အမေးများသောမေးခွန်းများ
EN
ဝန်ဆောင်မှုတည်နေရာပြောင်းရွှေ့ လိုပါက မည်သို့လုပ်ဆောင်ရမည်နည်း။
ATOM Power FlexiNet အားတည်နေရာပြောင်းရွှေ့ ရန် ရွေးချယ်စရာနှစ်မျိုးရှိပါသည်။ (၁) broadband.atom.com.mm တွင် သင်၏အကောင့်အား လောခ့်ဝင်ပါ။ “တည်နေရာပြောင်းရွှေ့ရန်” စာမျက်နှာ ဆီသို့သွားပြီး နှစ်သက်ရာ တည်နေရာအသစ်အား ရွေးချယ်ပါ။ (၂) ATOM Power Broadband Call Center အား ဆက်သွယ်ပြီး မိမိ၏လိုင်းနံပါတ်အားပေးကာ ဝန်ဆောင်မှုတည်နေရာပြောင်းရွှေ့ ရန် တောင်းဆိုပါ။
ဝန်ဆောင်မှုတည်နေရာပြောင်းရွှေ့ ရန် ဘယ်နှစ်ကြိမ်တောင်းဆိုနိုင်သနည်း။
သုံးလတစ်ကြိမ် ဝန်ဆောင်မှုတည်နေရာပြောင်းရွှေ့ရန် တောင်းဆိုနိုင်ပါသည်။
တည်နေရာပြောင်းရွှေ့ရန် ဘယ်နှစ်ရက်ကြိုတင်အကြောင်းကြား လျှောက်ထားရမည်နည်း။
တည်နေရာပြောင်းရွှေ့မည့်ရက်မတိုင်မီ အနည်းဆုံးတစ်ရက်ကြိုတင်အကြောင်းကြား လျှောက်ထားရပါမည်။
သတ်မှတ်ထားသောနေ့တွင် လိပ်စာအသစ်သို့ မပြောင်းရွှေ့မိပါက မည်သို့ဖြစ်မည်နည်း။
သတ်မှတ်ထားသောနေ့တွင် လိပ်စာအသစ်သို့ မပြောင်းရွှေ့မိပါက ဝန်ဆောင်မှုသည် အလုပ်လုပ်မည်မဟုတ်ပါ။
တည်နေရာပြောင်းရွှေ့မှုအတွက် ဝန်ဆောင်ခပေးဆောင်ရမည်လား။
ဝန်ဆောင်မှုတည်နေရာပြောင်းရွှေ့ မှုအတွက် ထပ်ဆောင်းကောက်ခံမှု မရှိပါ။
အတည်ပြုပြီးနောက် တည်နေရာပြောင်းရွှေ့ မှုရက်အား ပြောင်းလဲ၍ရနိုင်ပါသလား။
တည်နေရာပြောင်းရွှေ့ မှုရက် အတည်ပြုပြီးသည်နှင့် ပြောင်းလဲ၍မရနိုင်ပါ။
ATOM Power FlexiNet အားမည်သည့်နေရာတွင်ဝယ်ယူနိုင်သနည်း။
Broadband ဝဘ်ဆိုဒ် (broadband.atom.com.mm) ၊ နီးစပ်ရာ အက်တမ်အရောင်းကိုယ်စားလှယ်များ (သို့) အက်တမ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။
မိမိတည်နေရာတွင် ဝန်ဆောင်မှုရနိုင်/ မရနိုင် အဘယ်ကြောင့်စစ်ဆေးသင့်သနည်း။
ကျွန်ုပ်တို့၏ဝန်ဆောင်မှုသည် LTE/4G ကွန်ရက်ရရှိနိုင်သော နေရာများတွင်သာ အသုံးပြုနိုင်ခြင်းဖြစ်သဖြင့် ဝန်ဆောင်မှုရနိုင် / မရနိုင်ကို စစ်ဆေးခြင်းဖြင့် ဝန်ဆောင်မှုကို သေချာအသုံးပြုနိုင်မည်ဖြစ်ပါသည်။
ဝန်ဆောင်မှုရရှိနိုင်မှုကို မည်သို့စစ်ဆေးနိုင်မည်နည်း။
