Contact us :

+959 780 008 080

အက်တမ်နှစ်ပတ်လည် အထူးပရိုမိုးရှင်း အမြဲတူတူ ဆုကြီးတွေယူ

၉,၉၉၉ ကျပ်နှင့် အထက် Broadband ပက်ကေ့ချ်များ ဝယ်ယူပြီး သိန်း ၁၀၀ ဆုကြီး - (၃) ဆု၊  အပတ်စဉ် ဆုလက်ဆောင်များဖြစ်သော Samsung Galaxy Fit3 (၅) ဆု ၊ ဖုန်းဘေလ် ၁ သိန်းကျပ် (၅) ဆု များကို ကံထူးနိုင်ဖို့အတွက် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း အက်တမ်ဖုန်းနံပါတ်ဖြင့် စာရင်းပေးသွင်းထားသော ATOM Power Broadband ဝန်ဆောင်မှု အသုံးပြုသူတိုင်း “အမြဲတူတူဆုကြီးတွေယူ” အက်တမ်ရဲ့ Anniversary အစီအစဉ်မှာ ပါဝင်နိုင်ပါသည်။

လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ

  • 1. ATOM မိုဘိုင်းလ်နံပါတ်ဖြင့် မှတ်ပုံတင်ထားသော ATOM Power Broadband သုံးစွဲသူများသည် ATOM နှစ်ပတ်လည် အထူး ပရိုမိုးရှင်းတွင် ပါဝင်ခွင့်ရှိပါသည် (“သုံးစွဲသူများ”)။ အခြားမိုဘိုင်းလ်အော်ပရေတာများ၏ နံပါတ်များဖြင့် မှတ်ပုံတင်ထားသော သုံးစွဲသူများသည် ၎င်းပရိုမိုးရှင်းတွင် ပါဝင်ခွင့်မရှိပါ။ မှတ်ပုံတင်ထားသော ATOM နံပါတ်ဖြင့် ဝယ်ယူမှုအတွက် အတည်ပြုနိုင်သည့် ဝန်ဆောင်မှုများတွင် ATOM Power Fiber, ATOM Power Wireless နှင့် ATOM Power FlexiNet တို့ပါဝင်သည်။
  • 2. တရားဝင် ATOM ဝက်ဘ်ဆိုဒ် သို့မဟုတ် ATOM Power app မှတစ်ဆင့် မှတ်ပုံတင်ထားသော ATOM မိုဘိုင်းလ်နံပါတ်ကိုသာ Broadband ဝန်ဆောင်မှုများ၏ တရားဝင်ပိုင်ရှင်အဖြစ် အသိ အမှတ်ပြုပါမည်။ အသုံးပြုသူအမှန်ဖြစ်ခြင်း/ မဖြစ်ခြင်းနှင့် ပတ်သက်သည့် အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပွားပါက ဝန်ဆောင်မှုရယူရန် မှတ်ပုံတင်ထားသော ATOM နံပါတ်ကိုသာ ပိုင်ရှင် ဖြစ်ကြောင်းအတည်ပြုပါမည်။
  • 3. အက်တမ်၏ နှစ်ပတ်လည် အထူးပရိုမိုးရှင်း အရောင်းမြှင့်တင်ခြင်း အစီအစဉ်တွင် အက်တမ် နံပါတ်ဖြင့် မှတ်ပုံတင်ထားသော သုံးစွဲသူများသာ ပါဝင် ကံစမ်းနိုင်ပါသည်။ ယင်း အက်တမ်ဆင်းမ်ကဒ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တရားဝင်မှတ်ပုံတင်ထား ပြီးဖြစ်ရပါမည်။ (သို့မဟုတ်) အက်တမ်မှ ကံထူးရှင်များ၏ အက်တမ်ဆင်းမ်ကဒ်အား အမှန်တကယ်ပိုင်ဆိုင်မှု နှင့် လက်ဝယ်ပိုင်ဆိုင်မှုတို့အား  စစ်ဆေးမေးမြန်းနိုင်သည့် လုပ်ငန်းစဉ်အား ပြုလုပ်ဆောင်ရွက်နိုင်သည့် အခွင့်အာဏာ ရှိပါသည်။ ထိုသို့ အမှန်တကယ်ပိုင်ဆိုင်မှုနှင့် လက်ဝယ်ပိုင်ဆိုင်မှုတို့အား အက်တမ်၏စိတ်ကျေနပ်မှုရှိမှသာလျှင် ကံထူးရှင်များအား အထူးဆုကြီးများ နှင့် အပတ်စဉ် ကံထူးဆုများအား ပေးအပ်ရန် ကမ်းလှမ်းနိုင်သည်။ ယင်းသို့ စစ်ဆေး မေးမြန်း ခြင်းအား အက်တမ်၏ စိတ်ကျေနပ်မှု မရှိပါက အက်တမ်မှ ကံထူးရှင်များအား အထူးဆုကြီးများ နှင့် အပါတ်စဉ်ကံထူးဆုများအား ပေးအပ်ခြင်းအား ငြင်းပယ်နိုင်သည်။
  • 4. ယခု အရောင်းမြှင့်တင်ခြင်း အစီအစဉ်အား အက်တမ် မှ ဝန်ထမ်းများ၊ မိတ်ဖက်များနှင့် မိသားစုဝင်များ ပါဝင်ကံစမ်းခွင့်မပြုပါ။ အစီအစဉ်ကျင်းပနေသည့် မည်သည့်အချိန်တွင်မဆို ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိသူများအား အက်တမ်မှတစ်ဦးတည်း ဆုံးဖြတ် နိုင်သည့် အခွင့်အာဏာရှိသည်။
  • 5. ဤပရိုမိုးရှင်း၌ ပါဝင်ရန်အတွက် သုံးစွဲသူများသည် အနည်းဆုံး ၉,၉၉၉ ကျပ် တန်ဖိုးရှိသည့် Broadband package တစ်ခုခုကို ဝယ်ယူပြီး ငွေပေးချေရန်လိုအပ်ပါသည်။ FTTH ဝန်ဆောင်မှုအသစ် တပ်ဆင်ယူသည့်သုံးစွဲသူများအတွက် ခံစားခွင့်ကို တပ်ဆင်မှု ပြီးဆုံးခြင်း နှင့်အတူ အတည်ပြုမည် ဖြစ်သည်။ Promotion Campaign ကာလမှာ ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ အထိဖြစ်ပါသည်။ ATOM မှ ကျင်းပသော ပရိုမိုးရှင်းကာလကို မည်သည့်]အချိန်မဆို တိုးချဲ့နိုင်ပါသည်။
  • 6. ATOM Broadband ပက်ကေ့ချ် တစ်ခုကို ၉,၉၉၉ ကျပ် သို့မဟုတ် ထို့ထက်မက တန်ဖိုးဖြင့် ဝယ်ယူသောတိုင်းအတွက် ကံစမ်းမဲ လက်မှတ် ၁၀ စောင် ရယူနိုင်မည်ဖြစ်ပါသည်။ ၉,၉၉၉ ကျပ်အောက် ဝယ်ယူမှုများအတွက် ဤပရိုမိုးရှင်းတွင် ပါဝင်ခွင့်မရှိပါ။
  • 7. ယခု အရောင်းမြှင့်တင်ခြင်း အစီအစဉ်အတွက် ကံထူးရှင်များအား ပေးအပ်မည့်ဆုများမှာ အထူးဆုများအဖြစ် ငွေကျပ် သိန်း (၁၀၀) - ကံထူးရှင် (၃) ဦးကို ရွေးချယ်သွားမည်ဖြစ်ပါသည်။ အပတ်စဉ် ဆုမဲများအဖြစ် Samsung Galaxy Fit3 Band - ကံထူးရှင် (၅) ဦး နှင့် ATOM Phone Bill ၁၀၀,၀၀၀ Ks - ကံထူးရှင် (၅) ဦး၊ စုစုပေါင်း ကံထူးရှင် (၁၀) ဦးကို အပတ်စဉ် ရွေးချယ် သွားမည်ဖြစ်ပါသည်။ (မှတ်ချက်။ အက်တမ် မှ အထူးဆု ကျပ်ငွေသိန်း (၁၀၀) ဆုမှ အပ ငွေကြေးမဟုတ်သည့် အခြား မည်သည့်ဆုအမျိုးအစားကိုမဆို ငွေကြေးအပါအဝင် မည်သည့် ပစ္စည်းများ/ ငွေသားများဖြင့် အစားထိုး ပြောင်းလဲ ပေးအပ်မည် မဟုတ်ပါ)။ အက်တမ်မှ ငွေဖြည့် သွင်းခြင်းများနှင့် ရရှိသောဆုမဲများအတွက် ဆုမဲကံထူးသူများမှာ ကုန်သွယ်လုပ်ငန်းခွန် (သို့မဟုတ်) ဥပဒေအရ လိုအပ်သော အခွန်အ ခများ ကျခံရမည်။ ဆုရရှိသူများကိုယ်စား ATOM သည် ဤပအရောင်းမြှင့်တင်ခြင်းကမ်ပိန်းနှင့် သက်ဆိုင်သည့် အခွန်အမျိုးမျိုးကို ပေးဆောင်ရန် တာဝန်ရှိမည်မဟုတ်ပါ။ 
