ATOM Power Wireless ဝန်ဆောင်မှုကို ATOM LTE/4G Network ရရှိနိုင်သော နေရာများတွင်သာ အသုံးပြုနိုင်ပါသည်။ ဝန်ဆောင်မှုကို အသုံးပြုနိုင်/မပြုနိုင်ကို စစ်ဆေးရန် ATOM POWER Broadband - Check Service Available သို့ ဝင်ရောက်ပြီး မြေပုံပေါ်တွင် သင်ဝန်ဆောင်မှုတပ်ဆင်လိုသော တည်နေရာအတိအကျကို Pin ထောက်၍ ဝန်ဆောင်မှုရနိုင်/မရနိုင် ကို စစ်ဆေးနိုင်ပါသည်။
မရနိုင်ပါ။ ATOM Power Wireless သည် သတ်မှတ်ထားသော နေရာတွင်သာ အသုံးပြုနိုင်သည့် ကြိုးမဲ့အင်တာနက် ဝန်ဆောင်မှုဖြစ်သောကြောင့် မှတ်ပုံတင်ထားသော လိပ်စာတွင်သာ အသုံးပြုနိုင်ပါတယ်။ အခြားနေရာသို့ ရွှေ့ပြောင်းပြီး အသုံးပြု၍ မရပါ။
• နီးစပ်ရာ ATOM အရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူခြင်း၊ • နီးစပ်ရာ ATOM အရောင်းကိုယ်စားလှယ်များထံမှ တစ်ဆင့်ဝယ်ယူခြင်း၊ • ATOM Power Broadband Website (powerbroadband.atom.com.mm/my) သို့မဟုတ် • ATOM Power App မှတစ်ဆင့် ဝယ်ယူလျှောက်ထားခြင်းတို့ပြုလုပ်နိုင်ပါသည်။
လိုအပ်ပါတယ်။ ATOM Power Wireless ဝယ်ယူရန် အောက်ပါအချက်အလက်များကို ပေးအပ်ရပါမယ်။ • နိုင်ငံသားစိစစ်ရေးကတ် (NRC) သို့မဟုတ် Passport • ဆက်သွယ်ရန် ဖုန်းနံပါတ် • တပ်ဆင်အသုံးပြုမည့် လိပ်စာ
စာရင်းသွင်းရန် အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ • နီးစပ်ရာ ATOM အရောင်းဆိုင်များ • နီးစပ်ရာ ATOM အရောင်းကိုယ်စားလှယ်များ • ATOM Power Broadband Website (powerbroadband.atom.com.mm/my) သို့မဟုတ် • ATOM Power App မှတစ်ဆင့် ပြုလုပ်နိုင်ပါသည်။
အခက်အခဲတစ်စုံတစ်ရာရှိပါက ATOM Business Call Center : 8080 (ATOM နံပါတ်ဖြင့်), 09780008080 (အခြားအော်ပရေတာနံပါတ်ဖြင့်) သို့ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါသည်။
Normal Data Add-on (up to 10Mbps speed plan) အတွက် Base Plan ကို အရင်အသုံးပြုပြီးနောက် Add-on ပက်ကေ့ချ် ကို ဆက်လက်အသုံးပြုမည်ဖြစ်သည်။ Unlimited Speed Add-on အတွက် Add-on Dataကို အရင်အသုံးပြုပြီးနောက် Base Plan ကို ဆက်လက်အသုံးပြုမည်ဖြစ်ပါတယ်။
Add-on Data ၏ သက်တမ်းသည် ဝယ်ယူထားသော ပက်ကေ့ချ် အပေါ် မူတည်၍ ကွာခြားနိုင်ပါသည်။ Promotion Add-on များမှ အသုံးမပြုရသေးသော Data ကို သက်တမ်းတိုး၍ မရပါ။ Regular Add-on များမှ အသုံးမပြုရသေးသော Data ကို Base Plan ၏သက်တမ်းအတိုင်း သက်တမ်းတိုးနိုင်ပါသည်။ (၁ ရက်သက်တမ်းရှိသော Add-on Package များ မပါဝင်ပါ)
Wireless Service ကို နေရာပြောင်းရွှေ့အသုံးပြုရန် ရွေးချယ်စရာ ၂ မျိုး ရှိပါသည်။ နည်းလမ်း 1: ATOM POWER Broadband - Shop သို့ Login ဝင်ပြီး “Relocation Request” Page မှတစ်ဆင့် ပြောင်းရွှေ့လိုသော နေရာကို ရွေးချယ်တင်ပြနိုင်ပါသည်။ နည်းလမ်း 2: ATOM Power Broadband Call Center ကို ဆက်သွယ်၍ သင့် IMEI Number ကို ပေးပြီး ဝန်ဆောင်မှု နေရာပြောင်းရွှေ့ရန် တောင်းဆိုနိုင်ပါသည်။
All internet services will be subject to commercial tax of 15%.
3000 On-net SMS fair usage policy applied for SMS benefit
usage beyond daily fair usage policy will charge with
standard rate.