broadband.atom.com.mm/check-coverage သို့ဝင်ရောက်ပြီး မြေပုံပေါ် တွင် မိမိ၏တည်နေရာအတိအကျကို ရွေးချယ်ကာ ဝန်ဆောင်မှုရနိုင်/ မရနိုင်ကို စစ်ဆေးနိုင်ပါသည်။
စာရင်းပေးသွင်းထားသော တည်နေရာမဟုတ်သည့် လိပ်စာတွင် ဝန်ဆောင်မှုအသုံးပြုနိုင်ပါမည်လား။
စာရင်းပေးသွင်းထားသော တည်နေရာ၌သာ ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။
အွန်လိုင်းမှာယူမှုအတွက် မည်သည့် ငွေပေးချေမှုနည်းလမ်းများ ရှိသနည်း။
အက်တမ်မိုဘိုင်းလ်လက်ကျန်ငွေ၊ ATOM Power App ၊ ဒီဂျစ်တယ်ဘဏ်လုပ်ငန်း (သို့) “နီးစပ်ရာဆိုင်၌ ငွေပေးချေမည်” နည်းလမ်းဖြင့် ငွေပေးချေနိုင်ပါသည်။ နည်းလမ်းအဆင့်ဆင့်အတွက် ကျေးဇူးပြု၍ https://bit.ly/ATOMPayGuide. သို့ဝင်ရောက်ပါ။
မှာယူမှုအား ပယ်ဖျက်နိုင်ပါသလား။
မပယ်ဖျက်နိုင်ပါ ၊ ငွေပေးချေမှုလုပ်ငန်းပြီးဆုံးသွားသည်နှင့် မှာယူမှုများအား ပယ်ဖျက်၍မရနိုင်ပါ။
စာရင်းပေးသွင်းပြီးနောက် မှာယူမှုသည် ချက်ချင်းအတည်ပြုပြီးဖြစ်ပါသလား။
မဖြစ်ပါ ၊ ငွေပေးချေမှုအောင်မြင်ပြီးမှသာလျှင် မှာယူမှုအား အတည်ပြုမည်ဖြစ်သည်။
မှာယူမှုအား ပို့ဆောင်ရန် အချိန်မည်မျှကြာသနည်း။
ငွေပေးချေပြီးနောက် အနည်းဆုံး ရုံးဖွင့်ရက် ၃ ရက်အတွင်း ပို့ဆောင်ပေးပါသည်။
ပို့ဆောင်ခမှာ မည်မျှနည်း။
ပို့ဆောင်ခမှာ အခမဲ့ ဖြစ်ပါသည်။ .
ပိတ်ရက်နှင့် အစိုးရရုံးပိတ်ရက်များတွင်ပါ အက်တမ်သည် ပို့ဆောင်ပေးပါသလား။
အက်တမ်၏ပို့ဆောင်မှုသည် ပိတ်ရက်နှင့် အစိုးရရုံးပိတ်ရက်များတွင်ပါ ပို့ဆောင်ပေးပါသည်။
မှာယူမှုအား အတည်ပြုကြောင်း မည်သို့ရရှိမည်နည်း။
ပို့ဆောင်သည့်အခါ မှာယူမှုအား အတည်ပြုကြောင်း ပြေစာပေးပို့သွားမည်ဖြစ်ပါသည်။
ATOM Power FlexiNet ကိုရရှိပြီးနောက် မည်သို့လုပ်ဆောင်ရမည်နည်း။
ATOM Power FlexiNet ဝန်ဆောင်မှုအား စတင်အသုံးပြုရန် အောက်ပါနည်းလမ်းများလုပ်ဆောင်နိုင်ပါသည် - နည်းလမ်း (၁) - ATOM Power FlexiNet ဆင်းမ်အား သင်၏ဝိုင်ဖိုင်စက်ထဲ ထည့်ပြီး အင်တာနက်ဖြင့် ချိတ်ဆက်ပါ။ သင်၏ဝန်ဆောင်မှုအား စတင်ရန် pop-up တစ်ခုပေါ် လာပါလိမ့်မည်။ နည်းလမ်း (၂) - အက်တမ်အရောင်းကိုယ်စားလှယ်များအား ဆက်သွယ်ပြီး ဝန်ဆောင်မှုအား စတင်ဖို့ ကူညီရန် တောင်းဆိုနိုင်ပါသည်။
