အမေးများသောမေးခွန်းများ
EN
ATOM Power Fiber အင်တာနက်အား မည်သည့်နေရာတွင်ဝယ်ယူရမည်နည်း။
ATOM Power Fiber အင်တာနက်အား တရားဝင် ဝဘ်ဆိုဒ်ဖြစ်သော broadband.atom.com.mm တွင်ဝယ်ယူနိုင်သလို ၊ အနီးအနားရှိ အက်တမ်အရောင်းကိုယ်စားလှယ်များ (သို့) အက်တမ်အရောင်းဆိုင်များတွင်လည်း ဝယ်ယူနိုင်ပါသည်။ ဝယ်ယူသည့်အခါ ၎င်တရားဝင် ဝက်ဘ်ဆိုက်တွင် အကောင့်ဖွင့်ရန် လိုအပ်ကြောင်း သတိပြုပါ။
မိမိတည်နေရာတွင် ဝန်ဆောင်မှုရှိ / မရှိ စစ်ဆေးရန် မည်သည့်အတွက်ကြောင့် လိုအပ်ပါသနည်း။
ဝန်ဆောင်မှုရှိ/မရှိ ကြိုတင်စစ်ဆေးခြင်းဖြင့် သင့်တည်နေရာတွင် ATOM Power Fiber အင်တာနက် တပ်ဆင်နိုင်/ မနိုင် သေချာသိနိုင်ပါသည်။
မိမိနေထိုင်ရာ နေရာအနီးတဝိုက်တွင် ဝန်ဆောင်မှုရှိ/မရှိ မည်သို့ စစ်ဆေးနိုင်မည်နည်း။
ဝန်ဆောင်မှု ရှိ/ မရှိကို https://broadband.atom.com.mm/check-coverage လင့်ခ်သို့ ဝင်ရောက်ပြီး သင့်တည်နေရာအတိအကျကို မြေပုံပေါ်တွင် ထောက်ပြကာ စစ်ဆေးနိုင်ပါသည်။
ဝန်ဆောင်မှုတပ်ဆင်ခြင်းအတွက် ရရှိနိုင်သော ငွေပေးချေမှုနည်းလမ်းများမှာ အဘယ်နည်း။
အောက်ပါနည်းလမ်းများဖြင့် ငွေပေးချေနိုင်ပါသည်
မှာယူမှုအား ပယ်ဖျက်နိုင်ပါသလား။
မပယ်ဖျက်နိုင်ပါ ၊ ငွေပေးချေမှုလုပ်ငန်းပြီးဆုံးသွားသည်နှင့် မှာယူမှုများအား ပယ်ဖျက်၍မရနိုင်ပါ။
လျှောက်တင်ထားသော စာရွက်စာတမ်းများ မမှန်ကန်ပါက မည်သို့ဖြစ်မည်နည်း။
အကယ်၍ လျှောက်တင်ထားသော စာရွက်စာတမ်းများသည် သင်ပေးထားသော အချက်အလက်များနှင့်မကိုက်ညီပါက စာတို (သို့) အီးမေးလ်မှတစ်ဆင့် အသိပေးချက်များ ပေးပို့မည်ဖြစ်ပါသည်။ မှန်ကန်သော စာရွက်စာတမ်း မတင်သွင်းမီအထိ ဝန်ဆောင်မှုအား ခေတ္တရပ်တန့်ထားပါမည်။
လျှောက်လွှာငြင်းပယ်ခံရကြောင်း စာတိုရောက်လာပါက မည်သို့ဆက်လက်ဆောင်ရွက်ရမည်နည်း။
လျှောက်လွှာတင်မှုလုပ်ငန်းစဉ် ဆက်လက်လုပ်ဆောင်ရန်အတွက် မှန်ကန်သော တရားဝင်စာရွက်စာတမ်းအား ပြန်လည်လျှောက်တင်ရန် လိုအပ်ပါသည်။
ATOM Power Broadband ဝန်ဆောင်မှုများကို ဓါတ်အားပြတ်တောက်စဉ်အတွင်း အသုံးပြုနိုင်ပါမည်လား။
အသုံးပြုနိုင်ပါသည်၊ ATOM Power Broadband တွင် ဓါတ်အားပြတ်တောက်စဉ်အတွင်း ၈ နာရီကြာ အထိ ဆက်လက်ဝန်ဆောင်မှုပေးနိုင်သော လုပ်ငန်းတွင်း အရံဓာတ်အားပေးမှုစနစ်ပါရှိပါသည်။ (သတိပြုရန် ။ ။ ဓါတ်အားပြတ်တောက်စဉ်အတွင်း ဝိုင်ဖိုင်အား ဆက်လက်အသုံးပြုနိုင်ရန် မိမိ၏ကိုယ်ပိုင် Router ၌ Backup ပါဝါ (ဥပမာ - UPS) ရှိရမည်မှာ မိမိ၏တာဝန်သာဖြစ်ပါသည်။
ATOM Power Fiber သည် ယခုအသုံးပြုနေသောဝိုင်ဖိုင်နှင့် မည်သို့ကွာခြားပါသနည်း။
