက်ပိုင်ဆိုင်မှုတို့အား စစ်ဆေး၊ မေးမြန်းနိုင်သည့် လုပ်ငန်းစဉ်အား ပြုလုပ်ဆောင်ရွက်နိုင်သည့် အခွင့်အာဏာရှိပါသည်။ ထိုသို့ အမှန်တကယ်ပိုင်ဆိုင်မှု နှင့် လက်ရောက်ပိုင်ဆိုင်မှု တို့အား အက်တမ်၏ စိတ်ကျေနပ်မှု ရှိမှသာလျှင် ကံထူးရှင်များအား အထူးဆုကြီးများ နှင့် အပတ်စဉ်ကံထူးဆုများ (သို့မဟုတ်) ဤအထူး အရောင်းမြှင့်တင်ခြင်း အစီအစဉ်မှ ပေးအပ်သောဆုများ အား ပေးအပ်ရန် ကမ်းလှမ်းနိုင်သည်။ ယင်းသို့ စစ်ဆေး၊ မေးမြန်းခြင်းအား အက်တမ်၏ စိတ်ကျေနပ်မှု မရှိပါက အက်တမ်မှ ကံထူးရှင်များအား အပါတ်စဉ်ကံထူးဆုများ (သို့မဟုတ်) ဤအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်မှ ပေးအပ်သောဆုများအား ပေးအပ်ခြင်းအား ငြင်းပယ်နိုင်သည်။
  • 4. ဤအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်အား အက်တမ်မှ ဝန်ထမ်းများ၊ မိတ်ဖက်များနှင့် မိသားစုဝင်များ၊ အက်တမ် အက်ပလီကေးရှင်းအား အသုံးပြုနေသော အရောင်းကိုယ်စားလှယ်များကို ပါဝင် ကံစမ်းခွင့်မပြုပါ။ အစီအစဉ်ကျင်းပနေသည့် မည်သည့်အချိန်တွင်မဆို ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိသူများအား အက်တမ်မှ တစ်ဦးတည်း ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိသည်။
  • 5. ဤအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်တွင် ပါဝင်ရန် ATOM Power Fiber ၏ 120 days + 60 days နှင့် 180 days + 90 days ပက်ကေ့ချ်ကို နှစ်သက်ရာ နည်းလမ်း များမှတစ်ဆင့် ဝယ်ယူရန်လိုအပ်ပါသည်။
  • 6. ဤအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်တွင် ATOM Power Fiber သုံးစွဲသူများသည် မည်သည့် နည်းလမ်း channels မှ မဆိုငွေပေးချေမှုအားပြီး မြှောက်အောင် ဆောင်ရွက်ရပါမည်။ FTTH သုံးစွဲသူအသစ်များ ပါဝင်နိုင်ရန်အတွက် 120 days + 60 days နှင့် 180 days + 90 days ပက်ကေ့ချ်ထုတ်ကုန်အား ဝယ်ယူမှုတွင် ပြီးမြှောက်အောင် တပ်ဆင်၊ အတည်ပြုပြီးမှသာ ပါဝင်နိုင်ပါမည်။ ထိုသို့ ဝယ်ယူသူတိုင်း အတွက်သာ ကံစမ်းမဲအစီအစဉ်ဖြစ်သည့် အက်တမ်၏ အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်တွင် ကံစမ်းခွင့်ကို လစဥ်အထူးဆုများ ချီးမြှင့်သည့် ဆုများ (သို့မဟုတ်) ဤအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်မှ ပေးအပ်သောဆုများ အဖြစ် ရယူနိုင်ပါသည်။ ဤ အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်အတွက် ကျင်းပသောကာလမှာ - (၁ ရက်၊ နိုဝင်ဘာ၊ ၂၀၂၅ ခုနှစ်) မှ (၃၁ ရက်၊ ဒီဇင်ဘာ ၂၀၂၅ ခုနှစ်) နေ့အထိ ဖြစ်ပါသည်။ အက်တမ်မှ ယင်း အရောင်းမြှင့်တင်ခြင်း ပွဲအတွက် ကျင်းပသောကာလအား မည်သည့်အချိန်တွင်မဆို သက်တမ်းတိုးနိုင်ပါသည်။ 6A. အရောင်းမြှင့်တင်ခြင်းကာလအားသက်တမ်းတိုးခြင်း အပိုဒ် ၆ တွင်ဖေါ်ပြထားသည့်အတိုင်း အရောင်းမြှင့်တင်ခြင်းကာလ (ATOM Special Promotion Campaign) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက် အထိ သက်တမ်းတိုးမည်ဖြစ်သည် (“သက်တမ်းတိုးသည့် ကာလ”)။ သက်တမ်းတိုးသည့် ကာလအတွင်းတွင် ယခင်တွင်ဖေါ်ပြထားသည့် စည်းမျဉ်းစည်းကမ်းများအားလုံး ဆက်လက်အသုံးပြုမည် ဖြစ်ပြီး၊ အသစ်ထည့်သွင်းထားသည့်စည်းမျဉ်းနှင့်တည်ဆဲစည်းမျဉ်းအဟောင်းတို့အကြား ကွဲလွဲမှုတစ်စုံတစ်ရာရှိပါက အသစ်ထည့်သွင်းထားသော စည်းမျဉ်းများကသာ လွမ်းမိုးစေရမည်။ 6B. သက်တမ်းတိုး အစီအစဉ်ကာလအတွင်း အပတ်စဉ်ဆု သက်တမ်းတိုး အစီအစဉ်ကာလအတွင်း 120 days + 60 days နှင့် 180 days + 90 days ATOM Fiber ပက်ကေ့ချ်များကို ဝယ်ယူမှုတိုင်းသည် အပတ်စဉ် ဆုများအတွက် အကျုံးဝင်မည် ဖြစ်သည်။ အပတ်စဉ်ဆုများသည် အပိုဒ် ၇၊ ၈၊ ၁၀ နှင့် ၁၇ တွင်ဖေါ်ပြထားသည့် ကံစမ်းခွင့် လက်မှတ်ရရှိခြင်း၊ ကံထူးရှင် ရွေးချယ်ခြင်းစည်းမျဉ်းများနှင့် အခြားအခြေခံစည်းမျဉ်းများအတိုင်း ဆက်လက်ကျင့်သုံးမည်ဖြစ်သည်။ 6C. သက်တမ်းတိုး အစီအစဉ်ကာလအတွက် အထူးဆု သက်တမ်းတိုး အစီအစဉ်ကာလအတွင်း ဝယ်ယူမှုများအတွက် အထူးဆု အသစ်ကို ထည့်သွင်းထားသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အတွင်း ရရှိထားသည့် ကံစမ်းခွင့် လက်မှတ် များသာ အထူးဆု အတွက် အကျုံးဝင်မည် ဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ရရှိထားသည့် ကံစမ်းခွင့် လက်မှတ်များမှာ အထူးဆု အတွက် အကျုံးမဝင်ပါ။ 6D. အထူးဆု အသေးစိတ် အထူးဆု ငွေပမာဏမှာ ၁၀,၀၀၀,၀၀၀ကျပ် (ကျပ် သိန်း ၁၀၀) ဖြစ်သည်။ အထူးဆု အတွက် ကံထူးရှင် ၁ ဦးသာ ရွေးချယ်မည် ဖြစ်သည်။ အထူးဆု ကံထူးရှင်ကို သက်တမ်းတိုး အစီအစဉ်ကာလပြီးဆုံးချိန်တွင် ကျပန်းစနစ်ဖြင့် ရွေးချယ်ပေးမည်ဖြစ်သည်။
  • 7. အလားတူပင် 120 days + 60 days နှင့် 180 days + 90 days ပက်ကေ့ချ် ဝယ်ယူမှု တိုင်းအတွက် ကံစမ်းခွင့် အကျုံးဝင်သည့် ရရှိနိုင်မည့် လက်မှတ် အရေအတွက် မှာ 120 days + 60 days ပက်ကေ့ချ် အတွက် လက်မှတ် တစ်စောင် နှင့် 180 days + 90 days ပက်ကေ့ချ် အတွက် လက်မှတ် သုံးစောင် ဖြစ်ပါသည်။
