ဆုငွေ ကျပ်သိန်း (၃၀၀) အထိ ရရှိမယ့်
"ထပ်ဆောင်းအပိုသုံး" အစီအစဉ်
🚀 ၆လ ဝယ် ၁၂လ သုံးပြီး ဆုငွေ ကျပ်သိန်း (၃၀၀) အထိ ရရှိမယ့် "ထပ်ဆောင်းအပိုသုံး" အစီအစဉ် 🎁
မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှု ATOM Power Fiber ကို စတင်တပ်ဆင်သုံးစွဲမည့်သူများနှင့် လက်ရှိသုံးစွဲနေသူများအားလုံးအတွက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်မှ ဒီဇင်ဘာ (၃၁) ရက်နေ့အတွင်း "ထပ်ဆောင်းအပိုသုံး"အစီအစဉ်ကိုဝယ်ယူပါက ၆လ ဝယ် စုစုပေါင်း ၁၂ လ အထိသုံးနိုင်မယ့်အထူးအခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်။
အထူးဆုငွေ ကျပ်သိန်း (၃၀၀) အပြင် အပတ်စဉ် ဆုငွေ ကျပ်သိန်း (၅၀) ကံစမ်းခွင့်များကိုပါ ရရှိနိုင်မည်ဖြစ်ပါသည်။ ✨
ပရိုမိုးရှင်းအကြောင်းအရာအသေးစိတ်
ATOM Power Fiber အသုံးပြုသူတိုင်း ပရိုမိုးရှင်းကာလအတွင်း:
🗓️ (၄) လပက်ကေ့ချ် (ရက် ၁၂၀) ဝယ်ယူပါက — ထပ်ဆောင်းအပို ရက် (၆၀) အခမဲ့ ရရှိမှာဖြစ်ပြီး
🗓️ (၆) လပက်ကေ့ချ် (ရက် ၁၈၀) ဝယ်ယူပါက — ထပ်ဆောင်းအပို ရက် (၁၈၀) အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
🎟️ ကံစမ်းမဲအစီအစဉ်မှာ ဘယ်လိုပါဝင်နိုင်မလဲ? 🤔
ATOM Power Fiber ၏ ရက် (၁၂၀) နှင့် ရက် (၁၈၀) ပရိုမိုးရှင်းပက်ကေ့ချ်များထဲမှ နှစ်သက်ရာတစ်ခုကို ဝယ်ယူသူတိုင်းသည် ကံစမ်းမဲအစီအစဉ်တွင် အလိုအလျောက် (Automatically) ပါဝင်ပြီးသားဖြစ်ပါသည်။ ✅
🏆 ကံထူးနိုင်မည့် ဆုလက်ဆောင်များ ✨
🌟 အထူးဆုကြီး — ကျပ် သိန်း (၃၀၀) တိတိ
📅 အပတ်စဉ်ဆု — ကျပ်သိန်း (၅၀) (တစ်ပတ်လျှင် ကံထူးရှင် (၁) ဦး ရွေးချယ်သွားမည်ဖြစ်ပါသည်။)
ATOM Power Fiber နှင့်အတူ ၆လဝယ်ပြီး ၁၂ လအပိုသုံးနိုင်မယ့် ပိုမိုကောင်းမွန်သော အင်တာနက်၊ ပိုမိုများပြားသော ဆုလက်ဆောင်များနှင့် ပျော်ရွှင်နိုင်မည့် အခွင့်အရေးကို ရရှိဖို့အတွက် အခုပဲ ပါဝင်လိုက်ရအောင်နော်။
အက်တမ်မြန်မာလီမိတက်၏ ထပ်ဆောင်းအပိုသုံးအစီအစဉ်စည်းကမ်းချက်များ (၂၀၂၆ ခုနှစ် ဇူလိုင်လ (၁) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အထိ)
-
1.
ဤအစီအစဉ်တွင် အထူးအရောင်းမြှင့်တင်ခြင်းကာလအတွင်း ATOM Power Fiber ၏ ရက် ၁၂၀ + ရက် ၆၀၊ ရက် ၁၈၀ + ရက် ၉၀ သို့မဟုတ် ရက် ၁၈၀ + ရက် ၁၈၀ ပက်ကေ့ချ် ဝန်ဆောင်မှုဝယ်ယူထားသော ATOM Power Broadband သုံးစွဲသူအားလုံးပါဝင်ခွင့်ရှိပါသည်။ ယခုဝယ်ယူရန် - powerbroadband.atom.com.mm.
