အမေးများသောမေးခွန်းများ
EN
ATOM Power MiniPro ဆိုတာ ဘာလဲ?
ATOM Power MiniPro သည် အက်တမ် ဆင်းမ်ကတ်ကို အသုံးပြု၍ စက်ပစ္စည်းအများအပြားသို့ အင်တာနက်ဝန်ဆောင်မှု မျှဝေပေးနိုင်သည့် သယ်ဆောင်ရလွယ်ကူသော 4G Pocket Wi-Fi စက်ပစ္စည်းဖြစ်ပါသည်။
ATOM Power MiniPro ၏ စျေးနှုန်းသည် မည်မျှဖြစ်ပါသလဲ?
ATOM Power MiniPro ၏ ရောင်းချစျေးနှုန်းမှာ ၁၅၅,၀၀၀ ကျပ် (အခွန်အပါအဝင်) ဖြစ်ပါသည်။
ATOM Power MiniPro တွင် အခြားအော်ပရေတာ ဆင်းမ်ကတ်များ အသုံးပြုနိုင်ပါသလား?
မရပါ။ ATOM Power MiniPro သည် အက်တမ် ဆင်းမ်ကတ်ဖြင့်သာ အသုံးပြုနိုင်ပြီး အခြားအော်ပရေတာ SIM ကဒ်များကို အသုံးပြုနိုင်မည် မဟုတ်ပါ။
ATOM Power MiniPro တွင် မည်သည့် အက်တမ် ဆင်းမ်ကတ်ကိုမဆို အသုံးပြုနိုင်ပါသလား?
အသုံးပြုနိုင်ပါသည်။ Active ဖြစ်နေသော အက်တမ် B2C ဆင်းမ် နှင့် B2B ဆင်းမ် များအားလုံးကို ATOM Power MiniPro တွင် အသုံးပြုနိုင်ပါသည်။
ATOM Power MiniPro ဝယ်ယူပါက မည်သည့်အကျိုးခံစားခွင့် ရရှိမည်နည်း?
ATOM Power MiniPro ဝယ်ယူသုံးစွဲသူများသည် 30GB Welcome Data Bundle ကို ရယူနိုင်မည်ဖြစ်ပါသည်။
30GB Welcome Data Bundle ကို မည်သို့ ရယူနိုင်ပါသလဲ?
စက်ဘူးပေါ်ရှိ QR Code ကို Scan ဖတ်ပြီး Device IMEI Number ကို ဖြည့်သွင်းကာ ဖော်ပြထားသော လုပ်ငန်းစဉ်အတိုင်း Data Bundle ကို ရယူနိုင်ပါသည်။အဆင့် ၁: ဘူးပေါ်ရှိ QR Code ကို Scan ဖတ်ပြီး Claim Page သို့ ဝင်ပါ။အဆင့် ၂: IMEI Number, SMS မှ ရရှိသော Redeem Code နှင့် ATOM SIM Number ကို ထည့်သွင်းပါ။အဆင့် ၃: Claim ကို နှိပ်ပါ။အဆင့် ၄: အတည်ပြု SMS ကို လက်ခံရရှိပါမည်။အဆင့် ၅: ATOM Store App / My Account တွင် 30GB Data Bundle ရရှိထားကြောင်း စစ်ဆေးပါ။
30GB Welcome Data Bundle ၏ သက်တမ်းမှာ မည်မျှဖြစ်ပါသလဲ?
30GB Welcome Data Bundle သည် Welcome Data claim ရယူသည့် နေ့မှစ၍ ရက် (၆၀) အထိ အသုံးပြုနိုင်ပါသည်။
Welcome Data Bundle ကို တစ်ကြိမ်ထက်ပို၍ ရယူနိုင်ပါသလား?
မရပါ။ ATOM Power MiniPro စက်တစ်လုံးလျှင် Welcome Data Bundle ကို တစ်ကြိမ်သာ ရယူနိုင်ပါသည်။
ATOM Power MiniPro ၏ အာမခံသက်တမ်းမှာ မည်မျှဖြစ်ပါသလဲ?