  • 8. ယခု အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်အတွက် ကံထူးရှင်များအားပေးအပ်မည့်ဆုများမှာ ငွေကျပ် (၁၀) သိန်း - ကံထူးရှင် စုစုပေါင်း (၂) ဦးကို အပါတ်စဉ်ရွေးချယ်သွားမည်ဖြစ်ပါသည်။ ကံစမ်းမဲ လက်မှတ်အရေအတွက် သတ်မှတ်ချက် - သက်ဆိုင်ရာအပါတ်စဉ် အလိုက် ရွေးချယ်သည့် အထူးဆု ကံထူးရှင် ရွေးချယ်ပွဲကြီး မပြီးဆုံးခင်အချိန်အထိ ထိုသက်ဆိုင်ရာအပါတ်စဉ်အတွက် အကျုံးဝင်သည့် ကံစမ်းမဲ လက်မှတ်အရေအတွက်ကိုသာ စစ်ဆေးနိုင်မည်ဖြစ်ပါသည်။ မှတ်ချက် - လစဉ်ဆု ကံထူးရှင်ရွေးချယ်ရာတွင် သက်ဆိုင်ရာလအလိုက် ဝယ်ယူမှု နှင့် ထိုဝယ်ယူမှုတွင် အခြေခံ၍ အကျုံးဝင်သည့် ကံစမ်းမဲလက်မှတ်အပေါ်တွင် မူတည်ပါသည်။
  • 9. ယခု အထူးအရောင်းမြှင့်တင်ခြင်းကာလ အတွင်း အက်တမ်မှ အပတ်စဉ် ကံထူးရှင်များအား ကျပန်းစနစ်ဖြင့် အပါတ်စဉ် ကံထူးရှင် (၂) ယောက် ရွေးချယ်ပေးမည်ဖြစ်ပြီး၊ အက်တမ် ဖုန်းနံပါတ် 09779995050 မှ ဆုရရှိသော ကံထူးရှင်များအား အထူးအရောင်း မြှင့်တင်ခြင်းကာလ အတွင်း (သို့မဟုတ်) အရောင်းမြှင့်တင်ခြင်းကာလ အပြီးဆက်သွယ် ပေးသွား မည်ဖြစ်သည်။
  • 10. ယင်းသို့ အပါတ်စဉ် ကံထူးရှင် ရွေးချယ်ရာတွင် သက်ဆိုင်ရာအပါတ်စဉ်တစ်တခုချင်းစီ၌ ရရှိထားသော အကျုံးဝင်သည့် ကံစမ်းမဲလက်မှတ်အရေ အတွက်ပေါ်မူတည်ပြီး ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ (ဉပမာ - နိုဝင်ဘာလ ပထမပါတ်တွင် ရရှိထားသော အကျုံးဝင်သည့် ကံစမ်းမဲလက်မှတ်များသည် နိုဝင်ဘာ ပထမပါတ်ကံထူးရှင်ရွေး ချယ်မည့် အစီအစဉ်အတွက်သာ အကျုံးဝင်ပြီး၊ ကျန်ရှိနေသည့် အပါတ်စဉ်များ၏ ကံထူးရှင်ရွေး ချယ်မှုများ အတွက် (လုံးဝ) အကျုံးဝင်မည် မဟုတ်ပါ။) ပြီးခဲ့သောလများအတွက် အကျုံးဝင်ခဲ့သော လက်မှတ်များ သည် နောက်လာမည့်လများ အတွက် လုံးဝအကျုံးဝင်မည်မဟုတ်ပါ။
  • 11. အက်တမ်သည် အပါတ်စဉ် အထူးကံထူးရှင်များ (သို့မဟုတ်) ဤအထူးအရောင်းမြှင့်တင်ခြင်းအစီအစဉ်၏ ကံထူးသူများအားလုံးကို ဖုန်းခေါ်ဆိုမှု (၃) ကြိမ်အထိ ကြိုးပမ်း ခေါ်ဆိုမည်ဖြစ်ပြီး သက်ဆိုင်ရာဖုန်းခေါ်ဆိုမှုများအား ပြန်လည်ဖြေဆိုမှုမရှိခြင်း၊ ဖုန်းမကိုင်ခြင်း (သို့မဟုတ်) ဖုန်းလက်ခံဖြေကြားသော်လည်း ကံထူးရှင်မှ ကံထူးဆုနှင့် ပတ်သက်၍ မဖြေကြားခြင်း၊ မေးမြန်းမှုအား ငြင်းဆန်ပါက အက်တမ်မှ ယင်းကံထူးရှင်အား ပယ်ဖျက်ပြီး၊ အခြားကံထူးရှင်များကို ပြန်လည်ရွေးချယ်ပိုင်ခွင့်ရှိသည်။