-
2.
ဤကမ်းလှမ်းမှုများကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်ရက်အထိ ပြုလုပ်သည့် ကမ်းလှမ်းမှုကာလအတွင်းသာ ရရှိနိုင်ပါသည်။
-
3.
တရားဝင် အက်တမ်မြန်မာ (အက်တမ်) ဝက်ဘ်ဆိုဒ် သို့မဟုတ် အက်တမ် Power app မှတဆင့် မှတ်ပုံတင်ထားသော မိုဘိုင်းနံပါတ်နှင့် အက်တမ်ပါဝါ Broadband ဝန်ဆောင်မှုကို လက်ဝယ်ရှိကြောင်း သက်သေပြသနိုင်သူကိုသာ Broadband ဝန်ဆောင်မှုများ၏ တရားဝင်ပိုင်ရှင်အဖြစ် အသိအမှတ်ပြုပါမည်။ အသုံးပြုသူအမှန်ဖြစ်ခြင်း မဖြစ်ခြင်းနှင့်ပတ်သက်သည့် အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပွားပါက ဝန်ဆောင်မှု လက်ဝယ်ရှိသူသာ ပိုင်ရှင်ဖြစ်ကြောင်းအတည်ပြုပါမည်ဖြစ်ပြီး ATOM ၏ အဆုံးအဖြတ်သည် နောက်ဆုံးအပြီးအစီးနှင့် အတည်ဖြစ်စေရမည်။
-
4.
ATOM မှ ကံထူးရှင်များ၏ ဝန်ဆောင်မှုအား အမှန်တကယ်ပိုင်ဆိုင်မှု နှင့် လက်ရောက်ပိုင်ဆိုင်မှုတို့အား စစ်ဆေး၊ မေးမြန်းနိုင်သည့် လုပ်ငန်းစဉ်အား ပြုလုပ်ဆောင်ရွက်နိုင်သည့် အခွင့်အာဏာရှိပါသည်။ ထိုသို့ အမှန်တကယ်ပိုင်ဆိုင်မှု နှင့် လက်ရောက်ပိုင်ဆိုင်မှု တို့အား အက်တမ်၏ စိတ်ကျေနပ်မှု ရှိမှသာလျှင် ကံထူးရှင်များအား အထူးဆုကြီးများ နှင့် အပတ်စဉ်ကံထူးဆုများ (သို့မဟုတ်) ဤအထူး အရောင်းမြှင့်တင်ခြင်း အစီအစဉ်မှ ပေးအပ်သောဆုများ အား ပေးအပ်ရန် ကမ်းလှမ်းနိုင်သည်။ ယင်းသို့ စစ်ဆေး၊ မေးမြန်းခြင်းအား အက်တမ်၏ စိတ်ကျေနပ်မှု မရှိပါက အက်တမ်မှ ကံထူးရှင်များအား အပါတ်စဉ်ကံထူးဆုများ (သို့မဟုတ်) ဤအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်မှ ပေးအပ်သောဆုများအား ပေးအပ်ခြင်းအား ငြင်းပယ်နိုင်သည်။
-
5.
ဤအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်အား အက်တမ်မှ ဝန်ထမ်းများ၊ မိတ်ဖက်များနှင့် မိသားစုဝင်များ၊ အက်တမ် အက်ပလီကေးရှင်းအား အသုံးပြုနေသော အရောင်းကိုယ်စားလှယ်များ ပါဝင် ကံစမ်းခွင့်မပြုပါ။ အစီအစဉ်ကျင်းပနေသည့် မည်သည့်အချိန်တွင်မဆို ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိသူများအား အက်တမ်မှ တစ်ဦးတည်း ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိသည်။
-
6.
ဤအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်တွင် ပါဝင်ရန် ATOM Power Fiber ၏ ရက် ၁၂၀ + ရက် ၆၀၊ ရက် ၁၈၀ + ရက် ၉၀ သို့မဟုတ် ရက် ၁၈၀ + ရက် ၁၈၀ ပက်ကေ့ချ်ကို နှစ်သက်ရာ နည်းလမ်း များမှတစ်ဆင့် ဝယ်ယူရန်လိုအပ်ပါသည်။
-
7.
ဤအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်တွင် ATOM Power Fiber သုံးစွဲသူများသည် မည်သည့် နည်းလမ်း ချန်နယ်မှမဆို ငွေပေးချေမှုအားပြီးမြှောက်အောင် ဆောင်ရွက်ရပါမည်။ ATOM Power Fiber သုံးစွဲသူအသစ်များ ပါဝင်နိုင်ရန်အတွက် ရက် ၁၂၀ + ရက် ၆၀၊ ရက် ၁၈၀ + ရက် ၉၀ သို့မဟုတ် ရက် ၁၈၀ + ရက် ၁၈၀ ပက်ကေ့ချ်ထုတ်ကုန်အား ဝယ်ယူမှုတွင် ပြီးမြှောက်အောင် တပ်ဆင်၊ အတည်ပြုပြီးမှသာ ပါဝင်နိုင်ပါမည်။ ထိုသို့ ဝယ်ယူသူတိုင်း အတွက်သာ ကံစမ်းမဲအစီအစဉ်ဖြစ်သည့် အက်တမ်၏ အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်တွင် ကံစမ်းခွင့်ကို သုံးလတစ်ကြိမ်ချီးမြှင့်သည့် အထူးဆုများ (သို့မဟုတ်) ဤအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်မှ ပေးအပ်သော အပတ်စဥ်ဆုများ အဖြစ် ရယူနိုင်ပါသည်။ ဤ အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်အတွက် ကျင်းပသောကာလမှာ ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အထိ ဖြစ်ပါသည်။ အက်တမ်မှ ယင်း အရောင်းမြှင့်တင်ခြင်း ပွဲအတွက် ကျင်းပသောကာလအား မည်သည့်အချိန်တွင်မဆို သက်တမ်းတိုးနိုင်ပါသည်။
-
7A.
အထူးဆု အသေးစိတ်
သုံးလတစ်ကြိမ် ကံထူးနိုင်မည့် အထူးဆု ငွေပမာဏမှာ ၃၀,၀၀၀,၀၀၀ကျပ် (ကျပ် သိန်း ၃၀၀) ဖြစ်သည်။ အထူးဆု အတွက် ကံထူးရှင် ၁ ဦးသာ ရွေးချယ်မည် ဖြစ်သည်။ အထူးဆု ကံထူးရှင်ကို သက်တမ်းတိုး အစီအစဉ်ကာလပြီးဆုံးချိန်တွင် ကျပန်းစနစ်ဖြင့် ရွေးချယ်ပေးမည် ဖြစ်သည်။
-
8.
အလားတူပင် ရက် ၁၂၀ + ရက် ၆၀ ၊ ရက် ၁၈၀ + ရက် ၉၀ သို့မဟုတ် ရက် ၁၈၀ + ရက် ၁၈၀ ပက်ကေ့ချ် ဝယ်ယူမှုတိုင်းအတွက် ကံစမ်းခွင့် အကျုံးဝင်သည့် ရရှိနိုင်မည့် လက်မှတ် အရေအတွက် မှာ ရက် ၁၂၀ + ရက် ၆၀ ပက်ကေ့ချ် အတွက် လက်မှတ် တစ်စောင်၊ ရက် ၁၈၀ + ရက် ၉၀ ပက်ကေ့ချ်အတွက် လက်မှတ် သုံးစောင် နှင့် ရက် ၁၈၀ + ရက် ၁၈၀ ပက်ကေ့ချ် အတွက် လက်မှတ် သုံးစောင် ဖြစ်ပါသည်။
-
9.
