ဆက်သွယ်ရန် :

09 780 008 080

တန်ဆောင်တိုင်အထူးခံစားခွင့်များနှင့် မိသားစုအတွက် စိတ်အချရဆုံး လုံခြုံမှုဖန်တီးနိုင်ဖို့ ATOM Smart Indoor IP Camera 🎉

✨ ATOM Power Broadband ဝန်ဆောင်မှုအသုံးပြုသူတိုင်း ကိုယ်ချစ်ရတဲ့ မိသားစုအတွက် ပိုမိုလုံခြုံစိတ်ချရတဲ့ အိမ်လေးတစ်အိမ် ဖန်တီးပေးဖို့ SD ကဒ် အသုံးပြုစရာမလိုတဲ့ ATOM Smart Indoor IP Camera ကို ATOM Power App မှတဆင့် ဝယ်ယူပြီး တန်ဆောင်တိုင်အထူးပရိုမိုးရှင်းမှာ အတန်ဆုံးနှုန်းထားနဲ့ ဝယ်ယူနိုင်ပြီနော်။ 🎉

ပရိုမိုးရှင်းအကြောင်းအရာအသေးစိတ်

ATOM Power Broadband အသုံးပြုသူတိုင်း ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အတွင်း ATOM Smart Indoor IP Camera ကို ATOM Power App မှတဆင့် ဝယ်ယူရုံနဲ့ ပုံမှန်စျေးနှုန်း ၁၈၉,၉၉၉ ကျပ်မှ အထူးစျေးနှုန်း ၁၇၀,၀၀၀ ကျပ်နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် တန်ဆောင်တိုင်အထူးရက်အပိုလက်ဆောင်အဖြစ် ၃ ရက်စာ ဗီဒီယိုမှတ်တမ်း သိမ်းဆည်းမှုကို ၁ နှစ်စာ အခမဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

ပရိုမိုးရှင်းကာလအတွင်း ATOM Smart Indoor IP Camera ကိုဝယ်ယူပြီးသည်နှင့်တပြိုင်နက် စာတိုတစ်စောင်ကို လက်ခံရရှိမှာဖြစ်ပြီး ရရှိထားသော စာတိုတွင် ပါဝင်သော လင့်ခ်ကို ပရိုမိုးရှင်းကာလအတွင်း ဝင်ရောက်ကာ ၃ ရက်စာ ဗီဒီယိုမှတ်တမ်း သိမ်းဆည်းမှုကို ၁ နှစ်စာ အခမဲ့ ရယူနိုင်မည်ဖြစ်သည်။

🎁 ပရိုမိုးရှင်းကို ဘယ်လိုရယူနိုင်မလဲ?

ATOM Power Broadband အသုံးပြုသူများအနေဖြင့် ပရိုမိုးရှင်းကာလအတွင်း ATOM Smart Indoor IP Camera ကို ATOM Power App မှတဆင့် အထူးစျေးနှုန်းဖြင့် ဝယ်ယူလိုက်ရုံနဲ့ ၃ ရက်စာ Video မှတ်တမ်း သိမ်းဆည်းမှုကို ၁ နှစ်စာ အခမဲ့ ရရှိမှာဖြစ်ပါတယ်။

🏠🕯 ဒီတန်ဆောင်တိုင်မှာ ကိုယ်ချစ်ရတဲ့ မိသားစုနဲ့ အိမ်အတွက် ပိုမိုလုံခြုံစိတ်ချရတဲ့ နေ့စဉ်ဘဝကို ဖန်တီးပေးနိုင်ဖို့ ATOM Smart Indoor IP Camera ကို အထူးအကျိုးခံစားခွင့်တွေနဲ့ ရယူလိုက်ပါ။ ✨