  • 12. အက်တမ်မှ အထူးဆုကံထူးရှင်များ ရွေးချယ်မည့် အစီအစဉ် အချိန် နှင့် နေ့ရက် ကို ပြန်လည် အသိပေး အကြောင်းကြား ပေးသွားမည်ဖြစ်သည်။ အထူးဆုကံထူးရှင်များ ရွေးချယ်ပွဲ အစီအစဉ် အတွက် အက်တမ်မှ ကံစမ်းမဲကာလအတွင်း အကျုံးဝင်သောကံထူးရှင်များကို ကျပန်းရွေးချယ်ပေး ပါမည်။ အက်တမ် Call Center မှ ဆုရရှိသော ကံထူးရှင်များ အတွက် ဖုန်းခေါ်ဆိုမှုအား 09779995050 ဖြင့် ဆက်သွယ်ပါမည်။ ကံထူးရှင်သည် အက်တမ်၏ မည်သည့်ဆုအတွက်မဆို (၃) ကြိမ်တိုင်တိုင် ဖုန်းခေါ်ဆိုမှုအား လက်ခံခြင်းမရှိပါက အက်တမ်သည် ယင်းကံထူးရှင်အား ပယ်ဖျက်ပြီး၊ နောက်ထပ်ကံထူးရှင်အား ပြန်လည်ရွေးချယ်နိုင်သည့် အခွင့်ရှိသည်။
  • 13. ဤအထူးဆုကံထူးရှင်များ ရွေးချယ်မည့် အစီအစဉ်၏ ကံထူးရှင်များသည် ကံထူးခဲ့သော ဆုအားလက်ခံရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ နှင့် သတင်းအချက်အလက်များ ဥပမာ အားဖြင့် မိမိ၏အမည်၊ နိုင်ငံသား မှတ်ပုံတင်၊ Broadband ဝန်ဆောင်မှုပိုင်ဆိုင်သည့် အထောက်အထား၊ နေရပ်လိပ်စာ နှင့် ဘဏ်အကောင့်ဆိုင်ရာ များကို အက်တမ်သို့ ပေးပို့ရန်သဘောတူရပါမည်။ ကံထူးရှင်များသည် အသက် (၁၈) နှစ်‌အောက် ဖြစ်ပါက ယင်းတို့၏ တရားဝင်အုပ်ထိန်းသူ (သို့မဟုတ်) အိမ်ထောင်စုဇယားတွင်ပါဝင်သော ယင်းတို့၏ အုပ်ထိန်းသူနှင့်အတူ ဆုအား လာရောက် ထုတ်ယူရမည်။ လစဉ် အထူးဆု (အက်တမ် ဖုန်းဘေမှ အပ) ကံထူးသူများ အနေဖြင့် အက်တမ်၏ ရုံးချုပ်သို့ကိုယ်တိုင် လာရောက် ထုတ်ယူရပါမည်။ အထူးဆုကံထူးသူများ (အက်တမ် ဖုန်းဘေမှအပ) ရရှိသူများသည် လိုအပ်သော စာရွက်စာတမ်းများ၊ သတင်းအချက်အလက်များအား အက်တမ်မှတောင်းခံသည့် အချိန်မှ (၅) ရက်အတွင်း ပေးမပို့နိုင်ခြင်း (သို့မဟုတ်) အကြောင်းမပြန်ခြင်း၊ (သို့မဟုတ်) အက်တမ်မှ အဆိုပြုထားသည့် ရက်မှ (၁၅) ရက်အတွင်း လူကိုယ်တိုင် အက်တမ်ရုံးချုပ်သို့ လာရောက်မထုတ်ယူခဲ့ပါက အက်တမ် မှ ယင်းဆုများအား ပေးအပ်ရန် ပါယ်ဖျက်နိုင်သည့် အခွင့်အရေး ရှိစေရမည်။
  • 14. ကံထူးရှင်အစစ်အမှန်ကိုယ်စား ၎င်းခန့်အပ်သည့် အခြားသူမှ လစဉ်အထူးဆု အားလာရောက်ထုတ်ယူခြင်း ကိစ္စရပ်တွင် အက်တမ်မှ တောင်းခံသည့် သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများအား သက်ဆိုင်ရာ ကံထူးရှင်မှ (၅) ရက်အတွင်း ပေးပို့ရပါမည်။ ယင်းကဲ့သို့ သတ်မှတ်ကာလအတွင်း မပေးပို့ခြင်း (သို့မဟုတ်) အကြောင်းမပြန်ကြား ခြင်းတို့ဖြစ်ပေါ်လာပါက အက်တမ် မှ ယင်းလစဉ် အထူးဆုအား ပေးအပ်ရန် ပါယ်ဖျက်နိုင်သည့် အခွင့်အရေး ရှိစေရမည်။