ယခု အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်အတွက် ကံထူးရှင်များအားပေးအပ်မည့်ဆုများမှာ ငွေကျပ်သိန်း (၅၀) - ကံထူးရှင် စုစုပေါင်း (၁) ဦးကို အပတ်စဉ်ရွေးချယ်သွားမည် ဖြစ်ပါသည်။ ကံစမ်းမဲလက်မှတ် အရေအတွက် သတ်မှတ်ချက် - သက်ဆိုင်ရာအပတ်စဉ် အလိုက် ရွေးချယ်သည့် အထူးဆု ကံထူးရှင် ရွေးချယ်ပွဲကြီး မပြီးဆုံးခင်အချိန်အထိ ထိုသက်ဆိုင်ရာအပတ်စဉ်အတွက် အကျုံးဝင်သည့် ကံစမ်းမဲ လက်မှတ်အရေအတွက်ကိုသာ စစ်ဆေးနိုင်မည်ဖြစ်ပါသည်။ မှတ်ချက် - အပတ်စဉ်ဆု ကံထူးရှင်ရွေးချယ်ရာတွင် သက်ဆိုင်ရာ အပတ်စဥ်အလိုက် ဝယ်ယူမှု နှင့် ထိုဝယ်ယူမှုတွင် အခြေခံ၍ အကျုံးဝင်သည့် ကံစမ်းမဲလက်မှတ်အပေါ်တွင် မူတည်ပါသည်။
-
10.
ယခု အထူးအရောင်းမြှင့်တင်ခြင်းကာလအတွင်း အက်တမ်မှ အပတ်စဉ် ကံထူးရှင်များအား ကျပန်းစနစ်ဖြင့် ကံထူးရှင် (၁) ယောက် ရွေးချယ်ပေးမည်ဖြစ်ပြီး၊ ဆုရရှိသော ကံထူးရှင်များအား အက်တမ် ဖုန်းနံပါတ် ၀၉၇၇၉၉၉၅၀၅၀ ဖြင့် အထူးအရောင်း မြှင့်တင်ခြင်း ကာလ အတွင်း (သို့မဟုတ်) အရောင်းမြှင့်တင်ခြင်းကာလ အပြီးဆက်သွယ် ပေးသွားမည်ဖြစ် သည်။
-
11.
ယင်းသို့ အပါတ်စဉ် ကံထူးရှင် ရွေးချယ်ရာတွင် သက်ဆိုင်ရာအပတ်စဉ်တစ်ခုချင်းစီ၌ ရရှိထားသော အကျုံးဝင်သည့် ကံစမ်းမဲလက်မှတ်အရေအတွက်ပေါ်မူတည်ပြီး ရွေးချယ်ပေး သွားမည်ဖြစ်ပါသည်။ (ဉပမာ - ဧပြီလ ပထမပတ်တွင် ရရှိထားသော အကျုံးဝင်သည့် ကံစမ်းမဲလက်မှတ်များသည် ဧပြီ ပထမပတ်ကံထူးရှင်ရွေးချယ်မည့် အစီအစဉ်အတွက်သာ အကျုံးဝင်ပြီး၊ ကျန်ရှိနေသည့် အပတ်စဉ်များ၏ ကံထူးရှင်ရွေးချယ်မှုများအတွက် (လုံးဝ) အကျုံးဝင်မည် မဟုတ်ပါ။) ပြီးခဲ့သောလများအတွက် အကျုံးဝင်ခဲ့သော လက်မှတ်များသည် နောက်လာမည့်လများအတွက် လုံးဝအကျုံးဝင်မည်မဟုတ်ပါ။
-
12.
အက်တမ်သည် အပတ်စဉ် ကံထူးရှင်များ (သို့မဟုတ်) ဤအထူးအရောင်းမြှင့်တင်ခြင်းအစီအစဉ်၏ အထူးဆုကံထူးသူများကို ဖုန်းခေါ်ဆိုမှု (၃) ကြိမ်အထိ ကြိုးပမ်းခေါ်ဆိုမည်ဖြစ်ပြီး သက်ဆိုင်ရာဖုန်းခေါ်ဆိုမှုများအား ပြန်လည်ဖြေဆိုမှုမရှိခြင်း၊ ဖုန်းမကိုင်ခြင်း (သို့မဟုတ်) ဖုန်းလက်ခံဖြေကြားသော်လည်း ကံထူးရှင်မှ ကံထူးဆုနှင့် ပတ်သက်၍ မဖြေကြားခြင်း၊ မေးမြန်းမှုအား ငြင်းဆန်ပါက အက်တမ်မှ ယင်းကံထူးရှင်အား ပယ်ဖျက်ပြီး၊ အခြားကံထူးရှင်များကို ပြန်လည်ရွေးချယ်ပိုင်ခွင့်ရှိသည်။
-
13.