ATOM Power Fiber အင်တာနက်သည် သင့်အတွက်သီးသန့် မြန်နှုန်းမြင့်ချိတ်ဆက်မှုအား ပေးစွမ်းနိုင်ရုံသာမက အမြင့်ဆုံးစွမ်းဆောင်ရည်အတွက် သင်၏ စက်အား Router (သို့) ကေဘလ်ဖြင့် တိုက်ရိုက်ချိတ်ဆက်နိုင်ပါသည်။ အထူးသဖြင့် နံရံနှင့် အကွာအဝေးခြားနားမှုများသည် ဝိုင်ဖိုင်အရည်အသွေးအား ကျဆင်းစေနိုင်သည့်အတွက် အက်တမ်၏ ချိတ်ဆက်မှုစနစ်တွင် Router သည် အသုံးပြုသည့် ဧရိယာတစ်ဝိုက်နှင့် ကပ်လျက် တပ်ဆင်ပေး၍ လိုင်းဆွဲအား တိုးတက်ကောင်းမွန်စေပါသည်။ ကွန်ရက်အသုံးပြုသူအရေအတွက်ကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်သည့်အတွက် တည်ငြိမ်သောလိုင်းဆွဲအားကို ရရှိစေမည်ဖြစ်ပါသည်။
ATOM Power Broadband သည် မည်သို့သော အဆင့်မြင့်ဝန်ဆောင်မှုအား ပေးစွမ်းနေပါသနည်း။
ATOM Power Broadband အား မြန်နှုန်း ၁ Gigabit အထိ ပံ့ပိုးပေးထားသော Fiber-optic ချိတ်ဆက်မှုမှတစ်ဆင့် ပို့ဆောင်နေခြင်းဖြစ်သည်။ ထို့ကြောင့် အွန်လိုင်းဂိမ်းကစားခြင်း၊ ရုပ်ရှင်များ (သို့) တီဗီအစီအစဉ်များအားတိုက်ရိုက်ကြည့်ရှုခြင်းတို့အတွက် အသင့်တော်ဆုံး မြန်ဆန်၊ တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသော အင်တာနက်အား ပံ့ပိုးပေးကာ အနာဂတ်ဒီဂျစ်တယ်လိုအပ်ချက်များအား ကိုင်တွယ်ဖြေရှင်းပေးနိုင်ပါသည်။
မည်သို့သော အခြေအနေမျိုးများ၌ စာရင်းပေးသွင်းမှုအား ရပ်ဆိုင်းခံရနိုင် (သို့) ဖျက်သိမ်းခံရနိုင်သနည်း။
သင်၏စာရင်းပေးသွင်းထားမှုသည် သတ်မှတ်ထားသောနေ့ရက်အတွက် ဘေလ်ပေးဆောင်ခြင်း မရှိပါက ရပ်ဆိုင်းခံရနိုင်ပါသည်။ ရပ်ဆိုင်းမှုသည် ရက်ပေါင်း ၆၀ ထိကြာမြင့်ပါက စာရင်းပေးသွင်းထားမှုအား အလိုအလျောက် ဖျက်သိမ်းသွားမည်ဖြစ်ပါသည်။ ထိုသို့သော အခြေအနေမျိုးများတွင် ATOM Power Fiber router စက်နှင့်တကွ အခြားတပ်ဆင်ထားသော ပစ္စည်းများအား စတင်တပ်ဆင်သည့်အချိန်တုန်းကအတိုင်း အပျက်အစီးမရှိ ပြန်လည်ပေးအပ်ရန် လိုအပ်သည်။
ရပ်ဆိုင်းမှု ရက်ပေါင်း ၆၀ ထက်လျော့နည်းသော ကာစတမ်မာများသည်သာ ဝန်ဆောင်မှုအား ပြန်လည်စတင်နိုင်မည်ဖြစ်ပါသည်။
ဝန်ဆောင်မှုအား ပြန်လည်စတင်လိုပါက မည်သို့လုပ်ဆောင်ရမည်နည်း။
<>ရပ်ဆိုင်းမှု ရက်ပေါင်း ၆၀ ထက်လျော့နည်းသော ကာစတမ်မာများသည်သာ ဝန်ဆောင်မှုအား ပြန်လည်စတင်နိုင်မည်ဖြစ်ပါသည်။ ပြန်လည်စတင်ခြင်းလုပ်ငန်းစဉ်အား လျှောက်ထားရန် နည်းလမ်း (၂) မျိုးရှိသည်။
နည်းလမ်း (၁) - ရရှိနိုင်သော ငွေပေးချေမှုချန်နယ်များမှတစ်ဆင့် ဝန်ဆောင်မှုအား သက်တမ်းတိုးပါ။
နည်းလမ်း (၂) - ATOM Power Broadband Call Center သို့ဆက်သွယ်ပြီး ကာစတမ်မာအိုင်ဒီအား ပေးကာ ဝန်ဆောင်မှုအား ပြန်လည်စတင်ရန် လျှောက်ထားပါ။