  • 8. ကံထူးရှင်များသို့ ပေးအပ်မည့် ငွေကျပ် (၁၀၀,၀၀၀) သိန်းတန်ဖိုးနှင့် ညီမျှသော အက်တမ်ငွေဖြည့်ပမာဏသည် စတင် ငွေဖြည့်သွင်းသည့် နေ့ရက်မှ (၃၆၅) ရက်အချိန်တွင်း သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ အက်တမ် Broadband ဝယ်ယူရန် ATOM ဝက်ဘ်ဆိုဒ် သို့မဟုတ် ATOM Power app တွင် မှတ်ပုံတင်ထားသည့် အက်တမ်ဖုန်းနံပါတ်ကိုသာ ရရှိသည့် ဖုန်းဘေလ် ဆုလက်ဆောင် ဖြည့်သွင်းပေးမည် ဖြစ်သည်။ Samsung Galaxy Fit3 Band ဆုသည် Samsung Myanmar မှထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများ အတိုင်းဖြစ်သည်။ Samsung Myanmar (ထုတ်လုပ်သည့် ကုမ္ပဏီ) နှင့် ကံထူးသူများအကြား ဆုများနှင့် ပက်သက်၍ ထုတ်လုပ်သည့် ကုမ္ပဏီမှပေးအပ်သော ခံစားခွင့်များ၊ အာမခံများ၊ အာမခံသက်တမ်းကုန်ဆုံးခြင်း၊ ဂရမ်တီများ၊ ပြုပြင်ထိန်းသိမ်း စရိတ် အစရှိသည့် အငြင်းပွားဖွယ် တစ်စုံတစ်ခုခုဖြစ်ပွားလာပါက အက်တမ်သည် မည်သည့်တာဝန်မှယူမည် မဟုတ်ပါ။
  • 9. ယခု အရောင်းမြှင့်တင်ခြင်း အစီအစဉ်တွင် ဖုန်းငွေဖြည့်သွင်းခြင်းများ နှင့် ၉,၉၉၉ ကျပ်နှင့် အထက် မဟုတ်သော ပက်ကေ့ချ်များအား ဝယ်ယူခြင်းသည် ဆုမဲရွေးချယ်ခြင်း အစီအစဉ် များအတွက် အကျုံးဝင်မည်မဟုတ်ပါ။
  • 10. ယခု အရောင်းမြှင့်တင်ခြင်းကာလအတွင်း အက်တမ်မြန်မာမှ အပတ်စဉ်ကံထူးရှင်များအား ကျပန်းစနစ်ဖြင့် အပတ်စဉ် (၁၀) ယောက်ရွေးချယ်ပေးမည်ဖြစ်ပြီး အက်တမ် Call Center ဖုန်းနံပါတ် 09-750097500 မှ ဆုရရှိသော ကံထူးရှင်များအား အရောင်း မြှင့်တင်ခြင်းကာလ အတွင်း (သို့မဟုတ်) အရောင်းမြှင့်တင်ခြင်းကာလအပြီး ဆက်သွယ်ပေးသွားမည်ဖြစ်သည်။
  • 11. အက်တမ်သည် အပတ်စဉ်ကံထူးရှင်များကို ဖုန်းခေါ်ဆိုမှု (၃) ကြိမ်အထိ ကြိုးစားခေါ်ဆိုမည်ဖြစ်ပြီး ဖုန်းပြန်လည်ဖြေဆိုမှုမရှိပါက အက်တမ် မှ အခြားကံထူးရှင်များကို ပြန်လည်ရွေးချယ်ပိုင်ခွင့်ရှိသည်။