အက်တမ်မှ အထူးဆုကံထူးရှင်များ ရွေးချယ်မည့် အစီအစဉ် အချိန် နှင့် နေ့ရက်ကို ပြန်လည် အသိပေး အကြောင်းကြားပေးသွားမည်ဖြစ်သည်။ အထူးဆုကံထူးရှင်များ ရွေးချယ်ပွဲ အစီအစဉ်အတွက် အက်တမ်မှ ကံစမ်းမဲကာလအတွင်း အကျုံးဝင်သောကံထူးရှင်များကို ကျပန်းရွေးချယ်ပေးမည်ဖြစ်ပါသည်။ အက်တမ် Call Center မှ ဆုရရှိသော ကံထူးရှင်များ အတွက် ဖုန်းခေါ်ဆိုမှုအား ၀၉၇၇၉၉၉၅၀၅၀ ဖြင့် ဆက်သွယ်ပါမည်။ ကံထူးရှင်သည် အက်တမ်၏ မည်သည့်ဆုအတွက်မဆို (၃) ကြိမ်တိုင်တိုင် ဖုန်းခေါ်ဆိုမှုအား လက်ခံခြင်းမရှိပါက အက်တမ်သည် ယင်းကံထူးရှင်အား ပယ်ဖျက်ပြီး၊ နောက်ထပ်ကံထူးရှင်အား ပြန်လည်ရွေးချယ်နိုင်သည့် အခွင့်ရှိသည်။
-
14.
ဤအထူးဆုကံထူးရှင်များ ရွေးချယ်မည့် အစီအစဉ်၏ ကံထူးရှင်များသည် ကံထူးခဲ့သော ဆုအားလက်ခံရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ နှင့် သတင်းအချက်အလက်များ ဥပမာအားဖြင့် မိမိ၏အမည်၊ နိုင်ငံသား မှတ်ပုံတင်၊ Broadband ဝန်ဆောင်မှုပိုင်ဆိုင်သည့် အထောက်အထား၊ နေရပ်လိပ်စာ နှင့် ဘဏ်အကောင့်ဆိုင်ရာ များကို အက်တမ်သို့ ပေးပို့ရန်သဘောတူရပါမည်။ ကံထူးရှင်များသည် အသက် (၁၈) နှစ်အောက် ဖြစ်ပါက ယင်းတို့၏ တရားဝင်အုပ်ထိန်းသူ (သို့မဟုတ်) အိမ်ထောင်စုဇယားတွင်ပါဝင်သော ယင်းတို့၏ အုပ်ထိန်းသူနှင့်အတူ ဆုအား လာရောက် ထုတ်ယူရမည်။ အပတ်စဉ် အထူးဆု (အက်တမ် ဖုန်းဘေမှ အပ) ကံထူးသူများ အနေဖြင့် အက်တမ်၏ ရုံးချုပ်သို့ကိုယ်တိုင် လာရောက် ထုတ်ယူရပါမည်။ အထူးဆုကံထူးသူများ (အက်တမ် ဖုန်းဘေမှအပ) ရရှိသူများသည် လိုအပ်သော စာရွက်စာတမ်းများ၊ သတင်းအချက်အလက်များအား အက်တမ်မှတောင်းခံသည့် အချိန်မှ (၅) ရက်အတွင်း ပေးမပို့နိုင်ခြင်း (သို့မဟုတ်) အကြောင်းမပြန်ခြင်း၊ (သို့မဟုတ်) အက်တမ်မှ အဆိုပြုထားသည့် ရက်မှ (၁၅) ရက်အတွင်း လူကိုယ်တိုင် အက်တမ်ရုံးချုပ်သို့ လာရောက်မထုတ်ယူခဲ့ပါက အက်တမ် မှ ယင်းဆုများအား ပေးအပ်ရန် ပယ်ဖျက်နိုင်သည့် အခွင့်အရေး ရှိစေရမည်။
-
15.