ATOM Power MiniPro တွင် (၆) လ စက်ပစ္စည်းအာမခံ ပါဝင်ပြီး စက်ရုံထုတ်လုပ်မှု ချို့ယွင်းချက်များနှင့် Hardware ဆိုင်ရာ ပြဿနာများအတွက် အကျုံးဝင်ပါသည်။
ဝိုင်ဖိုင်ချိတ်ဆက်ရန်လိုအပ်သော Wi-Fi Key ကို ဘယ်မှာ ရှာတွေ့နိုင်ပါသလဲ?
ဝိုင်ဖိုင်ချိတ်ဆက်ရန်လိုအပ်သော Wi-Fi Key ကို စက်၏ နောက်ဘက် အဖုံး ကိုဖွင့်ပြီး Label ပေါ်တွင် တွေ့ရှိနိုင်ပါသည်။
Device ၏ မူလသတ်မှတ်ထားသော Settings များကို မည်သို့ ပြောင်းလဲနိုင်သနည်း?
Device ၏ မူလသတ်မှတ်ထားသော Settings များကို ပြောင်းလဲရန် Device Manager Website ထဲသို့ ဝင်ရပါမည်။ ဝင်ရောက်ရန်အတွက် စက်၏ နောက်ဘက် အဖုံး ကိုဖွင့်ပြီး Label ပေါ်တွင် ဖော်ပြထားသော Device Manager Website IP Address (ဥပမာ - 192.168.x.x) နှင့် Password ကို စစ်ဆေးပါ။ ထို့နောက် Web Browser တွင် IP Address ကို ရိုက်ထည့်ပြီး Label တွင် ဖော်ပြထားသော Password ဖြင့် Login ဝင်ပြီးနောက် Device Settings များကို ကြည့်ရှုနိုင်ပြီး လိုအပ်သလို ပြင်ဆင်ပြောင်းလဲနိုင်ပါသည်။ ATOM Power MiniPro စက်တစ်လုံးတွင် အများဆုံး စက်ပစ္စည်း ၁၆ လုံးအထိ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ ချိတ်ဆက်နိုင်သော စက်အရေအတွက်ကို Wi-Fi Setting အတွင်းရှိ "Max Station Number" တွင် ပြောင်းလဲသတ်မှတ်နိုင်ပါသည်။
Wi-Fi အမည် (SSID) ကို တွေ့ပြီး ချိတ်ဆက်မရပါက ဘာလုပ်ရမလဲ?
အောက်ပါအချက်များကို စစ်ဆေးပေးပါ။- Wi-Fi Function ဖွင့်ထားကြောင်း သေချာစစ်ဆေးပါ။- Wi-Fi List ကို Refresh ပြုလုပ်ပြီး မှန်ကန်သော Wi-Fi Name (SSID) ကို ရွေးချယ်ပါ။- Device တွင် IP Address ကို Automatic (DHCP) ရယူနိုင်ရန် စစ်ဆေးပါ။- Wi-Fi Password ကို မှန်ကန်စွာ ထည့်သွင်းထားကြောင်း စစ်ဆေးပါ။- မရသေးပါက Device နှင့် အသုံးပြုနေသော Phone / Laptop ကို Restart ပြုလုပ်ပြီး ပြန်လည်ချိတ်ဆက်ကြည့်ပါ။
Wi-Fi ချိတ်ဆက်ထားသော်လည်း Internet အသုံးပြုမရပါက ဘာလုပ်ရမလဲ?
အောက်ပါအချက်များကို စစ်ဆေးပေးပါ။- SIM ကဒ်ကို မှန်ကန်စွာ ထည့်သွင်းထားကြောင်း စစ်ဆေးပါ။- Signal ကောင်းမွန်သည့် နေရာသို့ ပြောင်းရွှေ့အသုံးပြုကြည့်ပါ။- Device ကို Restart ပြုလုပ်ပြီး ပြန်လည်စမ်းသပ်ပါ။
အကူအညီ သို့မဟုတ် အချက်အလက်များ ထပ်မံရယူလိုပါက မည်သို့ ဆက်သွယ်နိုင်ပါသလဲ?
ATOM Power Broadband Call Center : 8080 (ATOM ဖုန်းဖြင့်သာ), 09780008080 (အခြား Operator ဖုန်းများဖြင့်) သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
© 2026 All rights reserved by ATOM Business.
Contact Us : + 959780008080 , 8080 ( ATOM User )