  • 15. အလားတူ ယင်းခန့်အပ်ထားသော ကိုယ်စားလှယ်မှ သတ်မှတ်အဆိုပြုထားသော နေ့ရက်တွင် ဆုလာရောက်ထုတ်မယူခြင်း (သို့မဟုတ်) အကြောင်းမပြန်ကြားခြင်းတို့ ရှိပါကလည်း အက်တမ် မှ ယင်းလစဉ် အထူးဆု အား ပေးအပ်ရန် ပါယ်ဖျက်နိုင်သည့် အခွင့်အရေး ရှိစေရမည်။ ဤအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်တွင် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း ဆုများအားပေးအပ်ရန် ငြင်းဆန်သည့် ကိစ္စရပ်အတွက် ကံထူးသူတွင် နစ်နာမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အက်တမ်မှ အလုံးစုံတာဝန်ယူမည် မဟုတ်ပါ။ ဆုလာရောက်ထုတ်ယူသည့်အခါ ကံထူးရှင်မှ ခန့်အပ်ထားသည် ကိုယ်စားလှယ်မဟုတ်ပါက အက်တမ်မှ ယင်းလစဉ် အထူးဆု အား ပေးအပ်ရန် ပါယ်ဖျက် နိုင်သည့် အခွင့်အရေး ရှိစေရမည်။
  • 16. အက်တမ်မှ တောင်းခံသည့် မဖြစ်မနေပေးအပ်ရမည့် စာရွက်စာတမ်းများ၊ အချက်အလက်များအား ကံထူးရှင်များမှ အချိန်မီ ပေးအပ်ခြင်းမရှိပါအား ယင်းကံထူးရှင်များအား အက်တမ်မှ ဆုပေးအပ်ရန်ငြင်းပယ်နိုင်သည့် အခွင့်ရှိစေရမည်။
  • 17. ယခု အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်အတွင်း ကံထူးသွားသူများသည် တစ်ကြိမ်သာကံထူးခွင့်ရှိပြီး၊ ယခု အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်အတွင်း ရွေးချယ်ခံရသည့် ကံထူးရှင်များသည် ဤ အစီအစဉ်အရ နောက်တစ်ကြိမ် ကံထူးရှင် ရွေးချယ်ပွဲတွင် ချန်လှပ်ခံရမည်။
  • 18. ယခု အထူးပရိုမိုးရှင်း အစီအစဉ်တွင်ပါဝင်ခြင်းဆိုသည်မှာ ဆုရရှိသူသည် အက်တမ်မှ ဆုရရှိသူများ၏ အသံဖမ်းယူမှု တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခု၊ ဆုရရှိသူ၏ Broadband ဝန်ဆောင်မှု နံပါတ် နှင့် ဓာတ်ပုံကို ဆိုရှယ် မီဒီယာနှင့်(သို့မဟုတ်) အခြားသော မီဒီယာများတွင် လွှင့်တင်ရန်သဘောတူပြီး အဆိုပါအရာများကို ထုတ်လွှင့်ခွင့်ကို အက်တမ်သို့ ခွင့်ပြုပေးရမည်။ ဆုရရှိသူများသည် ယင်းတို့ရရှိသည့် သက်ဆိုင်ရာဆုများမှလွဲ၍ ဤစာပိုဒ်၏ရည်ရွယ်ချက်အတွက် အခြားထပ်ဆောင်း အကျိုးခံစားခွင့်များ ရရှိမည် မဟုတ်ပါ။
  • 19. ဤစည်းမျဉ်းစည်းကမ်းများသည် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာရှိရာ ၎င်းတို့နှစ်ခုကြား ကွဲလွဲမှုရှိပါက အင်္ဂလိပ်ဘာသာသည်သာ အတည်ဖြစ်စေရမည်။