ကံထူးရှင်အစစ်အမှန်ကိုယ်စား ၎င်းခန့်အပ်သည့် အခြားသူမှ အပတ်စဉ်အထူးဆု အားလာရောက်ထုတ်ယူခြင်း ကိစ္စရပ်တွင် အက်တမ်မှ တောင်းခံသည့် သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများအား သက်ဆိုင်ရာ ကံထူးရှင်မှ (၅) ရက်အတွင်း ပေးပို့ရပါမည်။ ယင်းကဲ့သို့ သတ်မှတ်ကာလအတွင်း မပေးပို့ခြင်း (သို့မဟုတ်) အကြောင်းမပြန်ကြား ခြင်းတို့ဖြစ်ပေါ်လာပါက အက်တမ် မှ ယင်းအပတ်စဉ် အထူးဆုအား ပေးအပ်ရန် ပယ်ဖျက်နိုင်သည့် အခွင့်အရေး ရှိစေရမည်။
-
16.
အလားတူ ယင်းခန့်အပ်ထားသော ကိုယ်စားလှယ်မှ သတ်မှတ်အဆိုပြုထားသော နေ့ရက်တွင် ဆုလာရောက်ထုတ်မယူခြင်း (သို့မဟုတ်) အကြောင်းမပြန်ကြားခြင်းတို့ ရှိပါကလည်း အက်တမ် မှ ယင်းအပတ်စဉ် အထူးဆုအား ပေးအပ်ရန် ပယ်ဖျက်နိုင်သည့် အခွင့်အရေး ရှိစေရမည်။ ဤအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်တွင် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း ဆုများအားပေးအပ်ရန် ငြင်းဆန်သည့် ကိစ္စရပ်အတွက် ကံထူးသူတွင် နစ်နာမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အက်တမ်မှ အလုံးစုံတာဝန်ယူမည် မဟုတ်ပါ။ ဆုလာရောက်ထုတ်ယူသည့်အခါ ကံထူးရှင်မှ ခန့်အပ်ထားသည့် ကိုယ်စားလှယ်မဟုတ်ပါက အက်တမ်မှ ယင်းအပတ်စဉ် အထူးဆု အား ပေးအပ်ရန် ပယ်ဖျက် နိုင်သည့် အခွင့်အရေး ရှိစေရမည်။
-
17.
အက်တမ်မှ တောင်းခံသည့် မဖြစ်မနေပေးအပ်ရမည့် စာရွက်စာတမ်းများ၊ အချက်အလက်များအား ကံထူးရှင်များမှ အချိန်မီ ပေးအပ်ခြင်းမရှိပါက ယင်းကံထူးရှင်များအား အက်တမ်မှ ဆုပေးအပ်ရန်ငြင်းပယ်နိုင်သည့် အခွင့်ရှိစေရမည်။
-
18.
ယခု အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်အတွင်း ကံထူးသွားသူများသည် တစ်ကြိမ်သာကံထူးခွင့်ရှိပြီး၊ ယခု အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်အတွင်း ရွေးချယ်ခံရသည့် ကံထူးရှင်များသည် ဤအစီအစဉ်အရ နောက်တစ်ကြိမ် ကံထူးရှင် ရွေးချယ်ပွဲတွင် ချန်လှပ်ခံရမည်။
-
19.
ယခု အထူးပရိုမိုးရှင်း အစီအစဉ်တွင်ပါဝင်ခြင်းဆိုသည်မှာ ဆုရရှိသူသည် အက်တမ်မှ ဆုရရှိသူများ၏ အသံဖမ်းယူမှု တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခု၊ ဆုရရှိသူ၏ Broadband ဝန်ဆောင်မှု နံပါတ် နှင့် ဓာတ်ပုံကို ဆိုရှယ် မီဒီယာနှင့်(သို့မဟုတ်) အခြားသော မီဒီယာများတွင် လွှင့်တင်ရန်သဘောတူပြီး အဆိုပါအရာများ ထုတ်လွှင့်ခွင့်ကို အက်တမ်သို့ ခွင့်ပြုပေးရမည်။ ဆုရရှိသူများသည် ယင်းတို့ရရှိသည့် သက်ဆိုင်ရာဆုများမှလွဲ၍ ဤစာပိုဒ်၏ရည်ရွယ်ချက်အတွက် အခြားထပ်ဆောင်း အကျိုးခံစားခွင့်များ ရရှိမည် မဟုတ်ပါ။
-
20.