လျှောက်တင်ထားသော စာရွက်စာတမ်းများ မှားယွင်းနေပါက မည်သို့ဖြစ်မည်နည်း။
သင်၏ကိုယ်ရေးအချက်အလက်များနှင့် မကိုက်ညီသော စာရွက်စာတမ်းများအား လျှောက်တင်ထားပါက စာတို (သို့) အီးမေးလ် အသိပေးချက် လက်ခံရရှိမည်ဖြစ်ပါသည်။ မှန်ကန်သောစာရွက်စာတမ်းများ မပေးပို့မချင်း ဝန်ဆောင်မှုအား ရပ်ဆိုင်းသွားပါမည်။
လျှောက်တင်ထားသော စာရွက်စာတမ်းများ ပယ်ချခံရကြောင်း စာတိုရရှိပါက မည်သို့လုပ်ဆောင်ရမည်နည်း။
ဝန်ဆောင်မှုအား ဆက်လက်ရယူရန် မှန်ကန်သော စာရွက်စာတမ်းများ ထပ်မံတင်ဖို့ လိုအပ်ပါမည်။
ဝန်ဆောင်မှုသက်တမ်းကုန်ဆုံးကြောင်း မည်သို့သိရှိနိုင်မည်နည်း။
ဝန်ဆောင်မှုသက်တမ်းကုန်ဆုံးခါနီး ( ၃ ရက်အလို ၊ ၁ ရက်အလို နှင့် သက်တမ်းကုန်ဆုံးမည့်ရက်) တွင် စာတိုနှင့် အီးမေးလ်လ်တို့မှတစ်ဆင့် အသိပေးစာ ပို့ဆောင်သွားမည်ဖြစ်ပါသည်။ ထို့အပြင် Broadband Customer Portal (broadband.atom.com.mm) သို့မဟုတ် ATOM Power App တို့မှတစ်ဆင့် သင်၏ဝန်ဆောင်မှုသက်တမ်းအား စစ်ဆေးနိုင်ပါသည်။
ဒေတာ Pack များအား မည်သို့ဝယ်ယူနိုင်မည်နည်း။
အက်တမ်မိုဘိုင်းလ်လက်ကျန်ငွေ၊ ATOM Power App ၊ ဒီဂျစ်တယ်ဘဏ်လုပ်ငန်း သို့မဟုတ် နီးစပ်ရာဆိုင်တွင် ပေးချေမည် လုပ်ဆောင်ချက်ဖြင့် ပေးချေကာဝယ်ယူနိုင်ပါသည်။ အဆင့်ဆင့်လုပ်ဆောင်ချက်အတွက် ကျေးဇူးပြုပြီး https://bit.ly/ATOMPayGuide.သို့ဝင်ရောက်ပါ။
ATOM Power FlexiNet Pack နှစ်ခုအား မတူညီသည့်ရက်နှစ်ရက်တွင် ဝယ်ယူလိုက်ပါက သက်တမ်းကုန်ဆုံးမည့်ရက်အား မည်သို့တွက်ချက်မည်နည်း။
ATOM Power FlexiNet Pack တို့အား မတူညီသည့်ရက်တို့တွင် ဝယ်ယူပါက သက်တမ်းအရှည်ဆုံး Pack ၏ကုန်ဆုံးရက်အတိုင်း အလိုအလျောက်သက်တမ်းတိုးပေးသွားမှာဖြစ်ပြီး လက်ကျန်ဒေတာများကိုလည်း ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ပါသည်။
ဝန်ဆောင်မှုသက်တမ်းကုန်ဆုံးသွားပါက မည်သို့ဖြစ်မည်နည်း။
သက်တမ်းကုန်ဆုံးပါက ပြန်လည်သက်တမ်းမတိုးမချင်း ဝန်ဆောင်မှုသည် ရပ်တန့်သွားမည်ဖြစ်သည်။
© 2026 All rights reserved by ATOM Business.
Contact Us : + 959780008080 , 8080 ( ATOM User )