  • 12. အက်တမ် မှ အထူးဆုကံထူးရှင်များ ရွေးချယ်မည့် အစီအစဉ် အချိန် နှင့် နေ့ရက် ကို ပြန်လည် အသိပေး အကြောင်းကြား ပေးသွားမည်ဖြစ်သည်။ အထူးဆုကံထူးရှင်များ ရွေးချယ်ပွဲ အစီအစဉ်အတွက် အက်တမ် မှ ကံစမ်းမဲကာလအတွင်း အကျုံးဝင် သောကံထူးရှင်များကို ကျပန်းရွေးချယ် ပေးမည်ဖြစ်ပြီး၊ ယင်းကံထူးရှင် ကျပန်းရွေးချယ်ပွဲအား ATOM Facebook Page တွင် Live session ပြုလုပ်ကာ ပွင့်လင်းမြင်သာစွာ ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ အက်တမ် Call Center မှ ဆုရရှိသော ကံထူးရှင် များအတွက် ဖုန်းခေါ်ဆိုမှုအား 09-750097500 ဖြင့် ကံစမ်းမဲ Live ရွေးချယ်သည့် အစီအစဉ်အတွင်း ဆက်သွယ်ပါမည်။ ကံထူးရှင်သည် အက်တမ်၏ မည်သည့်ဆုအတွက်မဆို (၃) ကြိမ်တိုင်တိုင် ဖုန်းခေါ်ဆိုမှုအား လက်ခံခြင်းမရှိပါက အက်တမ်သည် နောက်ထပ်ကံထူးရှင်အား ပြန်လည်ရွေးချယ်နိုင်ခွင့်ရှိပါသည်။
  • 13. ကံထူးရှင်များသည် Lucky Draw ခေါ်ဆိုမှုအတွင်း ကံထူးခဲ့သော ဆုအားလက်ခံရန်အတွက် မိမိ၏အမည် ၊ နိုင်ငံသားမှတ်ပုံတင်နှင့် နေရပ်လိပ်စာကို အက်တမ်သို့ ပေးပို့ရန် သဘောတူရပါမည်။ ကံထူးရှင်များသည် အသက် (၁၈) နှစ်‌အောက် ဖြစ်ပါက ယင်းတို့၏ တရားဝင်မိဘ (သို့မဟုတ်) အိမ်ထောင်စုဇယားတွင်ပါဝင်သော ယင်းတို့၏ အုပ်ထိန်းသူနှင့် အတူဆုအား လာရောက်ထုတ်ယူရမည်။ အထူးဆု (သို့မဟုတ်) အပါတ်စဉ်ဆု (အက်တမ် ဖုန်းဘေလ်မှ အပ) ကံထူးသူများအနေဖြင့် အက်တမ် ၏ရုံးချုပ်သို့ ကိုယ်တိုင် လာရောက်ထုတ်ယူရပါမည်။ အထူးဆုကံထူးသူများ (သို့မဟုတ်) အပါတ်စဉ်ဆု (အက်တမ် ဖုန်းဘေလ်မှအပ) ရရှိသူများသည် အက်တမ်မှဆုထုတ်ယူရန် သတ်မှတ်ထားသော နေ့ရက်မှ (၁၅) ရက်အတွင်း လာရောက်မထုတ်ယူပါက အက်တမ်မှ ယင်းဆုများအား ပေးအပ်ရန် ပယ်ဖျက်နိုင်သည့် အခွင့်အရေးရှိစေရမည်။
  • 14. အက်တမ် မှ တောင်းခံသည့် မဖြစ်မနေပေးအပ်ရမည့် စာရွက်စာတမ်းများ၊ အချက်အလက်များ အား ကံထူးရှင်များမှ အချိန်မီ ပေးအပ်ခြင်းမရှိပါအား ယင်းကံထူးရှင်များအား အက်တမ်မြန်မာ မှ ဆုပေးအပ်ရန် ငြင်းပယ်နိုင်ခွင့်ရှိပါသည်။
  • 15. ယခု အရောင်းမြှင့်တင်ခြင်း အစီအစဉ်အတွင်း ကံထူးသွားသူများသည် ပရိုမိုးရှင်းကာလတွင်း တစ်ကြိမ်သာ ကံထူးခွင့်ရှိနိုင်သည်။ ရွေးချယ်ခံပြီးသော ဆုရရှိသူတိုင်းကို ဤ အရောင်းမြှင့်တင်ခြင်းအစီအစဉ် အောက်ရှိ နောက်ဆက်တွဲ ကံစမ်းမဲရွေးချယ်ခြင်းမှ ချန်လှပ်ခံရပါမည်။
  • 16. အက်တမ်ဖုန်းဘေလ် (၁၀၀,၀၀၀) သိန်း ကံထူးရှင်များသည် ၎င်းတို့ ကံစမ်းမဲဆွတ်ခူးထားသည့် အက်တမ်နံပါတ်မှ အပ ၎င်းတို့ ရည်ညွှန်းသည့် အခြားမည့်သည့် အက်တမ်ဖုန်းနံပါတ်ကိုမဆို ယင်း ဆုမဲများကို အက်တမ်မှ လွှဲပြောင်း ထည့်သွင်းပေးမည် မဟုတ်ပါ။