  • 20. နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အချိန်ကြန့်ကြာခြင်းများ၊ ပျက်ကွက်ခြင်းများ၊ မှားယွင်းတွက်ချက်မှုများ၊ နည်းပညာဆိုင်ရာ ဆော့ဝဲလ်၊ ဟက်ဝဲလ် ချို့ယွင်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်ကွက်မှုများ၊ နှောင့်နှေးမှုများ၊ မှားယွင်းသောလုပ်ဆောင်ချက်များ၊ အင်တာနက် နက်ဝက် ဆက်သွယ်ချက် ပြသာနာများ (သို့မဟုတ်) မည်သည့်အကြောင်းကြားစာ မရရှိခြင်း (သို့မဟုတ်) လွဲမှားစွာပေးပို့ခြင်း နှင့် အက်တမ်မှ ထိန်းချုပ်ရန် မစွမ်းသာသော အခြေအနေများ အစရှိသည်တို့ကြောင့် ဤအစီအစဉ်တွင်ပါဝင်သော ကံထူးရှင်များအပေါ် သက်ရောက်မှု/ ဆုံးရှုံးမှု ကုန်ကျမှု တစုံတရာရှိခဲ့ပါက အဆိုပါ ဆုံးရှုံးမှုများအား အက်တမ်မှ တာဝန်ရှိသည်ဟု မှတ်ယူခြင်းမရှိစေရ။
  • 21. ကံထူးရှင်များသည် အက်တမ်၏ အမှတ်တံဆိပ်၊ အမှတ်အသား၊ ကုန်အမှတ်တံဆိပ်၊ ဂုဏ်သတင်းအား ယုတ်လျော့စေသော အပြောအဆို (သို့မဟုတ်) အရေးအသားများ ပြုလုပ်ခြင်းအား ခွင့်မပြုပါ။
  • 22. ဤအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာတစ်စုံတစ်ရာ (သို့မဟုတ်) ဤအစီစဉ်တွင် ဖော်ပြထားခြင်း မရှိသော ကိစ္စတစ်စုံတစ်ရာဖြစ်ပါက အက်တမ်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။ အက်တမ်မှ ဤအစီအစဉ်ကာလအတွင်းမည်သည့်အချိန်မဆို ဤစည်းမျဉ်း၊ စည်းကမ်းများ နှင့် မညီသည့် မည်သည့်သုံးစွဲသူကိုမဆို ပါဝင်ရန် ငြင်းပယ်ခွင့် (သို့မဟုတ်) ရပ်စဲပိုင်ခွင့် ရှိသည်။ အက်တမ်၏ ဆုံးဖြတ်ချက်သည် ဤအစီအစဉ်၏ ကဏ္ဍတိုင်းတွင် အပြီးအပြတ်ဖြစ်ပြီး စည်းနှောင်မှု ရှိရမည်ဖြစ်ပြီး၊ ယခုအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်တွင် ပါဝင်သူများသည် ကန့်ကွက်ခြင်း တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိဘဲ ယင်းဆုံးဖြစ်ချက်များအား လိုက်နာရပါမည်။
  • 23. အက်တမ်မှ ဤအထူးအရောင်းမြှင့်တင်ခြင်းအစီအစဉ်တွင် ကံထူးသူများအား သက်ဆိုင်ရာဆုများ ပေးအပ်ပြီး နောက်တွင် ယင်းသက်ဆိုင်ရာဆုများနှင့် ပတ်သက်၍ အငြင်းပွားဖွယ် (သို့မဟုတ်) ပြသာနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အက်တမ်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။
  • 24. အက်တမ်မှ မည်သည့် အချိန်တွင်မဆို ဤ အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်၏ စည်းမျဉ်း၊ စည်းကမ်းများအား ပြင်ဆင်ခြင်း၊ ပေါင်းထည့်ခြင်း၊ ပယ်ဖျက်ခြင်း (သို့မဟုတ်) အစားထိုးခြင်းတို့အား လိုအပ်သလိုပြုလုပ်နိုင်သည်။

