တန်ဆောင်တိုင်မှာ မြန်နှုန်းမြင့်အင်တာနက်ကို အတန်ဆုံးအသုံးပြုနိုင်ဖို့ ATOM Power Fiber တန်ဆောင်တိုင်အထူးပက်ကေ့ချ် 🎉
✨ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း နေ့စဉ်အင်တာနက်အသုံးပြုမှုတွေကို ပိုမိုအဆင်ပြေချောမွေ့စေဖို့ ATOM Power Fiber ရဲ့ တန်ဆောင်တိုင်အထူးပက်ကေ့ချ်ကို ရယူနိုင်ပြီဖြစ်ပါတယ်။ 100 Mbps မြန်နှုန်းမြင့်အင်တာနက်ကို တစ်လလျှင် ၃၅,၀၀၀ ကျပ်နှုန်းနဲ့ အသုံးပြုနိုင်မှာဖြစ်လို့ အင်တာနက်အသုံးပြုမှုအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်စေမှာပါ။
ပရိုမိုးရှင်းအကြောင်းအရာအသေးစိတ်
ATOM Power Fiber ရဲ့ တန်ဆောင်တိုင်အထူးပက်ကေ့ချ်မှာ 100 Mbps မြန်နှုန်းမြင့်အင်တာနက်ကို တစ်လလျှင် ၃၅,၀၀၀ ကျပ်နှုန်းနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဒီပရိုမိုးရှင်းမှာ ၁၂ လစာ ပက်ကေ့ချ်ကို တစ်ကြိမ်တည်း ဝယ်ယူသူများသာ ပါဝင်နိုင်မှာဖြစ်ပြီး တစ်လလျှင် ၃၅,၀၀၀ ကျပ်နှုန်းဖြင့် တစ်နှစ်စာအတွက် စုစုပေါင်း ၄၂၀,၀၀၀ ကျပ်နဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ 🎁
📌 အထူးသတိပြုရန်
ရန်ကုန်မြို့အတွင်းရှိ သတ်မှတ်မြို့နယ်များတွင်သာ ဝယ်ယူအသုံးပြုနိုင်ပါတယ်။
၁၂ လစာ 100 Mbps ပက်ကေ့ချ်ကို တစ်ကြိမ်တည်း ဝယ်ယူမှုအတွက်သာ ပရိုမိုးရှင်းအကျုံးဝင်မှာဖြစ်ပါတယ်။
🏮✨ ဒီတန်ဆောင်တိုင်ပွဲတော်ကာလမှာ မိသားစုဝင်တွေနဲ့ ချစ်ခင်ရသူတွေအတူ အမှတ်တရအခိုက်အတန့်တွေကို မျှဝေရင်း မြန်နှုန်းမြင့်အင်တာနက်ကို အတန်ဆုံးအသုံးပြုနိုင်ဖို့ ATOM Power Fiber ရဲ့ တန်ဆောင်တိုင်အထူးပက်ကေ့ချ်ကို အခုပဲ ရယူလိုက်ပါ။
ATOM Power Fiber 100Mpbs 12 months တန်ဆောင်တိုင် အထူးပက်ကေ့ချ် စည်းကမ်းသတ်မှတ်ချက်များ
ပရိုမိုးရှင်း ကာလ
၂၀ ရက် နိုဝင်ဘာလ ၂၀၂၆ မှ ၃၀ ရက် နိုဝင်ဘာလ ၂၀၂၆ အထိ
အကျုံးဝင်သူများ
- ရန်ကုန်မြို့ရှိ သတ်မှတ်ထားသော ဝန်ဆောင်မှုဧရိယာများမှ ATOM Power Fiber Customer အသစ် (New Acquisition) များနှင့် သက်တမ်းတိုး (Renewal) ပြုလုပ်သော Customer များသာ အကျုံးဝင်ပါသည်။
ပရိုမိုးရှင်း အစီအစဉ်
- ရရှိမည့် အကျိုးခံစားခွင့် : 100 Mbps မြန်နှုန်းကို အထူးစျေးနှုန်းဖြင့် အသုံးပြုနိုင်ခြင်း
- ရရှိပုံ : အကျုံးဝင်သော ပက်ကေ့ချ်ကို ဝယ်ယူခြင်း သို့မဟုတ် Renewal ပြုလုပ်ပြီးနောက် အလိုအလျောက် အကျုံးဝင်မည်။
- အကျုံးဝင်ရန် လိုအပ်ချက် : သတ်မှတ်ထားသော ATOM Power Fiber 100Mbps ၁၂ လ ပက်ကေ့ချ်ကို ဝယ်ယူရမည်။
- အသုံးပြုနိုင်သည့် ဧရိယာ : ရန်ကုန်မြို့ရှိ သတ်မှတ်ထားသော နေရာ (Coverage Area) များတွင်သာ အကျုံးဝင်ပါသည်။
အကျိုးခံစားခွင့် စည်းကမ်းများ
- သတ်မှတ်ထားသော ATOM Power Fiber 100Mbps ၁၂ လ ပက်ကေ့ချ်အတွက်သာ အကျုံးဝင်ပါသည်။
- Claim ပြုလုပ်ရန် မလိုအပ်ဘဲ အလိုအလျောက် ရရှိမည်ဖြစ်ပါသည်။
အထွေထွေ စည်းကမ်းများ
- ဝန်ဆောင်မှုရရှိနိုင်မှု (Service Availability) အပေါ် မူတည်ပါသည်။
- ထပ်ဆောင်အပိုသုံး ကံစမ်းခွင့် နှင့် တွဲဖက်အသုံးပြု၍ မရပါ။
- အကျုံးဝင်သော Coverage Area ပြင်ပရှိ Customer များသည် မိမိဝယ်ယူထားသော ပက်ကေ့ချ်၏ မူလနှုန်းအတိုင်းသာ အသုံးပြုနိုင်မည်ဖြစ်သည်။
- ATOM သည် ပရိုမိုးရှင်းအား ပြင်ဆင်ခြင်း၊ ရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်နားခြင်းများကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။