  • 17. ယခုပရိုမိုးရှင်း အစီအစဉ်တွင်ပါဝင်ခြင်းဆိုသည်မှာ ဆုရရှိသူသည် အက်တမ်မြန်မာမှ ဆုရရှိသူ၏ အသံဖမ်းယူမှု တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခု၊ ဆုရရှိသူ၏မိုဘိုင်းနံပါတ်၏နောက်ဆုံးဂဏန်း (၃) လုံးနှင့် ဓာတ်ပုံကို ဆိုရှယ်မီဒီယာနှင့် (သို့) အခြားသောမီဒီယာ များတွင်လွှင့်တင်ရန်၊ ထုတ်လွှင့်ခွင့်ကို အက်တမ်မြန်မာသို့ ခွင့်ပြုချက်ပေးရမည်။ ဆုရရှိသူများသည် ယင်းတို့ရရှိသည့် သက်ဆိုင်ရာ ဆုများမှလွဲ၍ ဤစာပိုဒ်၏ ရည်ရွယ်ချက်အတွက် အခြားထပ်ဆောင်းအကျိုးခံစားခွင့်များရရှိမည်မဟုတ်ပါ။
  • 18. ဤစည်းမျဉ်းစည်းကမ်းများသည် မြန်မာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးရှိရာ ၎င်းတို့နှစ်ခုကြား ကွဲလွဲမှုရှိပါက အင်္ဂလိပ်ဘာသာသည်သာ အတည်ဖြစ်စေရမည်။ နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အချိန်ကြန့်ကြာခြင်း၊ မကြေညာခြင်း၊ မှားယွင်းတွက်ချက် မှုများ၊ နည်းပညာဆိုင်ရာ ဆော့ဝဲလ်၊ ဟက်ဝဲလ် ချို့ယွင်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်ကွက်မှုများ၊ နှောင့်နှေးမှုများ၊ မှားယွင်းသော လုပ်ဆောင်ချက်များ၊ အင်တာနက် နက်ဝက် ဆက်သွယ်ချက် (သို့မဟုတ်) မည်သည့် အကြောင်းကြားစာ မရရှိခြင်း (သို့မဟုတ်) လွဲမှားစွာပေးပို့ခြင်း နှင့် အက်တမ် မှ ထိန်းချုပ်ရန် မစွမ်းသာသော အခြေအနေများ အစရှိသည်တို့ကြောင့် ဤအစီအစဉ် တွင်ပါဝင်သော ကံထူးရှင်များအပေါ် သက်ရောက်မှု/ ဆုံးရှုံးမှု ကုန်ကျမှု တစ်စုံတစ်ရာရှိခဲ့ပါက အဆိုပါ ဆုံးရှုံးမှုများအား အက်တမ် မှ တာဝန်ရှိသည်ဟု မှတ်ယူခြင်းမရှိစေရ။
  • 19. ဤအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားဖြစ်ဖွယ်ရာ တစ်စုံတစ်ရာ (သို့မဟုတ်) ဤအစီအစဉ်တွင် ဖော်ပြထားခြင်းမရှိသော ကိစ္စ တစ်စုံတစ်ရာဖြစ်ပါက အက်တမ်၏ဆုံးဖြတ်ချက်သည် အတည် ဖြစ်သည်။ အက်တမ်မှ ဤအစီအစဉ်ကာလအတွင်း မည်သည့် အချိန်မဆို ဤစည်းမျဉ်း စည်းကမ်းများနှင့် မကိုက်ညီသည့် မည်သည့်သုံးစွဲသူကိုမဆို ပါဝင်ရန် ငြင်းပယ်ခွင့် (သို့မဟုတ်) ရပ်စဲပိုင်ခွင့် ရှိသည်။ အက်တမ်၏ဆုံးဖြတ်ချက်သည် ဤအစီအစဉ်၏ ကဏ္ဍတိုင်းတွင် အပြီးအပြတ်ဖြစ်ပြီး ပါဝင်သူများသည် ဤဆုံးဖြတ်ချက်များကို ကန့်ကွက်ခြင်းမရှိဘဲ လက်ခံရမည်ဖြစ်သည်။