မကြာခဏမေးသောမေးခွန်းများ

ထပ်ဆောင်းအပိုသုံး ပရိုမိုးရှင်းအစီအစဉ်ဆိုတာဘာလဲ?

+

ဘယ်သူတွေပါဝင်နိုင်မလဲ

+

ပရိုမိုးရှင်းကာလဘယ်တော့စမလဲ?

+

ကံထူးရှင် ရွေးချယ်မှုအစီအစဉ် ဘယ်လိုပါဝင်နိုင်မလဲ?

+

ဘယ်နှကြိမ် ကံစမ်းခွင့်ရှိမလဲ??

+

ဘာဆုတွေရနိုင်မလဲ?

+

ကံထူးရှင် ကို ဘယ်လိုရွေးချယ်သွားမလဲ ?

+

ကံထူးရှင်ဖြစ်ကြောင်းဘယ်လိုသိနိုင်မလဲ?

+

ပေါက်မဲနံပတ်များကို ဘယ်လိုစစ်နိုင်မလဲ??

+

ယခုပရိုမိုးရှင်းအစီအစဉ် အကြောင်းသိရှိလိုပါက ဘယ်လိုဆက်သွယ်နိုင်မလဲ?

+

အထူးဆုကို ဘယ်သူတွေပါဝင်နိုင်မလဲ?

-

သက်တမ်းတိုး အစီအစဉ်ကာလအတွင်း (2026 ခုနှစ်၊ ဇန်နဝါရီ 1 ရက်မှ မတ် 31 ရက်) ဝယ်ယူမှုများအတွက် ရရှိထားသည့် ကံစမ်းခွင့် လက်မှတ် များသာ အထူးဆု အတွက် အကျုံးဝင်မည် ဖြစ်သည်။ 2025 ခုနှစ်၊ နိုဝင်ဘာ 1 ရက်မှ ဒီဇင်ဘာ 31 ရက်အတွင်း ရရှိထားသည့် ကံစမ်းခွင့် လက်မှတ်များမှာ အထူးဆု အတွက် အကျုံးမဝင်ပါ။

Power Fiber

Mini Pro

Notes for ATOM User

  • All internet services will be subject to commercial tax of 15%. 3000 On-net SMS fair usage policy applied for SMS benefit usage beyond daily fair usage policy will charge with standard rate.

© 2026 All rights reserved by ATOM Business.

Contact Us : + 959780008080 , 8080 ( ATOM User )