ဤစည်းမျဉ်းစည်းကမ်းများသည် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာရှိရာ ၎င်းတို့နှစ်ခုကြား ကွဲလွဲမှုရှိပါက အင်္ဂလိပ်ဘာသာသည်သာ အတည်ဖြစ်စေရမည်။
-
21.
နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အချိန်ကြန့်ကြာခြင်းများ၊ ပျက်ကွက်ခြင်းများ၊ မှားယွင်းတွက်ချက်မှုများ၊ နည်းပညာဆိုင်ရာ ဆော့ဝဲလ်၊ ဟက်ဝဲလ် ချို့ယွင်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်ကွက်မှုများ၊ နှောင့်နှေးမှုများ၊ မှားယွင်းသောလုပ်ဆောင်ချက်များ၊ အင်တာနက်ကွန်ယက် ဆက်သွယ်ချက် ပြသာနာများ (သို့မဟုတ်) မည်သည့်အကြောင်းကြားစာ မရရှိခြင်း (သို့မဟုတ်) လွဲမှားစွာပေးပို့ခြင်း နှင့် အက်တမ်မှ ထိန်းချုပ်ရန် မစွမ်းသာသော အခြေအနေများ အစရှိသည်တို့ကြောင့် ဤအစီအစဉ်တွင်ပါဝင်သော ကံထူးရှင်များအပေါ် သက်ရောက်မှု/ ဆုံးရှုံးမှု ကုန်ကျမှု တစုံတရာရှိခဲ့ပါက အဆိုပါ ဆုံးရှုံးမှုများအား အက်တမ်မှ တာဝန်ရှိသည်ဟု မှတ်ယူခြင်းမရှိစေရ။
-
22.
ကံထူးရှင်များသည် အက်တမ်၏ အမှတ်တံဆိပ်၊ အမှတ်အသား၊ ကုန်အမှတ်တံဆိပ်၊ ဂုဏ်သတင်းအား ယုတ်လျော့စေသော အပြောအဆို (သို့မဟုတ်) အရေးအသားများ ပြုလုပ်ခြင်းအား ခွင့်မပြုပါ။
-
23.
ဤအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ (သို့မဟုတ်) ဤအစီစဉ်တွင် ဖော်ပြထားခြင်း မရှိသော ကိစ္စတစ်စုံတစ်ရာဖြစ်ပါက အက်တမ်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။ အက်တမ်မှ ဤအစီအစဉ်ကာလအတွင်း မည်သည့်အချိန်မဆို ဤစည်းမျဉ်း၊ စည်းကမ်းများ နှင့် မညီသည့် မည်သည့်သုံးစွဲသူကိုမဆို ပါဝင်ရန် ငြင်းပယ်ခွင့် (သို့မဟုတ်) ရပ်စဲပိုင်ခွင့် ရှိသည်။ အက်တမ်၏ ဆုံးဖြတ်ချက်သည် ဤအစီအစဉ်၏ ကဏ္ဍတိုင်းတွင် အပြီးအပြတ်ဖြစ်ပြီး စည်းနှောင်မှု ရှိရမည်ဖြစ်ပြီး၊ ယခုအထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်တွင် ပါဝင်သူများသည် ကန့်ကွက်ခြင်း တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိဘဲ ယင်းဆုံးဖြတ်ချက်များအား လိုက်နာရပါမည်။
-
24.
အက်တမ်မှ ဤအထူးအရောင်းမြှင့်တင်ခြင်းအစီအစဉ်တွင် ကံထူးသူများအား သက်ဆိုင်ရာဆုများ ပေးအပ်ပြီး နောက်တွင် ယင်းသက်ဆိုင်ရာဆုများနှင့် ပတ်သက်၍ အငြင်းပွားဖွယ် (သို့မဟုတ်) ပြသာနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အက်တမ်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။
-
25.
အက်တမ်မှ မည်သည့် အချိန်တွင်မဆို ဤ အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်၏ စည်းမျဉ်း၊ စည်းကမ်းများအား ပြင်ဆင်ခြင်း၊ ပေါင်းထည့်ခြင်း၊ ပယ်ဖျက်ခြင်း (သို့မဟုတ်) အစားထိုးခြင်းတို့အား လိုအပ်သလိုပြုလုပ်နိုင်သည်။