ငွေပေးချေပြီးနောက် ရပ်ဆိုင်းထားသော ဝန်ဆောင်မှုအား ပြန်လည်ဖွင့်ပေးရန် အချိန်မည်မျှကြာမည်နည်း။
ငွေပေးချေပြီးသည်နှင့် သင်၏ဝန်ဆောင်မှုအား ရုံးချိန် ၄ နာရီအတွင်း ပြန်လည်ဖွင့်ပေးသွားမည်ဖြစ်ပါသည်။
အင်တာနက်ကွန်ရက်သည် မည်မျှထိ တည်ငြိမ်သနည်း။
အင်တာနက်ကွန်ရက်သည် အလွန်တည်ငြိမ်ပြီး သင့် Router စက်ဆီသို့ရောက်သည့် မြန်နှုန်းသည် တစ်သမတ်တည်းဖြစ်သည်။ တစ်စပ်တည်းဖြင့် အသုံးပြုသူအမြောက်အများ ချိတ်ဆက်အသုံးပြုနိုင်သော်လည်း အသုံးပြုသူများလေ တစ်ဦးချင်းစီ၏ အင်တာနက်အတွေ့ အကြုံအား အနည်းငယ်ထိခိုက်နိုင်ပါသည်။
ATOM Power Fiber အင်တာနက်ဝန်ဆောင်မှုသည် အကန့်အသတ်မဲ့ဖြစ်ပါသလား။
ဟုတ်ပါသည်၊ အကန့်အသတ်မရှိဒေတာကို အသုံးပြုနိုင်ပါသည်။ သို့သော် ဝန်ဆောင်မှုအား ဝေမျှခြင်း (သို့) ပြန်လည်ရောင်းချခြင်းတို့အား ခွင့်မပြုပါ။
ATOM Power Broadband ဖြင့် အင်တာနက်ကို မည်မျှထိအသုံးပြုနိုင်သနည်း။
မိမိရွေးချယ်ထားသော မြန်နှုန်းပလန်အလိုက် အင်တာနက်အား စိတ်ကြိုက်အသုံးပြုနိုင်ပါသည်။ ကာစတမ်မာများအားလုံးသည် မိုဘိုင်းလ် (ကြိုးမဲ့) အင်တာနက်အသုံးပြုမှုနှင့် အထိုင် (ကြိုးတပ်) ချိတ်ဆက်မှုနှစ်မျိုးလုံးအား ပံ့ပိုးပေးထားသော ဝိုင်ဖိုင် Router စက်တစ်လုံးကို ရရှိနိုင်မှာဖြစ်ပြီး ကေဘလ်ကြိုးမှတစ်ဆင့် ကွန်ပြူတာများ (သို့) အခြားစက်ပစ္စည်းများနှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
ဝန်ဆောင်မှုအား သုံးစွဲသူအမြောက်အများက တစ်ပြိုင်တည်း အသုံးပြုနိုင်ပါသလား။
ရပါသည်၊ ATOM Power Broadband တွင် မတူညီသောဈေးနှုန်းများဖြင့် မြန်နှုန်းပလန်အမျိုးမျိုးအား ရွေးချယ်နိုင်ပါသည်။ မြန်နှုန်းနှင့် ဈေးနှုန်းပေါ်မူတည်၍ ပလန်တစ်မျိုးချင်းစီသည် တစ်ပြိုင်တည်းအသုံးပြုနိုင်သော လူဦးရေ ကွာခြားနိုင်ပါသည်။
ကာစတမ်မာများအနေဖြင့် ၎င်းတို့၏မြန်နှုန်းအား အဆင့်မြှင့်တင်ခြင်း (သို့) လျှော့ချခြင်းတို့ ပြုလုပ်နိုင်ပါသလား။
ကာစတမ်မာများသည် ဝန်ဆောင်မှု သက်တမ်းတိုးသည့်အခါ မြန်နှုန်းအား မြှင့်တင်နိုင်ပါသည်။ ဝန်ဆောင်မှုသက်တမ်း ရက်ပေါင်း ၉၀ ကျော်လွန်ပြီးမှသာလျှင် မြန်နှုန်းအား လျှော့ချနိုင်မည်ဖြစ်ပါသည်။
အင်တာနက်ဝန်ဆောင်မှု ကြာရှည်စွာ ရပ်တန့်သွားပါက လျော်ကြေးပြန်လည်ရရှိပါသလား။ ကွန်ရက်ကျသွားသည့်အခါ အက်တမ်အနေဖြင့် မည်သို့လုပ်ဆောင်ပေးပါမည်နည်း။
အချိန်တစ်ပတ်ထက် ကျော်လွန်၍ ကွန်ရက်ကျသွားပါက ဝန်ဆောင်မှုရယူထားသော ကာစတမ်မာများသည် လျော်ကြေးရရှိခွင့် ရှိပါသည်။
© 2026 All rights reserved by ATOM Business.
Contact Us : + 959780008080 , 8080 ( ATOM User )