ATOM Smart Indoor IP Camera တန်ဆောင်တိုင်ပရိုမိုးရှင်း စည်းမျဉ်းစည်းကမ်းများ

  • ဤပရိုမိုးရှင်းအစီအစဉ်သည် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် လက်ရှိ ATOM Power Broadband အသုံးပြုသူများအတွက်သာ အကျုံးဝင်ပါသည်။
  • ဤပရိုမိုးရှင်းအစီအစဉ်သည် သတ်မှတ်ထားသော တန်ဆောင်တိုင်ပရိုမိုးရှင်းကာလအတွင်း ပြုလုပ်သည့် ဝယ်ယူမှုများအတွက်သာ ဖြစ်ပါသည်။
  • ၃ ရက်စာ ဗီဒီယိုမှတ်တမ်းသိမ်းဆည်းခွင့်ကို ၁ နှစ် အခမဲ့ရရှိမည့် အကျိုးခံစားခွင့်သည် ဤပရိုမိုးရှင်းအစီအစဉ်အတွင်း ဝယ်ယူထားသော ATOM Smart Indoor IP Camera အတွက်သာ အကျုံးဝင်ပါသည်။
  • ၃ ရက်စာ ဗီဒီယိုမှတ်တမ်းသိမ်းဆည်းခွင့် အခမဲ့အကျိုးခံစားခွင့်ကို သတ်မှတ်ထားသော စတင်အကျုံးဝင်သည့်နေ့မှစ၍ ၁ နှစ်တာကာလအတွင်း ခံစားနိုင်မည်ဖြစ်ပါသည်။
  • ပရိုမိုးရှင်းအကျိုးခံစားခွင့် ရရှိနိုင်ခြင်းရှိ၊ မရှိကို အသုံးပြုသူ၏ လက်ရှိအသုံးပြုနေဆဲဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသော ATOM Power Broadband ဝန်ဆောင်မှုများအပေါ် မူတည်၍ ဆုံးဖြတ်သတ်မှတ်မည်ဖြစ်ပါသည်။
  • ၃ ရက်စာ ဗီဒီယိုမှတ်တမ်းသိမ်းဆည်းခွင့် အခမဲ့အကျိုးခံစားခွင့်သည် ပရိုမိုးရှင်းအစီအစဉ်အတွင်း ဝယ်ယူထားသော အကျုံးဝင်သည့် Camera အတွက်သာ ဖြစ်ပြီး ATOM မှ သီးခြား(သို့) အထူးတလည်ဖော်ပြထားခြင်းမရှိပါက အကောင့်တစ်ခုတည်းဖြင့် ချိတ်ဆက်အသုံးပြုနေသော အခြား Camera များအတွက် အလိုအလျောက် ခံစားခွင့်ရရှိမည်မဟုတ်ပါ။
  • ပရိုမိုးရှင်းအကျိုးခံစားခွင့်များကို အခြားသူတစ်ဦးထံ လွှဲပြောင်းပေးခြင်း သို့မဟုတ် ငွေသားအဖြစ် လဲလှယ်ခြင်း မပြုလုပ်နိုင်ပါ။
  • ATOM မှ သီးခြားခွင့်ပြုထားခြင်းမရှိပါက ဤပရိုမိုးရှင်းအစီအစဉ်ကို အခြားပရိုမိုးရှင်းအစီအစဉ်များနှင့် ပေါင်းစပ်ခံစားခွင့်မရှိပါ။
  • သုံးစွဲသူသည် အခြား သိမ်းဆည်းခွင့် ပက်ကေ့ချ်များကို ထပ်မံဝယ်ယူပါက ဝယ်ယူသော ပက်ကေ့ချ်သည် အထက်ပါ ပရိုမိုးရှင်းခံစားခွင့်ရှိသော ပက်ကေ့ချ်ကို overwrite လုပ်သွားမည်ဖြစ်ပါသောကြောင့် ပရိုမိုးရှင်းခံစားခွင့်သည် အလိုအလျောက် ပျက်ပြယ်မည်ဖြစ်ပါသည်။
  • ပရိုမိုးရှင်းအကျိုးခံစားခွင့်များကို ရယူရန် အခြားလိုအပ်သောအဆင့်များရှိပါက သတ်မှတ်ထားသော ပရိုမိုးရှင်းကာလအတွင်း အပြီးသတ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
  • ATOM သည် သက်ဆိုင်ရာ မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဤပရိုမိုးရှင်းအစီအစဉ်ကို ပြင်ဆင်ခြင်း၊ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် အဆုံးသတ်ခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိပါသည်။

မကြာခဏမေးသောမေးခွန်းများ

ATOM အသုံးပြုသူများအတွက် မှတ်ချက်

  • အင်တာနက်ဝန်ဆောင်မှုအားလုံးအတွက် ကုန်သွယ်လုပ်ငန်းခွန် ၁၅% ကျသင့်မည်ဖြစ်သည်။ On-net စာတို အကျိုးခံစားခွင့် 3000 သည် သင့်တင့်မျှတစွာ အသုံးပြုမှုမူဝါဒ အကျုံးဝင်မည်ဖြစ်ပြီး၊ သတ်မှတ်ထားသော နေ့စဉ်အသုံးပြုမှုကို ကျော်လွန်ပါက ပုံမှန်နှုန်းထားအတိုင်း ကောက်ခံမည်ဖြစ်သည်။

© 2026 ATOM Business မှ မူပိုင်ခွင့်အားလုံး ရယူထားသည်။

ဆက်သွယ်ရန် : +၉၅၉၇၈၀၀၀၈၀၈၀ ၊ ၈၀၈၀ (ATOM အသုံးပြုသူများ)