မကြာခဏမေးသောမေးခွန်းများ

ယခုအစီအစဥ်တွင် မည်သူများ ပါဝင်နိုင်သလဲ?

+

ATOM Power Broadband ဝန်ဆောင်မှုတွင် ကံစမ်းမဲ မည်သို့ ရမည်နည်း?

+

အမြဲတူတူ ဆုကြီးတွေယူ အစီအစဉ်တွင် မည်သို့ ပါဝင်နိုင်မည်နည်း?

+

ပရိုမိုးရှင်းအတွက် ပက်ကေ့ချ်များကို ဘယ်မှာ ဝယ်ယူရမည်နည်း?

+

ပရိုမိုးရှင်းမှ ရရှိနိုင်မည့် ဆုလက်ဆောင်များက ဘာတွေလဲ?

+

ကံစမ်းမဲဆုလက်ဆောင်များကို မည်သို့ရယူနိုင်မည်နည်း?

-

ပရိုမိုးရှင်းကာလအတွင်း ၉,၉၉၉ ကျပ်နှင့် အထက် ပက်ကေ့ချ်များကို မည်သည့်ချန်နယ်မှနေမဆို ဝယ်ယူခြင်းဖြင့် အပတ်စဉ် ဆုမဲများနှင့် Grand Finale ဆုကြီးများအတွက် ကံစမ်းခွင့်ရရှိနိုင်မည်ဖြစ်သည်။ ကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ရွေးချယ်မည်ဖြစ်ပါသည်။

အပတ်စဉ်ဆုမဲ ပေါက်ခဲ့လျှင် လက်ကျန်ငွေ မည်သို့စစ်ဆေးလို့ရနိုင်မလဲ?

+

ကံထူးရှင်ဖြစ်ကြောင်း မည်သို့ သိနိုင်မည်နည်း?

+

ပရိုမိုးရှင်းကာလက ဘယ်အချိန်ထိလဲ?

+

၁၀,၀၀၀ ကျပ်တန် ပက်ကေ့ချ်ဝယ်ယူပါက ဆုမဲမည်မျှရရှိနိုင်မည်နည်း?

+

ပရိုမိုးရှင်းနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက မည်သို့ ဆက်သွယ်ရမည်နည်း?

+

Grand Finale ရွေးချယ်ပွဲကို မည်သည့်နေ့တွင် ပြုလုပ်မည်နည်း?

+

အပတ်စဉ် ကံစမ်းမဲဆုကို ကံထူးခဲ့ပြီး ကံထူးရှင်က ယင်းဆုကို မိသားစု (သို့) သူငယ်ချင်း ဖြစ်သူ၏ ATOM ဖုန်းနံပါတ်သို့ လွှဲပြောင်းနိုင်ပါသလား?

+

ဤအစီအစဉ်တွင် ပါဝင်ရန် ၉,၉၉၉ ကျပ်နှင့် အထက် ပက်ကေ့ချ်များကို ဘယ်နှစ်ကြိမ် ဝယ်ယူနိုင်ပါသလဲ?

+

Power Fiber

Mini Pro

Notes for ATOM User

  • All internet services will be subject to commercial tax of 15%. 3000 On-net SMS fair usage policy applied for SMS benefit usage beyond daily fair usage policy will charge with standard rate.

© 2025 All rights reserved by ATOM Business.

Contact Us : + 959780008080 , 8080 ( ATOM User )